ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 1
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 2
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 3
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 4
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 5
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 6
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 7
Unicode Versionဖြင့်ဖတ်ရန်
အောင်လကိုအနိုင်တိုက်နိုင်မယ့်အကွက်တွေဘရန်ဒန်ဗီရာ
အာင်လ ကို အနိုင်တိုက်လို့ရမယ့် အကွက်တွေ တွေ့ထားပြီ ဘရန်ဒန် ဗီရာ
ဟဲဗီးဝိတ် ချန်ပီယံ ဖီလစ်ပိုင် ဖိုက်တာကြီး ဗီရာ ကတော့ သူ့အနေနဲ့ အောင်လ လို ဖိုက်တာ တစ်ယောက် နဲ့ ရင်ဆိုင်ထိုးသတ်ရမှာ စိုးရိမ်စိတ်တွေ ရှိနေပေမယ့် ၊ သူ့ရဲ့ နှစ်ထပ်ကွမ်း ချန်ပီယံဆု ကို လိုချင်နေတဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့် စိန်ခေါ်မှုတွေ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်သလို ၊ အောင်လ ကို အနိုင်ယူလို့ ရမယ့် အကွက်အချို့ ကိုလဲ ရှာဖွေ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 1
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 3
တစ်ဆက်တည်းမှာပဲ သူနဲ့ အောင်လဟာ ဆရာတူ ၊ လေ့ကျင့်ဖော် လေ့ကျင့်ဖက်တွေ တူညီနေတဲ့ ဖိုက်တာ နှစ်ယောက် ဖြစ်တာကြောင့် MMA ညီအစ်ကိုတွေ လို့ ပြောဆိုသွားခဲ့သလို ၊ အောင်လ သာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကို သိမ်းပိုက် မထားဘူးဆိုရင် ၊ မြန်မာ့ စပါးကြိးမြွေ ကို ဘယ်လိုနည်းနဲ့မှ စိန်ခေါ်ထိုးသတ်မှာ မဟုတ်ဘူးလို့လဲ အခုလို ဝန်ခံသွားခဲ့ပါတယ်
လိုက်ဟဲဗီးဝိတ် ချန်ပီယံက ကမ္ဘာ့အကောင်းဆုံး ဖိုက်တာ တစ်ယောက် ဖြစ်တဲ့ အောင်လ က ဖြစ်နေလို့သာ ဒီပွဲက ဖြစ်လာရတာပါ။ ကျနော်က သူ့လို ဖိုက်တာမျိုးနဲ့ လုံးဝကို မရင်ဆိုင်ချင်ပါဘူး။ ဒါပေမယ့် သူက လက်ရှိ ချန်ပီယံ ဖြစ်နေတော့ ရှောင်လွှဲလို့ မရတော့ဘူးလေ။ ဒီပွဲဟာ အချစ်တွေ – အမုန်းတွေနဲ့ ရောပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် လို့ ပြောဆိုသွားခဲ့ ပါတယ်။
