Brands ​တွေကြည့်​ပဲ သုံးရတဲ့အ​ကြောင်းရင်းကို ​ပြောပြလာတဲ့ ကစ်​ကစ်

အကယ်ဒမီများရှင်ဝတ်မှုန်ရွှေရည်နဲ့ Beauty Blogger နေခြည်ဦးတို့ဟာ မကြာသေးမီက Loreal Paris ရဲ့ Paris Fashion Week ကို အတူတူသွားရောက်ခဲ့ကြပြီး အလှအပများစုဝေးရာပြင်သစ်နိုင်ငံကြီးမှာ သူတို့နှစ်ဦးအပြိုင်အဆိုင်အလှကြီးလှနေကြတဲ့ဓာတ်ပုံတွေကို ပရိသတ်တွေက စိတ်လှုပ်ရှားရင်ခုန်စွာစောင့်ကြည့်နေခဲ့ရတာပါ။ နှစ်ယောက်စလုံးကလည်း ပြင်သစ်ကိုသွားဖို့ လေဆိပ်စဆင်းကတည်းက Gucci တွေ၊ LV တွေ၊ တန်ဖိုးကြီးအသုံးအဆောင်တွေကို ထည်လဲဝတ်ချသွားပြီး သူတို့ဝတ်တဲ့ ပစ္စည်းတွေရဲ့တန်ဖိုးတွေကို ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကိုဘယ်လောက်ဆိုပြီး လိုက်တွက်တဲ့ မီဒီယာတွေလည်းထွက်ပေါ်လာပြီး ပရိသတ်တွေကလည်း အဲဒါတွေကို ပါးစပ်အဟောင်းသား မျက်လုံးအဝိုင်းသားလေးတွေနဲ့ လိုက်ဖတ်ခဲ့ကြရပါတယ်။ အခုတော့ မြန်မာနိုင်ငံကိုပြန်ရောက်ပြီးအလုပ်တွေလုပ်နေပြီဖြစ်တဲ့ ဝတ်မှုန်ရွှေရည်က ဒီလို တန်ဖိုးကြီး Brands တွေဝတ်ဖြစ်ခဲ့ခြင်းအကြောင်းကို Cele Yatkwat နဲ့ interview မှာဖြေကြားထားပါတယ်။

Brands ​တွေကြည့်​ပဲ သုံးရတဲ့အ​ကြောင်းရင်းကို ​ပြောပြလာတဲ့ ကစ်​ကစ်​ 1

ကစ်က Pais Fashion Week ကို သွားရတဲ့ ခံစားချက်တွေကို “အားလုံးရဲ့ပံ့ပိုးမှုကြောင့်ပါပဲ။ ကစ်က ဒီခရီးစဉ်ကိုစပြီးလက်ခံလိုက်ကတည်းက ပင်ပန်းမယ်ဆိုတာလည်းသိတယ်။ တကယ်လည်းဒီခရီးနဲ့ပတ်သက်ပြီး အမှတ်တရတွေအများကြီးရှိတယ်။ Experience အသစ်တွေလည်းရှိတယ်။ ပျော်လည်းပျော်ဖို့ကောင်းပါတယ်။ တကယ်ကိုကိုယ့်ဘဝမှာ အတွေ့အကြုံအသစ်တွေလည်းအများကြီး။တကယ့်ကို international Bloggers တွေ၊ Influencers တွေ အကုန်လုံးနဲ့တွေ့ခဲ့ရတာဆိုတော့လေ.. ကစ်ဘဝမှာအတွေ့အကြုံအသစ်တစ်ခုအနေနဲ့လည်းဖြစ်တယ်။ နောက်ပြီးတော့ အကုန်လုံးအဆင်ပြေတယ်ဆိုတဲ့အတွက်လည်းပီတိပေါ့နော်”လို့ေပြောပြသွားပါတယ်။

