Nicola the Burmese Python ျမန္မာႏုိင္ငံမွာ လာေရာက္ထိုးသတ္မယ့္ ပြဲစဥ္ဇယားထြက္ေပၚလာၿပီ

ျမန္မာ့လက္ေဝွ႔ေလာကကို စတင္ဝင္ေရာက္ထိုးသတ္ေတာ့မယ့္ ၿဗိတိန္သူ ျမန္မာ့ကိုယ္စားျပဳဖိုက္တာမေလး Nicola the Burmese Python ကိုေတာ့ အားလုံးလည္း သိၿပီျဖစ္မယ္ထင္ပါတယ္။ ေမြထိုင္းနဲ႔ ကစ္ေဘာက္ဆင္နယ္ပယ္မွာ ပေရာ္ဖက္ရွင္နယ္ပြဲေတြထိုးသတ္ခဲ့ဖူးသူတစ္ေယာက္ျဖစ္ၿပီး ဆုတံဆိပ္မ်ားစြာရရွိခဲ့ဖူးသူတစ္ေယာက္ပဲျဖစ္ပါတယ္။ Nicola the Burmese Python ကေတာ့ ျမန္မာႏိုင္ငံကျပဳလုပ္တဲ့ WLC(World Lethwei Championship) ၿပိဳင္ပြဲႀကီးကို ဝင္ေရာက္ထိုးသတ္ဖို႔စီစဥ္ခဲ့ၿပီး မၾကာမီျမန္မာႏိုင္ငံသို႔လာေရာက္ထိုးသတ္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

Nicola the Burmese Python ျမန္မာႏုိင္ငံမွာ လာေရာက္ထိုးသတ္မယ့္ ပြဲစဥ္ဇယားထြက္ေပၚလာၿပီ 1

Nicola the Burmese Python ျမန္မာႏုိင္ငံမွာ လာေရာက္ထိုးသတ္မယ့္ ပြဲစဥ္ဇယားထြက္ေပၚလာၿပီ 2

လက္ရွိ Nicola the Burmese Python ပါဝင္ထိုးသတ္မယ့္ ၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး ၿပိဳင္ပြဲ ပြဲစဥ္ဇယားကေတာ့ တရားဝင္ထြက္ရွိခဲ့ပါၿပီ။ အဆိုပါ ၿပိဳင္ပြဲကေတာ့ လာမည္ ေအာက္တိုဘာလ ၄ ရက္ေန႔မွာ မႏၲေလးၿမိဳ႕ရွိ မႏၲလာသီရီအားကစား႐ုံတြင္က်င္းပျပဳလုပ္မွာျဖစ္ၿပီး ျမန္မာနာမည္ႀကီးဖိုက္တာမ်ားစြာနဲ႔အတူ ျပည္ပဖိုက္တာေတြကိုပါ ဖိတ္ေခၚထားေၾကာင္း သိရပါတယ္။

Nicola the Burmese Python ျမန္မာႏုိင္ငံမွာ လာေရာက္ထိုးသတ္မယ့္ ပြဲစဥ္ဇယားထြက္ေပၚလာၿပီ 3

Nicola the Burmese Python ျမန္မာႏုိင္ငံမွာ လာေရာက္ထိုးသတ္မယ့္ ပြဲစဥ္ဇယားထြက္ေပၚလာၿပီ 4

Nicola the Burmese Python ျမန္မာႏုိင္ငံမွာ လာေရာက္ထိုးသတ္မယ့္ ပြဲစဥ္ဇယားထြက္ေပၚလာၿပီ 5

