စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက်
စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက် 1
စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက် 2
စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက် 3
၎င်းနှင့် မောင်ဖြစ်သူ မောင်ဆီလှတို့မှာ ခဏအကြာ ရေအန်ပြီး ပြန်အိပ်ခဲ့ကြောင်း ၊ ၁၃.၉.၂၀၁၉ ရက်နေ့ နံနက်၇၀၀ အချိန်ခန့် အိပ်ယာမှ နိုးသည့်အခါ ၎င်း နှင့်မောင်ဖြစ်သူ ဆီလှမှ လွဲ၍ ကျန်မိသားစုဝင်(၄)ဦးမှာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မျက်နှာချင်းဆိုင်နေအိမ်မှထံပြောပြခဲ့ခြင်းဖြစ်ကြောင်း စစ်မေးသိရှိခဲ့ရပြီး အသက်ရှင်လျှက်ကျန်ရှိသော မနောဓိ၊ မောင်ဆလှ တို့အား ရဲဆေးစာဖြင့်မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေပြီး
စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက် 4
Unicode Versionဖြင့်ဖတ်ရန်
၁၃.၉.၂၀၁၉ ရက်နံနက် ၀၇၄၅ အချိန်ခန့်ကရှမ်းပြည်နယ်အရှေ့၊ကျိုင်းတုံခရိုင်၊ မိုင်းဖြတ်ရဲစခန်း၌ ဒုရဲအုပ်ကျော်နိုင်တာဝန်မှူး၊တာဝန်ဆောင်ရွက်စဉ်
မိုင်းဖြတ်မြို့ ဈေးတန်းကွက်သစ်ရပ်ကွက်နေ ရာအိမ်မှူး ဦးထွန်းလွင်မှဖုန်းဆက်အကြောင်းကြားသဖြင့်ရဲစခန်းအရှေ့မြောက်ဘက်(၄)ဖာလုံခန့်အကွာ ၊မိုင်းဖြတ်မြို့၊ရေတန်း(ကွက်သစ်)ရပ်ကွက်၊ စိတ္တသုခ ဘုန်းကြီးကျောင်းရှေ့နေ အားမာ၏ နေအိမ်တွင် မိသားစု (၄) ဦး အဆိပ်သောက်သေဆုံးနေ ကြောင်း သတင်းအရ မနရမှူး ရဲမှူး ကျော်နိုင်၊ မမစမှု ဒုရဲမှူး မြတ်မိုး၊ တာဝန်မှူး ဒုရဲအုပ် ကျော်ကျော်နိုင်၊ ဒုရဲအုပ် ဟန်မိုးလွင်၊ ဒုရဲအုပ် ကျော်ဖြိုးလှိုင်တို့အဖွဲ့သည် သက်သေဦးထွန်းလွင်၊ ဦးအားဒေါင်တို့နှင့် အတူသွားရောက်စစ်ဆေးခဲ့ရာ
စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက် 1
မိုင်းဖြတ်မြို့၊ ဈေးတန်းကွက်သစ်)အိမ်အမှတ်(တ ၈၂ အခင်းဖြစ်နေအိမ်တွင်နေအိမ်ရှေ့ခန်း၌ မနောမိ (အသက်) ၁၃ နှစ်၊ ကျောင်းသူဆဌမတန်း(အ.မ.က၊ မူလွန် (ကွက်သစ်)မောင်ဆီလှ ၉ နှစ် ကျောင်းသား တတိယတန်း(အ.မ.က မူလွန် (ကွက်သစ်)၊ တို့အား ငိုနေသည်ကိုတွေ့ရပြီး နေအိမ်အိပ်ခန်းအတွင်း၌
ဦးအားမြာ အသက်(၄၆)နှစ်၊ လယ်လုပ်ကိုင်သူသည် နေအိမ်အဝင်တံခါးမကြီး အား ဦးခေါင်းပြုလျှက် မှောက်လျှက်အနေအထားဖြင့် နှာခေါင်းမှ အမြုပ်ထွက် သေဆုံးနေပြီး
၎င်း၏ အနောက်ဘက် အိပ်ယာထက်၌ သားအကြီးဖြစ်သူ မောင်ထောမေ (အသက်) ၁၅နှစ်၊ သတ္တမတန်းကျောင်းသား၊ အထက( မိုင်းပြတ်) သည် ပက်လက်အနေထားဖြင့် ခေါင်းမှ အမြုပ်ထွက်လျှက် သေဆုံးနေကြောင်း၊
စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက် 2
၎င်း၏ ယာဘက်ဘေး၌ မိခင်ဖြစ်သူ ဒေါ်အီနား၊ အသက် ၄၈ နှစ်၊လယ်လုပ်ကိုင်သူသည် ပက်လက်အနေအထားဖြင့် သေဆုံးနေပြီး
၎င်း၏ယာဘက်ဘေး၌သားအငယ်ဆုံးဖြစ်သူ
နေလင်းထွန်း၊ အသက် ၈ နှစ်၊ ပထမတန်း၊ အမကမူလွန်(ကွက်သစ်) သည် ပက်လက်အနေအထားဖြင့် နှာခေါင်းမှသွေးပုပ်ရည်ထွက်လျှက် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရပြီး
သမီးဖြစ်သူ မနောမိ ၊ အသက် (၁၃)နှစ်၏ ပြောပြချက်အရ ၎င်း၏ မိဘနှစ်ပါးမှာ စားဝတ်နေရေး အဆင်မပြ၍မကြာခဏ ညည်းတွားနေသည်ကို ကြားသိရပြီး ”
စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက် 3
၂၀၁၉ စက်တင်ဘာ ၁၂ ရက် (၂၁၀၀) အချိန်ခန့်က လားဟူတိုင်းရင်းသားအခေါ် နိုင်မင် ( အဆိပ်ပင် )၏ အမြစ်နှင့်အရွက်တို့အား ရေနွေးခရားအိုးဖြင့် ကျိုချက်၍ သား / သမီးများအား ဦးစွာတိုက်ကျွေးပြီး မိဘနှစ်ပါးမှာ နောက်ဆုံးသောက်ပြီး အိပ်ယာဝင်ခဲ့ကြကြောင်း …
၎င်းနှင့် မောင်ဖြစ်သူ မောင်ဆီလှတို့မှာ ခဏအကြာ ရေအန်ပြီး ပြန်အိပ်ခဲ့ကြောင်း ၊ ၁၃.၉.၂၀၁၉ ရက်နေ့ နံနက်၇၀၀ အချိန်ခန့် အိပ်ယာမှ နိုးသည့်အခါ ၎င်း နှင့်မောင်ဖြစ်
သူ ဆီလှမှ လွဲ၍ ကျန်မိသားစုဝင်(၄)ဦးမှာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မျက်နှာချင်းဆိုင်နေအိမ်မှထံပြောပြခဲ့ခြင်းဖြစ်ကြောင်း စစ်မေးသိရှိခဲ့ရပြီး အသက်ရှင်လျှက်ကျန်ရှိသော မနောဓိ၊ မောင်ဆီလှ တို့အား ရဲဆေးစာဖြင့်မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေပြီး
စားဝတ်နေရေးမပြေလည်၍ မိသားစု(၆)ဦးလုံး အဆိပ်သောက် 4
ကျန်ရှိ သေဆုံးသွားသူ (၄)ဦးတို့၏ အလောင်းများ၊ကိုမိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ရဲဆေးစာဖြင့် အပ်ခဲ့ပြီး ဦးအားမြာ၊ ဒေါ်အံနာ၊ မောင်တေ။ မောင်နေလင်းထွန်းတို့ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် မိုင်းဖြတ်ရဲစခန်း ဒုရဲအုပ် ကျော်ကျော်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မမစ (မိုင်းဖြတ်) သေမှုသေခင်းအမှတ်စဉ်( ၄/၂၉) ဖြင့် ၁၉ စက် ၁၃ ၉၃၀ အချိန်တွင် ရေးဖွင့်ဆောင်ရွက်ပြီး စခန်းမုှး ဒုရဲမှူး မြတ်ဦး က စစ်ဆေးလျှက်ရှိ ကြောင်း သိရှိရသည်။အောင်ကျော်ဦး(SH သတင်းဌာန)
Be the first to comment
Leave a Reply
Your email address will not be published.
*