(၁၀၅)မိုင္တြင္ ေရပူေရေအးစက္ အပူလြန္ကဲရာမွ မီးေလာင္မွု ျဖစ္ပြား

မူဆယ္ စက္တင္ဘာ ၁၃

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မူဆယ္(၁၀၅)မိုင္တြင္ စက္တင္ဘာ ၁၃ ရက္ ေန႔လည္ ၂ နာရီ ခန္႔က ေရပူေရေအးစက္ အပူလြန္ကဲရာမွ မီးေလာင္မွုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

(၁၀၅)မိုင္တြင္ ေရပူေရေအးစက္ အပူလြန္ကဲရာမွ မီးေလာင္မွု ျဖစ္ပြား 1

ျဖစ္စဥ္မွာ (၁၀၅)မိုင္ကုန္သြယ္ေရးဇုန္ ယာဥ္ငယ္စစ္ေဆးေရး ဂိတ္အနီး ျမင့္ရွင္လက္သည္းအလွျပင္ဆိုင္အေပၚထပ္ မီးဖိုေခ်ာင္အတြင္းရွိ ေရပူ ေရေအးစက္ အပူလြန္ကဲၿပီး ဝါယာေရွာ့ျဖစ္ပြားခဲ့ရာမွ မီးေလာင္ခဲ့ေၾကာင္း သိရသည္။

(၁၀၅)မိုင္တြင္ ေရပူေရေအးစက္ အပူလြန္ကဲရာမွ မီးေလာင္မွု ျဖစ္ပြား 2

အဆိုပါ မီးေလာင္မွု ျဖစ္ပြားခဲ့သည့္ေနရာသို့ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ား၊ မူဆယ္ခရိုင္မီးသတ္ဦးစီးဌာန၊ ဦးစီးမွူး ဦးထြန္းထြန္းစိုးဦးေဆာင္ခရိုင္/ၿမိဳ့နယ္အဆင့္ရွိမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊(၁၀၅)မိုင္အရန္မီးသတ္အဖြဲ႕မွ တပ္ခြဲမွူး ဦးရန္နိုင္ ဦးစီးေသာ မီးသတ္အဖြဲ႕ဝင္မ်ား၊ လူမွုေရးအသင္းအဖြဲ႕ဝင္မ်ားအခ်ိန္မီေရာက္ရွိလာၿပီး မီးသတ္ ယာဥ္(၇)စီးျဖင့္ ၂ နာရီ ၁၀ မိနစ္ ခန႔္တြင္ မီးျငႇိမ္းသတ္နိုင္ခဲ့ေၾကာင္း သိရသည္။

(၁၀၅)မိုင္တြင္ ေရပူေရေအးစက္ အပူလြန္ကဲရာမွ မီးေလာင္မွု ျဖစ္ပြား 3

မီးေလာင္မွု ျဖစ္စဥ္ေၾကာင့္ လူ(၉)ဦးဒဏ္ရာ ရရွိခဲ့(မစိုးရိမ္ရ) ၊ မီးေလာင္သည့္အေဆာက္အဦမွာ သြတ္မိုး အုတ္ကာ ႏွစ္ထပ္ျဖစ္ၿပီး မီးေလာင္မွုေၾကာင့္ ဒဏ္ရာရရွိသူမ်ားကို(၁၀၅)မိုင္ ၾကက္ေျခနီကားျဖင့္လည္းေကာင္း၊ ပါရမီ လူမွုကူညီေရးအသင္းကားျဖင့္လည္းေကာင္း ၊ မူဆယ္ခရိုင္ ျပည္သူ႔ေဆး႐ုံႀကီးသို့ အခ်ိန္မီေဆးကုသမွုခံယူရန္အတြက္ ပို့ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။သန႔္ဇင္ (မူဆယ္)

 

Unicode Versionျဖင့္ဖတ္ရန္

 

မူဆယ် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်(၁၀၅)မိုင်တွင် စက်တင်ဘာ ၁၃ ရက် နေ့လည် ၂ နာရီ ခန့်က ရေပူရေအေးစက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

(၁၀၅)မိုင္တြင္ ေရပူေရေအးစက္ အပူလြန္ကဲရာမွ မီးေလာင္မွု ျဖစ္ပြား 1

ဖြစ်စဉ်မှာ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေး ဂိတ်အနီး မြင့်ရှင်လက်သည်းအလှပြင်ဆိုင်အပေါ်ထပ် မီးဖိုချောင်အတွင်းရှိ ရေပူ ရေအေးစက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ပွားခဲ့ရာမှ မီးလောင်ခဲ့ကြောင်း သိရသည်။

(၁၀၅)မိုင္တြင္ ေရပူေရေအးစက္ အပူလြန္ကဲရာမွ မီးေလာင္မွု ျဖစ္ပြား 2

အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့သည့်နေရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မူဆယ်ခရိုင်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းထွန်းစိုးဦးဆောင်ခရိုင်/မြို့နယ်အဆင့်ရှိမီးသတ်တပ်ဖွဲ့ဝင်များ၊(၁၀၅)မိုင်အရန်မီးသတ်အဖွဲ့မှ တပ်ခွဲမှူး ဦးရန်နိုင် ဦးစီးသော မီးသတ်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအချိန်မီရောက်ရှိလာပြီး မီးသတ် ယာဉ်(၇)စီးဖြင့် ၂ နာရီ ၁၀ မိနစ် ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

(၁၀၅)မိုင္တြင္ ေရပူေရေအးစက္ အပူလြန္ကဲရာမွ မီးေလာင္မွု ျဖစ္ပြား 3

မီးလောင်မှု ဖြစ်စဉ်ကြောင့် လူ(၉)ဦးဒဏ်ရာ ရရှိခဲ့(မစိုးရိမ်ရ) ၊ မီးလောင်သည့်အဆောက်အဦမှာ သွတ်မိုး အုတ်ကာ နှစ်ထပ်ဖြစ်ပြီး မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများကို(၁၀၅)မိုင် ကြက်ခြေနီကားဖြင့်လည်းကောင်း၊ ပါရမီ လူမှုကူညီရေးအသင်းကားဖြင့်လည်းကောင်း ၊ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီဆေးကုသမှုခံယူရန်အတွက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။သန့်ဇင် (မူဆယ်)

Be the first to comment

Leave a Reply

Your email address will not be published.


*