KTVတွင် အလုပ်လုပ်နေသော ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ သားမယား ပြုကျင့်ခံရ




KTVတွင် အလုပ်လုပ်နေသော ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ သားမယား ပြုကျင့်ခံရ 1



 

Unicode Versionဖြင့်ဖတ်ရန်

 

ဘုရားကြီးမြို့၌ KTV တွင် အလုပ်လုပ်နေသော အမျိုးသမီးတစ်ဦးအား ဆိုင်လုပ်သား မှ သားမယား ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် စက်တင်ဘာ ၁၂ ရက် ယနေ့ နံနက်ပိုင်း ၁နာရီခန့်က KTV၌ အလုပ်လုပ်နေသော အသက်၁၃ နှစ်အရွယ် အမျိုးသမီးမှာ ၎င်းဆိုင်ရှိ အလုပ်သမားများအိပ်ခန်းတွင် မိန်းကလေးအဖော်များနှင့် အိပ်ပျော်နေစဉ် ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ လူတစ်ဦးရောက်ရှိကာ ဘောင်းဘီအား ဆွဲချွတ်၍ အလိုမတူဘဲ ၅ မိနစ်ခန့် သားမယား ပြုကျင့်ခံရမှု ဖြစ်ပွားတယ်။

ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်မှာ ကြောက်လန့်၍ အော်ဟစ်ခြင်းမပြုဘဲ ၎င်းခန္ဓာကိုယ်အား တွန်းထားခဲ့စဉ် ဆိုင်ရှင်မှ ဖြိုးသူအောင်ဟု လှမ်းခေါ်သဖြင့် ၎င်းအမျိုးသား အခန်းအပြင်ထွက်သွားသည့် အချိန်မှ သားမယားပြုကျင့်သူမှာ ၎င်းဆိုင်တွင် အလုပ်လုပ်နေသော တစ်ရွာတည်း အိမ်နီးချင်းနေသူ ဖြိုးသူအောင် ဖြစ်ကြောင်း သိရှိခဲ့ရကြောင်း ဆိုသည်။

KTVတွင် အလုပ်လုပ်နေသော ၁၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၊ သားမယား ပြုကျင့်ခံရ 1

သမီးဖြစ်သူအား အလိုမတူဘဲသားမယားပြု ကျင့်သူKTV ဆိုင်အလုပ်သမားဖြိုးသူအောင်အား ဥပဒေအရ အရေးယူပေးပါရန် မိခင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ ကြေင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလိုမတူဘဲသားမယား ပြုကျင့်သူ ဖြိုးသူအောင်အား ဘုရားကြီးနယ်မြေရဲစခန်းမှ (ပ)၃၁၈ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ညီညီ(လှိုင်သာယာ)၊ မောင်မေတ္တာ(ဘုရားကြီး)/Real News Distribution Agency

Be the first to comment

Leave a Reply

Your email address will not be published.


*