အောင်လ အန်ဆန်းဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ 5 ပွဲ စလုံး ပြတ်ပြတ်သားသား ရလာဒ်တွေ နဲ့ အနိုင်ယူထားခဲ့သလို ၊ ဘရာဇီးသား မာချာဒို ကိုဆိုရင် 56 စက္ကန့်နဲ့ အလဲထိုးပြသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီရာက အောင်လကို ရင်ဆိုင်ရာမှာ အမှားလေး တစ်ချက်တောင် လုပ်လို့မရဘူးလို့ မှတ်ချက်ပေးခဲ့သလို ၊ အဲဒီ လို ခက်ခဲတဲ့ အနေအထားကပဲ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေ ပေါ်ထွက်လာဖို့ တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။
သူက အားကစားသမား ပီသတဲ့သူပါ။ တစ်ချိန်တည်းမှာပဲ နတ်ဆိုး တစ်ပါး ဖြစ်သလို ၊ ကြောက်ဖို့လဲ အရမ်းကောင်းပါတယ်
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 2
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 6
ကြိုးဝိုင်းထဲ ဝင်လာပြီ ဆိုတာနဲ့ နောက်ဆုတ်ပြီး ထိုးတတ်တဲ့ အကျင့်က သူ့မှာ ပါမလာတော့ပါဘူး ။ တစ်ပွဲပီး တစ်ပွဲ အရည်အသွေးတွေက ပိုတက်လာတယ် ၊ တိုက်ခိုက်ပုံတွေကလဲ ပိုပြီးတော့ ကြောက်ဖို့ ကောင်းလာပါတယ်။ ကျနော် ကတော့ ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်တွေထဲမှာ သူ့ထက် ခက်ခဲ့မယ့် ဖိုက်တာမျိုး မတွေ့ဖူးသေးပါဘူး။ ဒီထက် ပိုပြီး ပြောရရင် သူ့ရဲ့ သံမဏိစိတ်ဓါတ်ပါ။ မြန်မာ တစ်ပြည်လုံးကလဲ အခုလို ဖိုက်တာကောင်းတစ်ယောက် ဖြစ်လာဖို့ ဝိုင်းဝန်း မြှောက်စားနေကြတာလေ။
အဲဒီလိုတွေ ကိုယ့်ရဲ့ပြိုင်ဘက် အကြောင်းတွေးမိလိုက်တိုင်း ကျနော်လဲ စိတ်ဓါတ်ခွန်အားတွေ ဖြစ်ရပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ပင်ပန်းလာလို့ သူ့အကြောင်း စဉ်းစားမိလိုက်ရင် ၊ ပိုကောင်းတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ တွန်းအားတွေ ပေါ်ထွက်လာပါပြီ။
သူ့ရဲ့ နည်းစနစ်တွေ ၊ အချိန်ကိုက် ရွေးလျားမှုတွေက တော်တော်လေး သတိထားရမှာပါ။ သူက တစ်ခုခု လုပ်တော့မယ်ဆိုရင် ခေါင်းထဲက အမြဲတမ်း စဉ်းစားနေတာဗျ။ ကိုယ့်ကို တိုက်ကွက်မထုတ်သေးလို့ အထင်မသေးလိုက်ပါနဲ့ သူ့ရဲ့အတွေးထဲမှာ ကိုယ့်ရဲ့ အားနည်းချက်တွေကို တန်းစီချပြီး ရှာဖွေနေပါပြီ။ အဲဒီနောက် တိုက်ကွက်နဲ့ ဝင်လာပြီ ဆိုရင်တော့ ၊ အရင်ကနဲ့ မတူတဲ့ အောင်လ အန်ဆန်း ဖြစ်သွားပြီ ဆိုတာ ကောင်းကောင်း သဘောပေါက်လိုက်ပါတော့။ ဒါက ကြီးမားတဲ့ အန္တရာယ်တစ်ခု ကျရောက်တော့မယ့် နိမိတ်ဆိုတာ သတိထားရတော့မှာပါ လို့ ပြောဆိုသွားခဲ့ပါတယ်
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 7
ဘရန်ဒီဗီယာကအောင်လကိုအနိုင်တိုက်မယ့်အကွက်တွေ့ ထား 5
