Myanmar International Series ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္

ျမန္မာနိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံ က်င္းပလ်က္ရွိသည့္ Myanmar International Series ၾကက္ေတာင္ ၿပိဳင္ပြဲ တတိယေန႔ကို ယေန႔နံနက္ ၁၀ နာရီမွစ၍ ရန္ကုန္ၿမိဳ့ရွိ အမ်ိဳးသား ၾကက္ေတာင္ အားကစားခန္းမ၌ က်င္းပရာ ျမန္မာၾကက္ေတာင္ အားကစားမယ္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ခဲ့သည္။

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 1

အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ သက္ထား သူဇာသည္ ဒုတိယအဆင့္မွ စတင္ ယွဥ္ၿပိဳင္ခဲ့ရၿပီး ထိုင္းကစားသမား ဆာရန္ပြန္ကို ႏွစ္ပြဲျပတ္အနိုင္ရခဲ့ျခင္း ျဖစ္သည္။ သက္ထားသူဇာသည္ ပုံစံ ေကာင္းျပသကာ လက္ရည္အသာျဖင့္ ကစားၿပီး အနိုင္ရခဲ့ျခင္းျဖစ္သည္။

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 2

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 3

သက္ထားသူဇာသည္ ပထမပြဲငယ္တြင္ အမွတ္မ်ား ဆက္တိုက္ရယူနိုင္ေသာ ေၾကာင့္ ၂၁-၁၀ မွတ္ျဖင့္ အနိုင္ရခဲ့သည္။ ဒုတိယပြဲငယ္တြင္ ထိုင္းကစားသမား ဆာရန္ပြန္ အမွတ္မ်ားရလာေသာ္ လည္း သက္ထားသူဇာက တည္တည္ ၿငိမ္ၿငိမ္ျဖင့္ အမွတ္မ်ားရယူကာ ၂၁-၁၄ မွတ္ျဖင့္ ႏွစ္ပြဲျပတ္ အနိုင္ရခဲ့ျခင္းျဖစ္ သည္။ ၿပိဳင္ပြဲတတိယေန႔တြင္ ပြဲစဥ္ စုစုေပါင္း ၂၉ ပြဲ က်င္းပခဲ့ၿပီး အမ်ိဳးသား တစ္ဦးခ်င္းၿပိဳင္ပြဲႏွင့္ အမ်ိဳးသမီး တစ္ဦးခ်င္းၿပိဳင္ပြဲ ဒုတိယအဆင့္ ပြဲစဥ္မ်ား၊ အမ်ိဳးသား+အမ်ိဳးသမီး ႏွစ္ေယာက္တြဲၿပိဳင္ပြဲ ပထမအဆင့္ ပြဲစဥ္မ်ား က်င္းပခဲ့သည္။ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့သည့္ ျမန္မာကစားသမားမ်ားအနက္ သင္းသင္းစံမွာ ထိုင္းကစားသမား ဘင္ရာမာကို ႏွစ္ပြဲျပတ္၊ တြယ္တာဦးမွာ အိႏၵိယကစားသမား သူလာဆီကို ႏွစ္ပြဲျပတ္တို့ျဖင့္ အေရးနိမ့္ခဲ့သည္။

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 4

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 5

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 6

ၿပိဳင္ပြဲစတုတၳေန႔ကို စက္တင္ဘာ ၁၃ ရက္ (ယေန႔) ဆက္လက္က်င္းပမည္ျဖစ္ၿပီး အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲ၊ အမ်ိဳးသားတစ္ဦးခ်င္းၿပိဳင္ပြဲ၊ အမ်ိဳးသမီး ႏွစ္ေယာက္တြဲၿပိဳင္ပြဲ၊ အမ်ိဳးသားႏွစ္ေယာက္တြဲၿပိဳင္ပြဲႏွင့္ အမ်ိဳးသား+အမ်ိဳးသမီး ႏွစ္ေယာက္တြဲၿပိဳင္ပြဲ ပြဲစဥ္မ်ား က်င္းပမည္ျဖစ္သည္။ သက္ထား သူဇာသည္ ကြာတားဖိုင္နယ္တြင္ အိႏၵိယကစားသမားႏွင့္ ေတြ႕ဆုံေနၿပီး ယေန႔ မြန္းလြဲ ၁ နာရီ မိနစ္ ၄၀ တြင္ ယွဥ္ၿပိဳင္ ကစားရမည္ျဖစ္သည္။ညီျမတ္ေသာ္တာ

 

Unicode Versionျဖင့္ဖတ္ရန္

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် Myanmar International Series ကြက်တောင် ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီမှစ၍ ရန်ကုန်မြို့ရှိ အမျိုးသား ကြက်တောင် အားကစားခန်းမ၌ ကျင်းပရာ မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။တက်ရောက်ခဲ့သည်။

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 7

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် သက်ထား သူဇာသည် ဒုတိယအဆင့်မှ စတင် ယှဉ်ပြိုင်ခဲ့ရပြီး ထိုင်းကစားသမား ဆာရန်ပွန်ကို နှစ်ပွဲပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သက်ထားသူဇာသည် ပုံစံ ကောင်းပြသကာ လက်ရည်အသာဖြင့် ကစားပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 8

သက်ထားသူဇာသည် ပထမပွဲငယ်တွင် အမှတ်များ ဆက်တိုက်ရယူနိုင်သော ကြောင့် ၂၁-၁၀ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲငယ်တွင် ထိုင်းကစားသမား ဆာရန်ပွန် အမှတ်များရလာသော် လည်း သက်ထားသူဇာက တည်တည် ငြိမ်ငြိမ်ဖြင့် အမှတ်များရယူကာ ၂၁-၁၄ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ် သည်။ ပြိုင်ပွဲတတိယနေ့တွင် ပွဲစဉ် စုစုပေါင်း ၂၉ ပွဲ ကျင်းပခဲ့ပြီး အမျိုးသား တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ဒုတိယအဆင့် ပွဲစဉ်များ၊ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ ပထမအဆင့် ပွဲစဉ်များ ကျင်းပခဲ့သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကစားသမားများအနက် သင်းသင်းစံမှာ ထိုင်းကစားသမား ဘင်ရာမာကို နှစ်ပွဲပြတ်၊ တွယ်တာဦးမှာ အိန္ဒိယကစားသမား သူလာဆီကို နှစ်ပွဲပြတ်တို့ဖြင့် အရေးနိမ့်ခဲ့သည်။

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 4

Myanmar  International  Series  ၾကက္ေတာင္ၿပိဳင္ပြဲတြင္ သက္ထားသူဇာ ကြာတားဖိုင္နယ္ တက္ေရာက္ 3

ပြိုင်ပွဲစတုတ္ထနေ့ကို စက်တင်ဘာ ၁၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ ပွဲစဉ်များ ကျင်းပမည်ဖြစ်သည်။ သက်ထား သူဇာသည် ကွာတားဖိုင်နယ်တွင် အိန္ဒိယကစားသမားနှင့် တွေ့ဆုံနေပြီး ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ညီမြတ်သော်တာ

Be the first to comment

Leave a Reply

Your email address will not be published.


*