ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ တစ္ဖက္သက္ အပစ္ရပ္လိုက္တာဟာ ၿငိမ္းခ်မ္းေရး လိုလားတာေၾကာင့္ မဟုတ္

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ တစ္ဖက္သက္ အပစ္ရပ္လိုက္တာဟာ ၿငိမ္းခ်မ္းေရး လိုလားတာေၾကာင့္ မဟုတ္ဘဲ စစ္ပန္းေနတာေၾကာင့္လို႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာေအာင္မ်ိဳးေျပာ

Thursday, September 12, 2019

ကိုးကန္႔(MNTJP/MNDAA)၊ တေအာင္း (PSLF/TNLA)နွင့္ ရခိုင္အဖြဲ႔(ULA/AA) ေျမာက္ပိုင္း ညီေနာင္မဟာမိတ္သံုးဖြဲ႕ဘက္က တစ္ဖက္သက္အပစ္ရပ္တယ္ဆိုတာ ၿငိမ္းခ်မ္းေရး လိုခ်င္တာေၾကာင့္ မဟုတ္ဘဲ စစ္ပန္းေနတာေၾကာင့္လို႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာေအာင္မ်ိဳးက ေျပာၾကားလိုက္ပါတယ္။

“ရပ္လိုက္တယ္ဆိုတာ စစ္ပန္းလို႔ေပါ့၊ လက္နက္ႀကီးျပစ္ကူေတြေရာ၊ တိုက္ပြဲက်တာေတြ ရွိတယ္။ စစ္ထံုးစံမွာ ျပန္လည္စုဖြဲ႕ျခင္းဆိုတာရွိတယ္။ ျပန္စုရမယ္၊ အားေမြးရမယ္၊ က်ည္ဆံေတြစုရမယ္။ အဲ့ဒီလုပ္ငန္းေတြရွိလို႔ တစ္လ နားတာေပါ့၊ ဒါကို သူက စစ္မလိုလားသလိုလို၊ နားသလိုလိုေျပာတယ္၊ တကယ္ေတာ့ မနားလို႔မရလို႔ အနားယူရမွာ” လို႔ ေဒါက္တာေအာင္မ်ိဳးက ဆိုပါတယ္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ တစ္ဖက္သက္ အပစ္ရပ္လိုက္တာဟာ ၿငိမ္းခ်မ္းေရး လိုလားတာေၾကာင့္ မဟုတ္ 1

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၉ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ေျမာက္ပိုင္းမဟာမိတ္သံုးဖြဲ႕ရဲ႕ တစ္လတာ တစ္ဖက္သတ္အပစ္အခတ္ ရပ္စဲေၾကာင္း ေၾကညာခ်က္နဲ႕ ပတ္သက္ၿပီး လူထုမီဒီယာနဲ႕ ေတြ႕ဆံုေမးျမန္းမႈမွာ ေဒါက္တာေအာင္မ်ိဳးက အခုလို ေျပာဆိုလိုက္တာျဖစ္ပါတယ္။

“ေျမာက္ပုိင္းမဟာမိတ္အဖြဲ႕က တစ္နိုင္ငံလံုးအေပၚ မဂၤလာယူတဲ့အေနနဲ႔ စစ္မလိုလား လို႔ဘဲနားသလိုလို ဘာလိုလိုေျပာတာ။ မဟုတ္ပါဘူး။ သူမနားလို႔မရေတာ့ဘူး။ ေငြေၾကး အရေရာ လူအင္အားအရေရာ သူ အနား ယူရမွာပါ။ ဒီအခ်ိန္မွာတပ္က လာမတိုက္ေအာင္ သူ႔ဘက္ကေနၿပီး တစ္ဖက္သတ္ရပ္စဲတယ္ေျပာတဲ့သေဘာပါ။ ေျပာရရင္ ဒါရိုးသားတဲ့ အမူအရာမဟုတ္ပါဘူး။” လို႔ ေဒါက္တာေအာင္မ်ိဳးက ဆက္လက္ေျပာဆိုခဲ့ပါတယ္။PeopleMedia

 

Unicode Versionျဖင့္ဖတ္ရန္

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ တစ်ဖက်သက် အပစ်ရပ်လိုက်တာဟာ ငြိမ်းချမ်းရေး လိုလားတာကြောင့် မဟုတ်ဘဲ စစ်ပန်းနေတာကြောင့်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးပြော

Thursday, September 12, 2019

ကိုးကန့်(MNTJP/MNDAA)၊ တအောင်း (PSLF/TNLA)နှင့် ရခိုင်အဖွဲ့(ULA/AA) မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်က တစ်ဖက်သက်အပစ်ရပ်တယ်ဆိုတာ ငြိမ်းချမ်းရေး လိုချင်တာကြောင့် မဟုတ်ဘဲ စစ်ပန်းနေတာကြောင့်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောကြားလိုက်ပါတယ်။

“ရပ်လိုက်တယ်ဆိုတာ စစ်ပန်းလို့ပေါ့၊ လက်နက်ကြီးပြစ်ကူတွေရော၊ တိုက်ပွဲကျတာတွေ ရှိတယ်။ စစ်ထုံးစံမှာ ပြန်လည်စုဖွဲ့ခြင်းဆိုတာရှိတယ်။ ပြန်စုရမယ်၊ အားမွေးရမယ်၊ ကျည်ဆံတွေစုရမယ်။ အဲ့ဒီလုပ်ငန်းတွေရှိလို့ တစ်လ နားတာပေါ့၊ ဒါကို သူက စစ်မလိုလားသလိုလို၊ နားသလိုလိုပြောတယ်၊ တကယ်တော့ မနားလို့မရလို့ အနားယူရမှာ” လို့ ဒေါက်တာအောင်မျိုးက ဆိုပါတယ်။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ တစ္ဖက္သက္ အပစ္ရပ္လိုက္တာဟာ ၿငိမ္းခ်မ္းေရး လိုလားတာေၾကာင့္ မဟုတ္ 1

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တစ်လတာ တစ်ဖက်သတ်အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်နဲ့ ပတ်သက်ပြီး လူထုမီဒီယာနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဒေါက်တာအောင်မျိုးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

“မြောက်ပိုင်းမဟာမိတ်အဖွဲ့က တစ်နိုင်ငံလုံးအပေါ် မင်္ဂလာယူတဲ့အနေနဲ့ စစ်မလိုလား လို့ဘဲနားသလိုလို ဘာလိုလိုပြောတာ။ မဟုတ်ပါဘူး။ သူမနားလို့မရတော့ဘူး။ ငွေကြေး အရရော လူအင်အားအရရော သူ အနား ယူရမှာပါ။ ဒီအချိန်မှာတပ်က လာမတိုက်အောင် သူ့ဘက်ကနေပြီး တစ်ဖက်သတ်ရပ်စဲတယ်ပြောတဲ့သဘောပါ။ ပြောရရင် ဒါရိုးသားတဲ့ အမူအရာမဟုတ်ပါဘူး။” လို့ ဒေါက်တာအောင်မျိုးက ဆက်လက်ပြောဆိုခဲ့ပါတယ်။PeopleMedia

Be the first to comment

Leave a Reply

Your email address will not be published.


*