ဗီရာကတော့ အောင်လ အန်ဆန်းဟာ ဘက်ပေါင်းစုံကနေ ကြည့်ရင်တောင် ၊ အပြစ်ပြောစရာ မရှိတဲ့ ဖိုက်တာ တစ်ယောက်မို့ သူ့ရဲ့ အားနည်းချက်ကို ရှာရတာ ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လက်ရှိ လေ့ကျင့်ရေး စင်တာမှာလဲ အောင်လ ရဲ့ ပျော့ကွက်တွေကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ ပြောဆိုသွားသလို ၊ အနိုင်တိုက်ကွက် သုံးလို့ရမယ့် ဗျူဟာ တစ်ချို့ကိုလဲ တွေ့ရှိထားတဲ့ အကြောင်း အခုလို ဖွင့်ဟ သွားခဲ့ပါတယ်။
သူ့ကို ကျနော့်ရဲ့ အားသာချက်တွေ သုံးပြီး တိုက်လို့ ရမယ့် အနေအထားတစ်ချို့ ရှာတွေ့ပြီးပါပြီ ဒါပေမယ့် ခင်ဗျားတို့ကို ပြောပြမှာတော့ မဟုတ်ပါဘူး။
ကျနော်ဟာ ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူလေ့ ရှိတဲ့ သူမျိုး မဟုတ်ပေမယ့် ၊ ဒီပွဲမှာတော့ 5 ချီ ပြီးတဲ့အထိ အရောက်ခံမှာ မဟုတ်တာ သေချာပါတယ်။ အဲဒီ မတိုင်ခင် ပြတ်သားတဲ့ ရလာဒ် တစ်ခု ထွက်ပေါ်လာအောင် ကြိုးစားသွားမှာပါ။
ဘရန္ဒီဗီယာကေအာင္လကိုအနိုင္တိုက္မယ့္အကြက္ေတြ ့ထား 4
ပွဲ က ပြီး သွား လို့ ဒိုင်ရဲ့ အ ဆုံး အ ဖြတ် ကို စောင့် နေ ရ တာ မျိုး ကြီးလဲ ကျ နော် က မလို ချင် ဘူး လေ။ ရှုံး ရှုံး နိုင်နိုင် ပွဲ အ ပြီး ခင် အ ဖြေ ပေါ် အောင် ပဲ တိုက် ခိုက် သွား ချင်ပါတယ် လို့ဆို သွား ခဲ့ ပါ တယ်
ဆက် လက် ပြီး သူ့ ရဲ့ ရွှေ ခါးပတ် နှစ် ခု သိမ်း ပိုက် နိုင် မယ့် အ ခွင့် အ ရေး မျှော် လင့် ချက်နဲ့ ပတ် သက် လို
ဒါ မျိုး အ ခွင့် အ ရေး ဆို တာ ဖိုက် တာ တိုင်း ရ ကြ တာ မဟုတ် သ လို ၊ တစ်ချို့ဆိုရင် ရွှေ ခါး ပတ် အ နား ကပ် လို့တောင် မ ရ တဲ့ သူ တွေ အ များကြီး ပါ ပဲ။ နှစ် ထပ် ကွမ်း က မ္ဘာ့ ချန် ပီ ယံ ဆို တဲ့ ဂုဏ်ပု ဒ် က လုံး ၀ ကို တစ် မူ ထူး ခြားသွား တဲ့ အ နေ အ ထား မျိုးလေ
အ ခြေ ခံ အား ဖြင့် ပြော ရ ရင် အဲ ဒီ အ ဓိ ပ္ပါယ် က ကိုယ် ဟာ မ တူ ညီ တဲ့ ဝိတ် တန်း နှစ် ခုစ လုံး မှာ က မ္ဘာ့ အ တော်ဆုံး ဖိုက် တာ တစ် ယောက်လို့ သတ် မှတ် ခံ လိုက်ရတာ ပါ ဒီ အ ကြောင်း တွေ ကို ခ ဏ ခ ဏ ကျ နော် မ ပြော ခဲ့ဖူး ပေ မယ့် ၊ ကျ နော့် ဖိုက်တာဘ ၀ ရဲ့ 15 နှစ် လုံး လုံး ဒီ လို အ ခွင့် အ ရေး ရ ဖို့ အိပ် မက်မက် နေ ခဲ့ တာ ကြာ ခဲ့ ပါ ပြီ လို့ ပြော ဆို သွား ခဲ့ ပါ တယ်။Sports Myanmar
Be the first to comment
Leave a Reply
Your email address will not be published.
*