အဆိုပါ ၿပိဳင္ပြဲမွာ Nicola the Burmese Python ကေတာ့ Hungary ႏိုင္ငံသူ BIANKA BALAJTI နဲ႔ ထိုးသတ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ၎ၿပိဳင္ပြဲႀကီးမွာ အဓိကတြဲဆိုင္းျဖစ္တဲ့ ေသြးသစ္ဝင္းလႈိင္ (ေ႐ႊခါးပတ္ခ်န္ပီယံ) ႏွင့္ ဘ႐ုလက္ (ဂ်ာမနီ) Burutlek Petchyindee Academy တို႔အျပင္ ျပည္တြင္း ဖိုက္တာေတြျဖစ္တဲ့ ဖ်ံေသြး နဲ႔ ေ႐ႊရာမာန္တြဲဆိုင္း၊ သေျပညိဳနဲ႔ ရန္ႏိုင္ထြန္တြဲဆိုင္း၊ ရဲေသြးနီ နဲ႔ ေစာမင္းမင္းတြဲဆိုင္းတို႔အျပင္ အျခား ပြဲေကာင္းမ်ားစြာလည္း ပါဝင္ေနေၾကာင္း သိရပါတယ္။ ပရိသတ္အႀကိဳက္ျမန္မာ့လက္ေဝွ႔ပြဲေကာင္းမ်ားစြာပါဝင္ေနတဲ့ FEARLESS TIGERS ပြဲႀကီးကို မွ်ေဝေပးလိုက္ပါတယ္။Myanmarload

Unicode Version

မြန်မာ့လက်ဝှေ့လောကကို စတင်ဝင်ရောက်ထိုးသတ်တော့မယ့် ဗြိတိန်သူ မြန်မာ့ကိုယ်စားပြုဖိုက်တာမလေး Nicola the Burmese Python ကိုတော့ အားလုံးလည်း သိပြီဖြစ်မယ်ထင်ပါတယ်။ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ပွဲတွေထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး ဆုတံဆိပ်များစွာရရှိခဲ့ဖူးသူတစ်ယောက်ပဲဖြစ်ပါတယ်။ Nicola the Burmese Python ကတော့ မြန်မာနိုင်ငံကပြုလုပ်တဲ့ WLC(World Lethwei Championship) ပြိုင်ပွဲကြီးကို ဝင်ရောက်ထိုးသတ်ဖို့စီစဉ်ခဲ့ပြီး မကြာမီမြန်မာနိုင်ငံသို့လာရောက်ထိုးသတ်တော့မှာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ Nicola the Burmese Python ပါဝင်ထိုးသတ်မယ့် ပြိုင်ပွဲနဲ့ပတ်သက်ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယားကတော့ တရားဝင်ထွက်ရှိခဲ့ပါပြီ။ အဆိုပါ ပြိုင်ပွဲကတော့ လာမည် အောက်တိုဘာလ ၄ ရက်နေ့မှာ မန္တလေးမြို့ရှိ မန္တလာသီရီအားကစားရုံတွင်ကျင်းပပြုလုပ်မှာဖြစ်ပြီး မြန်မာနာမည်ကြီးဖိုက်တာများစွာနဲ့အတူ ပြည်ပဖိုက်တာတွေကိုပါ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ Nicola the Burmese Python ကတော့ Hungary နိုင်ငံသူ BIANKA BALAJTI နဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ၎င်းပြိုင်ပွဲကြီးမှာ အဓိကတွဲဆိုင်းဖြစ်တဲ့ သွေးသစ်ဝင်းလှိုင် (ရွှေခါးပတ်ချန်ပီယံ) နှင့် ဘရုလက် (ဂျာမနီ) Burutlek Petchyindee Academy တို့အပြင် ပြည်တွင်း ဖိုက်တာတွေဖြစ်တဲ့ ဖျံသွေး နဲ့ ရွှေရာမာန်တွဲဆိုင်း၊ သပြေညိုနဲ့ ရန်နိုင်ထွန်တွဲဆိုင်း၊ ရဲသွေးနီ နဲ့ စောမင်းမင်းတွဲဆိုင်းတို့အပြင် အခြား ပွဲကောင်းများစွာလည်း ပါဝင်နေကြောင်း သိရပါတယ်။ ပရိသတ်အကြိုက်မြန်မာ့လက်ဝှေ့ပွဲကောင်းများစွာပါဝင်နေတဲ့ FEARLESS TIGERS ပွဲကြီးကို မျှဝေပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*