Kendall Jenner နဲ႔ ဖက္​႐ွင္​တူ​ေနတဲ့အ​ေပၚ ​ေျဖ႐ွင္​လိုက္​တဲ့ နန္​း​ေမြစံ

နန္းေမြစံဟာ သူမရဲ႕လွပတဲ့ခႏၶာကိုယ္ေကာက္ေၾကာင္းေတြနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ မ်က္နွာေလးေၾကာင့္ လူသိမ်ားေက်ာ္ၾကားလာတဲ့ ေမာ္ဒယ္တစ္ဦးျဖစ္ပါတယ္။ လူမႈကြန္ယက္္မွာဓာတ္ပံုတစ္ပံုတင္လိုက္ရံုနဲ႔ ပရိသတ္ေတြရဲ႕ရင္ကုိဆြဲကုိင္လႈပ္ရမ္းပစ္နုိင္တဲ့ အလွနတ္သမီးေလးတစ္ပါးဆိုရင္လည္းမမွားပါဘူး။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ ေလဒီဘိြဳင္းရုပ္ရွင္ဇာတ္ကားၾကီးအထူးပြဲမွာ နန္းေမြစံက ခႏၶာကုိယ္ေပၚမွာ ဇာပဝါပါးေလးဖံုးထားသလို အတိုင္းသားထြင္းေဖာက္ျမင္ေနရတဲ့ ဖက္ရွင္မ်ိဳးနဲ႔ တက္ေရာက္လာခဲ့ျပီး ပရိသတ္ေတြကုိ အံုးအံုးၾကြက္ၾကြက္ျဖစ္သြားေစခဲ့ပါတယ္။ အခ်ိဳ႕လူေတြကေတာ့ အဲဒီဖက္ရွင္ဟာ Kendall Jenner ရဲ႕ ကိန္းရုပ္ရွင္ပြဲေတာ္ကုိတက္ေရာက္ခဲ့တဲ့ ဖက္ရွင္ကုိ ကူးခ်ထားတယ္လို႔ေဝဖန္ေနၾကပါတယ္။ အဲဒါနဲ႔ပတ္သက္ျပီး Sunday Media နဲ႔ အင္တာဗ်ဴးမွာ နန္းေမြစံက ရွင္းျပသြားခဲ့ပါတယ္။

Kendall Jenner နဲ႔ ဖက္​႐ွင္​တူ​ေနတဲ့အ​ေပၚ ​ေျဖ႐ွင္​လိုက္​တဲ့ နန္​း​ေမြစံ 1

Kendall Jenner နဲ႔ ဖက္​႐ွင္​တူ​ေနတဲ့အ​ေပၚ ​ေျဖ႐ွင္​လိုက္​တဲ့ နန္​း​ေမြစံ 2

နန္းေမြစံက အဲဒီဖက္ရွင္ကုိဝတ္ျဖစ္သြားပံုကုိ “အဲဒီဝတ္စံုကဒီဇုိင္နာ ဆုေမခ်ဳပ္ေပးတာေပါ့။ သူနဲ႔တိုင္ပင္ျပီးေတာ့ Red Carpet မွာဘယ္လိုသြားမလဲဆိုေတာ့ နန္းေမြစံရဲ႕ Body Structure နဲ႔ လိုက္မယ္ထင္ျပီး ခ်ဳပ္လိုက္တာ။ ခ်ဳပ္လုိက္ေတာ့ မထင္မွတ္ပဲနဲ႔ နုိင္ငံျခားက မင္းသမီးဝတ္စံုနဲ႔သြားတူသြားတာ။ အဲ့လုိေပါ့ေနာ္”လို႔ ေျပာထားျပီး တမင္ၾကီးကူးခ်ထားတာမဟုတ္ဘူးလို႔လည္း “ေမြစံကေျပာထားတာ အဲ့လိုေလးဝတ္ခ်င္တယ္လို႔ အတြင္းကုိ Transparent လည္းျဖစ္တယ္။ Sexy လည္းျဖစ္တယ္။ ၾကည့္လုိက္ရင္လည္းဘာမွလည္းမေပၚဘူး။ Private Area ေတြကုိ သူ႔ေနရာနဲ႔သူဖံုးထားတာဆိုေတာ့ အဲ့လိုမ်ိဳးေလးဝတ္ခ်င္တယ္လို႔၊သူက အဲ့လုိပံုစံခ်ဳပ္ေပးလိုက္တာ။မထင္မွတ္ပဲနဲ႔သြားတူသြားတာေပါ့ေနာ္။ သက္သက္ၾကီးကူးထားတာေတာ့မဟုတ္ဘူးထင္တာပါပဲ”လို႔ ရွင္းျပထားပါတယ္။