Brands ​တွေကြည့်​ပဲ သုံးရတဲ့အ​ကြောင်းရင်းကို ​ပြောပြလာတဲ့ ကစ်​ကစ်​ 2

ခရီးစဉ်တစ်လျှောက်လုံး Gucci တွေချည်းပဲဝတ်ခဲ့တဲ့အကြောင်းကိုလည်းကစ်က “အဲ့လိုသုံးတာတော့မဟုတ်ပါဘူး။ အဓိကတော့ ကိုယ့်မြန်မာနိုင်ငံရဲ့မင်းသမီးပေါ့နော်။ ဒါ ပထမဦးဆုံးမြန်မာနိုင်ငံကိုဖိတ်တာ Loreal Paris က။ မြန်မာနိုင်ငံကိုပထမဆုံးဖိတ်တဲ့ပွဲလည်းဖြစ်တယ်။ မြန်မာနိုင်ငံကနေ ပထမဦးဆုံး မင်းသမီးအနေနဲ့ တက်ရောက်ရတဲ့ ပွဲဖြစ်တဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံအတွက်၊ကိုယ့်မြန်မာလူမျိုးကဒီလိုမျိုး၊ကိုယ့်နိုင်ငံအတွက်ကို အဓိက ကိုယ်စားပြုတဲ့ပွဲတက်ရတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်နိုင်ငံအတွက်ကိုကိုယ်က ဘယ်လိုခေါ်မလဲ၊အင်းပေါ့နော်.. ဝတ်ပေးတာပေါ့နော်။ ဒါ မြန်မာပြည်ကမင်းသမီးဆိုတာမျိုး၊လူတွေလည်းသတိထားမိအောင်၊မဝတ်ဘူးဆိုရင်လည်း လျော့နေတယ်၊ဘာမှလည်းမဝတ်ဘူးဆိုပြီး ပြောဦးမယ်လေ။ အဓိကကတော့ ကိုယ့်နိုင်ငံကိုယ်စားပြုသွားတဲ့အတွက်မို့လို့ပါ”လို့ အေးဆေးတည်ငြိမ်စွာချစ်စရာကောင်းစွာဖြေကြားသွားပါတယ်။

Brands ​တွေကြည့်​ပဲ သုံးရတဲ့အ​ကြောင်းရင်းကို ​ပြောပြလာတဲ့ ကစ်​ကစ်​ 3

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ရတဲ့အတွေ့အကြုံတွေကိုလည်း ကစ်က “လာမေးကြတယ်။ နင်ဘယ်ကလဲဆိုပြီး မြန်မာပြည်ကဆိုတော့ သြော်… မြန်မာပြည်ကလား။သူတို့ နည်းနည်းတော့ ကိုယ့်ကို သတိထားမိသွားတယ်လို့ မြင်ရတယ်ပေါ့နော်။တချို့ကျတော့လည်း မြန်မာပြည်ကမှန်းမသိကြဘူးပေါ့။ မြန်မာပြည်ဆိုတာ ဘယ်ကလဲပေါ့။ ကိုယ်ကပြန်ရှင်းပြရတယ်။ မြန်မာပြည်ဆိုတာဘယ်လိုဘယ်လိုဆိုတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့စိတ်ထဲမှာလည်း မြန်မာပြည်ကိုမသိတဲ့သူတွေသိသွားကြတယ်။ အဲ့လိုမျိုးလေးပေါ့နော်။ သိတဲ့သူတွေလည်းရှိပါတယ်”လို့ စဉ်းစဉ်းစားစားနဲ့ ပြောပြသွားပါသေးတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. ကစ်ကိုချစ်တဲ့ပရိသတ်တွေရှိလား။ ကစ်နဲ့ နေခြည်ဦးနဲ့ ပဲရစ်ကဖက်ရှင်တွေ ဘယ်သူပိုလန်းတယ်ထင်လဲ။ ကစ်လေး အခြားနိုင်ငံကပွဲပေါင်းများစွာကိုလည်းမြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Can’t Wait To Say