မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားတဲ့ သ႐ုပ္ေဆာင္ ဟိန္းေဝယံက အေဖ့ရဲ႕ လုပ္ငန္းေတြကို ကူညီလုပ္ကိုင္ေပးလို႔ ေနပါတယ္။ အဲ့ဒါေၾကာင့္ လက္ရွိမွာ အႏုပညာအလုပ္ေတြ ခဏနားထားတယ္လို႔ သူက ဆိုပါတယ္။

1

“အႏုပညာအလုပ္ေလးေတြ ခဏနားထားတယ္။ စီးပြားေရး လုပ္ျဖစ္ေနတယ္။ အေဖ့ရဲ႕ လုပ္ငန္းေတြကို သားတစ္ေယာက္ အေနနဲ႔ ဝိုင္းၿပီး ေတာ့ ကူညီပံ့ပိုးေပးေနတယ္။ စီးပြားေရးနဲ႔ ပတ္သက္ၿပီးေတာ့ အေဖ့ရဲ႕ လုပ္ငန္းေတြကိုလည္း လုပ္ေပးေနသလို ကြၽန္ေတာ္ကိုယ္တိုင္ လုပ္ခ်င္တဲ့ စီးပြားေရးေတြလည္း ရွိပါတယ္” လို႔ ဟိန္းေဝယံက ေျပာပါတယ္။

2

စီးပြားေရးဘက္ကို လုပ္ျဖစ္ေနတယ္ဆိုေပမယ့္လည္း သူကိုယ္တိုင္ ဝါသနာပါတဲ့ အႏုပညာအလုပ္ကိုေတာ့ စြန႔္လႊတ္သြားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ အႏုပညာအလုပ္ကို လုပ္ေနရရင္ ေပ်ာ္ေနတဲ့ ဟိန္းေဝယံက သူရဲ႕ ဇာတ္ကား ေတြလည္း႐ုံတင္ဖို႔ေတြ ရွိလို႔ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေပးပါဦးလို႔ ေျပာပါတယ္။

3

“႐ုပ္ရွင္ဘက္ကိုလည္း ဆက္လုပ္မွာပါ။ ကြၽန္ေတာ့္အေနနဲ႔ ကိုယ္ဝါသနာပါတဲ့ အလုပ္ေလးကို လုပ္ေနရရင္ကို ေပ်ာ္ေနတာပါ။ ႐ုံတင္မယ့္ ဇာတ္ကားေတြ ရွိတယ္။ ငါးကာေျခာက္ကားေလာက ္ရွိေသးတယ္။

႐ိုက္တဲ့ အခ်ိန္မွာ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစား႐ိုက္ကူးထားတယ္။ ကြၽန္ေတာ္ကားေတြ ႐ုံေပၚ ေရာက္ေတာ့မွာပါ။ ကြၽန္ေတာ့္ကို ေစာင့္ေနတဲ့ ပရိသတ္ေတြ ၾကည့္ရႈေပးပါဦး” ဆိုၿပီး Not Copyrighted ပြဲမွာ မီဒီယာေတြကို ေျပာျပခဲ့တာျဖစ္ပါတယ္။

ဟိန္းေဝယံကိုေတာ့ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးမႈမ်ားစြာ ရရွိခဲ့သူျဖစ္ပါတယ္။ အဲဒီေနာက္ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ၊ တီဗီေၾကာ္ျငာေပါင္းမ်ားစြာ တို႔ကိုလည္း ႐ိုက္ကူးခဲ့ဖူးသူပါ။ အခုဆိုရင္ေတာ့ သူ႔ရဲ႕ အႏုပညာသက္တမ္းဟာ ႏွစ္ ၂၀ ေက်ာ္ကို ေရာက္ရွိလို႔ေနပါၿပီ။

Unicode
မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံက အဖေ့ရဲ့ လုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးလို့ နေပါတယ်။ အဲ့ဒါကြောင့် လက်ရှိမှာ အနုပညာအလုပ်တွေ ခဏနားထားတယ်လို့ သူက ဆိုပါတယ်။

“အနုပညာအလုပ်လေးတွေ ခဏနားထားတယ်။ စီးပွားရေး လုပ်ဖြစ်နေတယ်။ အဖေ့ရဲ့ လုပ်ငန်းတွေကို သားတစ်ယောက် အနေနဲ့ ဝိုင်းပြီး တော့ ကူညီပံ့ပိုးပေးနေတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အဖေ့ရဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးနေသလို ကျွန်တော်ကိုယ်တိုင် လုပ်ချင်တဲ့ စီးပွားရေးတွေလည်း ရှိပါတယ်” လို့ ဟိန်းဝေယံက ပြောပါတယ်။

စီးပွားရေးဘက်ကို လုပ်ဖြစ်နေတယ်ဆိုပေမယ့်လည်း သူကိုယ်တိုင် ဝါသနာပါတဲ့ အနုပညာအလုပ်ကိုတော့ စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အနုပညာအလုပ်ကို လုပ်နေရရင် ပျော်နေတဲ့ ဟိန်းဝေယံက သူရဲ့ ဇာတ်ကား တွေလည်းရုံတင်ဖို့တွေ ရှိလို့ ပရိသတ်တွေ စောင့်မျှော်ပေးပါဦးလို့ ပြောပါတယ်။

“ရုပ်ရှင်ဘက်ကိုလည်း ဆက်လုပ်မှာပါ။ ကျွန်တော့်အနေနဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးကို လုပ်နေရရင်ကို ပျော်နေတာပါ။ ရုံတင်မယ့် ဇာတ်ကားတွေ ရှိတယ်။ ငါးကာခြောက်ကားလောက ်ရှိသေးတယ်။

ရိုက်တဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရိုက်ကူးထားတယ်။ ကျွန်တော်ကားတွေ ရုံပေါ် ရောက်တော့မှာပါ။ ကျွန်တော့်ကို စောင့်နေတဲ့ ပရိသတ်တွေ ကြည့်ရှုပေးပါဦး” ဆိုပြီး Not Copyrighted ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကားပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်းများစွာ တို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*