Kendall Jenner နဲ႔ ဖက္​႐ွင္​တူ​ေနတဲ့အ​ေပၚ ​ေျဖ႐ွင္​လိုက္​တဲ့ နန္​း​ေမြစံ 3

အဲဒီဝတ္စံုကုိဝတ္ျပီးပြဲတက္ရတဲ့ခံစားခ်က္ကိုေတာ့ နန္းေမြစံက “ဘယ္လိုမွေတာ့မေနပါဘူး။ အရင္တုန္းကလည္း ဝတ္ေနက်ပဲ။ ဝတ္ေနက်ဆိုေတာ့ အျပင္သြားရင္ေတာ့မဝတ္ဘူး။ အိမ္မွာေနရင္ဝတ္တာေလ။ ပထမဆံုးအျပင္သြားတာဝတ္ၾကည့္တာေပါ့ေနာ္။ ဆံပင္ကလည္းဖံုးထားတာဆိုေတာ့ ေလတိုက္မွာလည္းစိုးတယ္။ comfortable ေတာ့မျဖစ္ဘူး။ ဒါေပမယ့္ ကုိယ္ကုိယ္ကုိယ္ confident ေတာ့ရွိေအာင္ဝတ္ခဲ့ပါတယ္။ အေပၚက ဘာမွမပါဘူး။ ဆံပင္နဲ႔ဖံုးထားတာ။ ေအာက္က underwear နဲ႔ ဝတ္ထားတာ။ ဆံပင္ေလးနဲ႔အျမဲဖံုးျပီးေတာ့ စကားေျပာေနရတာေပါ့”လို႔ ေျပာျပထားပါတယ္။

Kendall Jenner နဲ႔ ဖက္​႐ွင္​တူ​ေနတဲ့အ​ေပၚ ​ေျဖ႐ွင္​လိုက္​တဲ့ နန္​း​ေမြစံ 4

Kendall Jenner နဲ႔ ဖက္​႐ွင္​တူ​ေနတဲ့အ​ေပၚ ​ေျဖ႐ွင္​လိုက္​တဲ့ နန္​း​ေမြစံ 5

Kendall နဲ႔ နုႈိင္းယွဥ္ျပီးအေျပာခံေနရတာကိုလည္း နန္းေမြစံက “အခ်ိဳ႕ေတြလည္းေျပာေနၾကတယ္။ expectation တို႔ reality တို႔ ဘာမွ expectation လုပ္စရာလည္းမရွိဘူး။ ကုိယ္က ဒီဝတ္စံုကုိၾကိဳက္လို႔ဝတ္တယ္။ reality ကလည္း ကုိုယ့္ကုိယ္ကုိယ္လွလို႔ဝတ္တယ္။ ကုိယ့္ကုိယ္ကုိယ္ေက်နပ္လို႔ဝတ္တယ္ဆိုေတာ့ ဘာမွေျပာေနစရာမလုိဘူးေပါ့ေနာ္။ ကုိယ့္စိတ္္ထဲမွာ confident ရွိတယ္။ ကုိယ့္ကုိယ္ကိုယ္လွတယ္လို႔ထင္တယ္။ ကုိယ့္ကုိယ္ကိုယ္ေက်နပ္လို႔ဝတ္တဲ့ကိစၥကုိ ကုိယ့္ကုိယ္ကိုယ္ confident ရွိတယ္ဆိုရင္ျပီးတာပါပဲ”လို႔ ေျပာထားပါတယ္။

Kendall Jenner နဲ႔ ဖက္​႐ွင္​တူ​ေနတဲ့အ​ေပၚ ​ေျဖ႐ွင္​လိုက္​တဲ့ နန္​း​ေမြစံ 6

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ နန္းေမြစံရဲ႕ဖက္ရွင္က Kendall Jenner ကုိခိုးခ်ထားတယ္္လို႔ထင္ၾကလား။ ဒီတို္င္းဆင္သြားတာမ်ားျဖစ္မလား။ နန္းေမြစံကုိေရာ အားေပးၾကလား။ေျပာခဲ့ၾကပါဦး။Nanmalgyi

Unicode Version

နန်းမွေစံဟာ သူမရဲ့လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကြောင့် လူသိများကျော်ကြားလာတဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ လူမှုကွန်ယက်မှာဓာတ်ပုံတစ်ပုံတင်လိုက်ရုံနဲ့ ပရိသတ်တွေရဲ့ရင်ကိုဆွဲကိုင်လှုပ်ရမ်းပစ်နိုင်တဲ့ အလှနတ်သမီးလေးတစ်ပါးဆိုရင်လည်းမမှားပါဘူး။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေဒီဘွိုင်းရုပ်ရှင်ဇာတ်ကားကြီးအထူးပွဲမှာ နန်းမွေစံက ခန္ဓာကိုယ်ပေါ်မှာ ဇာပဝါပါးလေးဖုံးထားသလို အတိုင်းသားထွင်းဖောက်မြင်နေရတဲ့ ဖက်ရှင်မျိုးနဲ့ တက်ရောက်လာခဲ့ပြီး ပရိသတ်တွေကို အုံးအုံးကြွက်ကြွက်ဖြစ်သွားစေခဲ့ပါတယ်။ အချို့လူတွေကတော့ အဲဒီဖက်ရှင်ဟာ Kendall Jenner ရဲ့ ကိန်းရုပ်ရှင်ပွဲတော်ကိုတက်ရောက်ခဲ့တဲ့ ဖက်ရှင်ကို ကူးချထားတယ်လို့ဝေဖန်နေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး Sunday Media နဲ့ အင်တာဗျူးမှာ နန်းမွေစံက ရှင်းပြသွားခဲ့ပါတယ်။

