ကျိုင်းတုံ၌ ဆိုင်ကယ်ခိုးသူ (၇)ဦးဖမ်းဆီးရမိ
ကျိုင်းတုံ၌ ဆိုင်ကယ်ခိုးသူ (၇)ဦးဖမ်းဆီးရမိ 1
ကျိုင်းတုံ၌ ဆိုင်ကယ်ခိုးသူ (၇)ဦးဖမ်းဆီးရမိ 2
Unicode Versionဖြင့်ဖတ်ရန်
ကျိုင်းတုံ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် သြဂုတ်လ ၂၅ရက်နေ့မှ စက်တင်ဘာလ ၁၀ရက်နေ့အထိ မော်တော်ဆိုင်ကယ်ခိုးသူ (၇)ဦးအား မော်တော်ဆိုင်ကယ် (၁၅)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ကျိုင်းတုံ၌ ဆိုင်ကယ်ခိုးသူ (၇)ဦးဖမ်းဆီးရမိ 1
ကျိုင်းတုံ၌ ဆိုင်ကယ်ခိုးသူ (၇)ဦးဖမ်းဆီးရမိ 2
အဆိုပါဖမ်းဆီးရမိခဲ့သည့် တရားခံများကို ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိသည့်မော်တော်ဆိုင်ကယ်များအား မော်တော်ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် မိမိတို့ပိုင်ဆိုင်ကြောင်းသက်သေ အထောက်အထား ပြည့်စုံစွာဖြင့် ကျိုင်းတုံမြို့နယ် ရဲစခန်း၌ လာရောက်ထုတ်ယူပါက ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။ခရိုင်(ပြန်/ဆက်)
Be the first to comment
Leave a Reply
Your email address will not be published.
*