လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို
လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို 1
လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို 2
လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို 3
လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို 4
Unicode Versionဖြင့်ဖတ်ရန်
ဒီကနေ့မနက် (၉)နာရီ အချိန်က ထိုင်းနိုင်ငံ ကမ်ချဘူရီခရိုင်ထမကာ Tha Maka မြို့နယ်ရဲစခန်းဝင်းအတွင်းမှာ ထိုင်းနိုင်ငံ နာမည်ကြီးရှေ့နေ နိုင်အချရာယ ယုန်ရသနဖုန်း ဦးဆောင်တဲ့ ထိုင်းနဲ့ မြန်မာ အလုပ်သမားတွေ ရာနဲ ချီစုရုံးပြီး သုံးလတာ လုပ်အား လစာ ရှင်းမပေးတဲ့အလုပ်ရှင်ကို အရေးယူပေးဘို့ တောင်းဆိုနေကြကြောင်း သိရပါတယ်။
လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို 1
နာမည်ကြီး ဗိုက်တာဖု (Vita Food Factory )ကုမဏီဟာ ကမ်ချနာဘူရီ ခရိုင်အတွင်းမှာ ဘတ်သန်း ၄၀၀ ကျော် ရင်းနှီးမြုပ်နှံ ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အဆိုပါစက်ရုံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအများစုပါဝင်နဲ့ ထိုင်း အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ရှင် ဟာ လခရှင်းမပေးလို့အလုပ်သမားတွေက သက်ဆိုင်ရာဌာနတွေကို တိုင်ကြားခဲ့ပေမယ့် လာရောက် အရေးယူဖြေရှင်းပေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို 2
ထိုင်းရှေ့နေ ဦးဆောင်လာတဲ့ အလုပ်သမားအုပ်စုတွေဟာ ဒီကနေ့ နေ့လည် ၁၂ နာရီအထိ နောက်ဆုံးသတ်မှတ်ပြီး ဖြေရှင်းပေးဘို့ တောင်းဆိုထားပြီး သက်ဆိုင်ရာက ဖြေရှင်းမပေးခဲ့ရင် ရဲစခန်းအတွင်း ကနေ ဆက်လက်ဆန္ဒပြနေကြမယ်လို့လည်း ရှေ့နေ အာချရီယက သတင်းထောက်တွေကို ပြောဆိုသွားတာတွေ့ရပါတယ်။
လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို 3
လစာ(၃) လ ကြာမရသည့် မြန်မာအလုပ်သမား ရာနဲ့ ချီ အင်အားဖြင့် ရဲစခန်းတွင် စုရုံးဆန္ဒပြတောင်းဆို 4
ထိုင်းဝန်ကြီးချုပ်ဟောင်း တစ်ဦး အကြံပေးအဖြစ် ပါဝင်ပါတ်သက် နေတဲ့ ဘိုက်တာဖု ကုမဏီ ရဲ့ လုပ်ငန်းရှင်တွေကို အလုပ်သမား အခွင့်အရေးချိုးဖေါက်မှုနဲ့ပါ တရားစွဲသွားမယ်လို့လည်းသိရပါတယ်။SAW
Be the first to comment
Leave a Reply
Your email address will not be published.
*