နန်းမွေစံက အဲဒီဖက်ရှင်ကိုဝတ်ဖြစ်သွားပုံကို “အဲဒီဝတ်စုံကဒီဇိုင်နာ ဆုမေချုပ်ပေးတာပေါ့။ သူနဲ့တိုင်ပင်ပြီးတော့ Red Carpet မှာဘယ်လိုသွားမလဲဆိုတော့ နန်းမွေစံရဲ့ Body Structure နဲ့ လိုက်မယ်ထင်ပြီး ချုပ်လိုက်တာ။ ချုပ်လိုက်တော့ မထင်မှတ်ပဲနဲ့ နိုင်ငံခြားက မင်းသမီးဝတ်စုံနဲ့သွားတူသွားတာ။ အဲ့လိုပေါ့နော်”လို့ ပြောထားပြီး တမင်ကြီးကူးချထားတာမဟုတ်ဘူးလို့လည်း “မွေစံကပြောထားတာ အဲ့လိုလေးဝတ်ချင်တယ်လို့ အတွင်းကို Transparent လည်းဖြစ်တယ်။ Sexy လည်းဖြစ်တယ်။ ကြည့်လိုက်ရင်လည်းဘာမှလည်းမပေါ်ဘူး။ Private Area တွေကို သူ့နေရာနဲ့သူဖုံးထားတာဆိုတော့ အဲ့လိုမျိုးလေးဝတ်ချင်တယ်လို့၊သူက အဲ့လိုပုံစံချုပ်ပေးလိုက်တာ။မထင်မှတ်ပဲနဲ့သွားတူသွားတာပေါ့နော်။ သက်သက်ကြီးကူးထားတာတော့မဟုတ်ဘူးထင်တာပါပဲ”လို့ ရှင်းပြထားပါတယ်။

အဲဒီဝတ်စုံကိုဝတ်ပြီးပွဲတက်ရတဲ့ခံစားချက်ကိုတော့ နန်းမွေစံက “ဘယ်လိုမှတော့မနေပါဘူး။ အရင်တုန်းကလည်း ဝတ်နေကျပဲ။ ဝတ်နေကျဆိုတော့ အပြင်သွားရင်တော့မဝတ်ဘူး။ အိမ်မှာနေရင်ဝတ်တာလေ။ ပထမဆုံးအပြင်သွားတာဝတ်ကြည့်တာပေါ့နော်။ ဆံပင်ကလည်းဖုံးထားတာဆိုတော့ လေတိုက်မှာလည်းစိုးတယ်။ comfortable တော့မဖြစ်ဘူး။ ဒါပေမယ့် ကိုယ်ကိုယ်ကိုယ် confident တော့ရှိအောင်ဝတ်ခဲ့ပါတယ်။ အပေါ်က ဘာမှမပါဘူး။ ဆံပင်နဲ့ဖုံးထားတာ။ အောက်က underwear နဲ့ ဝတ်ထားတာ။ ဆံပင်လေးနဲ့အမြဲဖုံးပြီးတော့ စကားပြောနေရတာပေါ့”လို့ ပြောပြထားပါတယ်။

Kendall နဲ့ နုှိုင်းယှဉ်ပြီးအပြောခံနေရတာကိုလည်း နန်းမွေစံက “အချို့တွေလည်းပြောနေကြတယ်။ expectation တို့ reality တို့ ဘာမှ expectation လုပ်စရာလည်းမရှိဘူး။ ကိုယ်က ဒီဝတ်စုံကိုကြိုက်လို့ဝတ်တယ်။ reality ကလည်း ကိုယ့်ကိုယ်ကိုယ်လှလို့ဝတ်တယ်။ ကိုယ့်ကိုယ်ကိုယ်ကျေနပ်လို့ဝတ်တယ်ဆိုတော့ ဘာမှပြောနေစရာမလိုဘူးပေါ့နော်။ ကိုယ့်စိတ်ထဲမှာ confident ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်လှတယ်လို့ထင်တယ်။ ကိုယ့်ကိုယ်ကိုယ်ကျေနပ်လို့ဝတ်တဲ့ကိစ္စကို ကိုယ့်ကိုယ်ကိုယ် confident ရှိတယ်ဆိုရင်ပြီးတာပါပဲ”လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နန်းမွေစံရဲ့ဖက်ရှင်က Kendall Jenner ကိုခိုးချထားတယ်လို့ထင်ကြလား။ ဒီတိုင်းဆင်သွားတာများဖြစ်မလား။ နန်းမွေစံကိုရော အားပေးကြလား။ပြောခဲ့ကြပါဦး။Nanmalgyi