Justin Bieber ရင်​​သွေး​လေး ရ​တော့မှာလား…..

Justin Bieber နဲ့ Hailey Baldwin တိုရဲ့မင်္ဂလာပွဲ ဟာ ဘယ်နေ့ဖြစ်မလဲဆိုပြီး ဒီနေ့လားမနက်ဖြန်လားနဲ့ ရင်တထိတ်ထိတ်ဖြစ်ရင်း မျက်ခြေမပြတ်စောင့်ကြည့်နေရင်းကနေ သူတို့နှစ်ဦးဟာ မကြာမီကပဲ ပရိသတ်တွေအလစ်မှာ လူမသိသူမသိ လက်ထပ် လိုက်ကြပြီဆိုတဲ့သတင်းတွေပျံ့နှံ့လာခဲ့ပါတယ်။ နှစ်ယောက်စလုံးကလည်း လူသိရှင်ကြားငြင်းဆိုထားတာမရှိသေးပါဘူး။

Justin Bieber ရင်​​သွေး​လေး ရ​တော့မှာလား..... 1

ကမ္ဘာထိပ်တန်းအဆိုတော် Justin Bieber က လက်ထပ်ဖို့ရွေးချယ်ခဲ့တဲ့မိန်းကလေးဟာ သူဆယ်နှစ်လောက်အရူးအမူးချစ်ခဲ့ရတဲ့ Selena Gomez လို ငယ်ငယ်ကတည်းက သရုပ်ဆောင်လုပ်လာခဲ့တဲ့ အခြေသတင်းကြီးတဲ့ရွှေမင်းသမီးလည်းမဟုတ်သလို တစ်ကမ္ဘာလုံးက အသည်းအသန်အားပေးတဲ့ ပြစ်မျိုးမှဲ့မထင်လှပတဲ့ အဆိုတော်မလေးလည်းမဟုတ်ပါဘူး။ Hailey ဟာ ဆယ်ကျော်သက်အရွယ်ရောက်မှနာမည်ရစပြုလာတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပြီး အခုအချိန်မှာနာမည်ကြီးသင့်သလောက်ကြီးနေပြီဖြစ်သလို သူ့အလုပ်အတွက်အရှိန်ကောင်းနေချိန်၊ထိုးတက်နေတဲ့အချိန်လို့ပြောလို့ရပါတယ်။ustin က သူ့ကိုလှမ်းမြင်နိုင်တဲ့အကွာအဝေးမှာအမြဲတမ်းရှိနေခဲ့ပြီး သူစိတ်ညစ်အသည်းကွဲချိန်တိုင်းအနားကိုအပြေးရောက်လာခဲ့တဲ့ Hailey ကို Selena လောက်မချစ်ရင်တောင် သနားချစ်ကလေးနဲ့ နည်းနည်းတော့ချစ်ပုံပေါ်ပါတယ်။ အဲဒါကြောင့်လည်း Hailey ရဲ့ Fashion Show ပွဲတွေတိုင်းနောက်ကလိုက်ပေးခဲ့ပြီး Hailey အလုပ်နဲ့သွားရတဲ့ မြို့တွေမှာ ကြုံရင်ကြုံသလို ဝင်လည်ပြီး လှပတဲ့အမှတ်တရတွေဖန်တီးခြင်းနဲ့အချိန်ကုန်ခဲ့ပါတယ်။

Justin Bieber ရင်​​သွေး​လေး ရ​တော့မှာလား..... 2

Hailey ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းကအရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့ရတဲ့ Justin အတွက်ဘာမဆိုလုပ်ပေးမယ့်ပုံရှိပါတယ်။ အခုဆို Justin နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ ကလေးချစ်တတ်တဲ့ Justin အတွက် ရင်သွေးလေးတွေမွေးပေးဖို့ သူမရဲ့အရှိန်ရစပြုနေပြီဖြစ်တဲ့ အလုပ်တွေကိုခဏရပ်ထားလိုက်တော့မယ်လို့ဆုံးဖြတ်ထားပါတယ်တဲ့။ Hailey နဲ့ ရင်းနှီသူတွေရဲ့ပြောကြားချက်အရ Hailey ဟာ Justin Bieber ရဲ့ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ပိုက်ဆံတွေဒေါ်လာသိန်းနဲ့ချီဝင်နေတဲ့ Modelling Career ကိုကျေကျေနပ်နပ်ကြီး ခဏရပ်ထားလိုက်ဖို့တွေးနေကြောင်းသိရပါတယ်။ Super Model Hailey Baldwin တစ်ယောက်ကလေးမွေးပြီးဖိုသီဖတ်သီဖြစ်နေတော့မယ်ဆိုပြီး ပရိသတ်အချို့က ဝမ်းနည်းနေကြပေမယ့် ပရိသတ်တော်တော်များများကတော့ Hailey နဲ့ Justin တို့ရဲ့ကလေးလေးကဘယ်လိုပုံလေးဖြစ်မလဲဆိုတာကိုမှန်းပြီး ကြည်နူးဝမ်းသာနေကြပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော Justin Bieber နဲ့ Hailey Baldwin ရဲ့ ရင်သွေးလေးက သားသားလေးဖြစ်မယ်ထင်လား မီးမီးလေးဖြစ်မယ်ထင်လား။ နှစ်ယောက်လုံးနဲ့တူရင်တော့ စတိုင်ကျပြီးချောမှာသေချာပါတယ်။

Justin Bieber ရင်​​သွေး​လေး ရ​တော့မှာလား..... 3Source: Can’t Wait To Say