မေတြ႔တာ ႏွစ္ခ်ီတဲ့အလား ၾကည္ႏူးဖြယ္ ေပြ႔ဖက္ႏႈတ္ဆက္ခဲ့ၾကတဲ့ သူငယ္ခ်င္းေလး(၂) ဦး

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ လူသြားလမ္းေဘးတစ္ေနရာမွာ လမ္းေလွ်ာက္တတ္စ ကေလးငယ္ႏွစ္ဦးရဲ႕ တစ္ဦးနဲ႔တစ္ဖက္ ခ်စ္ခင္ရင္းႏွီးစြာ ေပြ႔ဖက္ႏႈတ္ဆက္ေနၾကတဲ့ ဗီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚမွာ လူၾကည့္အရမ္းမ်ားေနတာကို insider သတင္းမွာ ေတြ႔လိုက္ရပါတယ္။ အင္တာနက္အသံုးျပဳသူေတြကေတာ့ ဒီကေလးငယ္ႏွစ္ေယာက္ရဲ႕ခ်စ္စရာေကာင္းတဲ့အျပဳအမူဟာ ႏွလံုးသားေတြကို ေႏြးေထြးသြားေစတယ္လို႔ ဆိုပါတယ္။

မေတြ႔တာ ႏွစ္ခ်ီတဲ့အလား ၾကည္ႏူးဖြယ္ ေပြ႔ဖက္ႏႈတ္ဆက္ခဲ့ၾကတဲ့ သူငယ္ခ်င္းေလး(၂) ဦး 1

ဗီဒီယိုေလးထဲမွာ ေတြ႔ရတဲ့ ကေလးႏွစ္ေယာက္ဟာ အသက္(၂) ႏွစ္အရြယ္ မက္စ္၀ဲလ္နဲ႔ ဖန္နီဂန္တို႔ ျဖစ္ပါတယ္။ သူတို႔ႏွွစ္ေယာက္ဟာ လမ္းလယ္မွာ တစ္ေယာက္ကို တစ္ေယာက္ ေတြ႔လိုက္တဲ့အခ်ိန္မွာပဲ ႏွစ္ေယာက္စလံုး လက္ေတြ ေျမွာက္ၿပီး အခ်င္းခ်င္းေပြ႔ဖက္ဖို႔ ေျပးလာၾကတာ ျဖစ္ပါတယ္။ ဖန္နီဂန္ဟာ မက္္စ္၀ဲလ္ကုိ သူ႔အရုပ္ေလး ျပလိုက္ပါေသးတယ္။ ဒီေနာက္မွာေတာ့ ႏွစ္ေယာက္သား တစ္ေယာက္ေနာက္ကို တစ္ေယာက္ေျပးလိုက္ရင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေဆာ့ေနခဲ့တာကိုလည္း ဗီဒီယိုေလးထဲမွာ ေတြ႔ရမွာပါ။

မေတြ႔တာ ႏွစ္ခ်ီတဲ့အလား ၾကည္ႏူးဖြယ္ ေပြ႔ဖက္ႏႈတ္ဆက္ခဲ့ၾကတဲ့ သူငယ္ခ်င္းေလး(၂) ဦး 2

မိုက္ကယ္က “သူတို႔သူငယ္ခ်င္း ႏွစ္ေယာက္က အရမ္းခ်စ္ၾကတာ။ တစ္ေယာက္ကို တစ္ေယာက္ ေတြ႔တဲ့အခါ ခုလို အျမဲတမ္း စိတ္လႈပ္ရွားတတ္ၾကတယ္။ တစ္ရက္၊ ႏွစ္ရက္ေလာက္ မေတြ႔ပဲေနလို႔ ျပန္ေတြ႔ရင္ ခုလိုပဲ ျမင္ရတာပဲ…” လို႔ ေျပာျပပါတယ္။ ဒါ့အျပင္ မက္စ္၀ဲလ္နဲ႔ ဖန္နီဂန္ဟာ အစားအေသာက္၊ အရုပ္နဲ႔ အျခားအရာေလးေတြကိုလည္း ႏွစ္ေယာက္သား သေဘာမွ်တစြာ သံုးစြဲေလ့ရွိတယ္လို႔လည္း မိုက္ကယ္ေျပာစကားအရ သိရပါတယ္။Shwemom

Videoၾကည့္ရန္

Unicode Versionျဖင့္ဖတ္ရန္

 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လူသွားလမ်းဘေးတစ်နေရာမှာ လမ်းလျှောက်တတ်စ ကလေးငယ်နှစ်ဦးရဲ့ တစ်ဦးနဲ့တစ်ဖက် ချစ်ခင်ရင်းနှီးစွာ ပွေ့ဖက်နှုတ်ဆက်နေကြတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ လူကြည့်အရမ်းများနေတာကို insider သတင်းမှာ တွေ့လိုက်ရပါတယ်။ အင်တာနက်အသုံးပြုသူတွေကတော့ ဒီကလေးငယ်နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့အပြုအမူဟာ နှလုံးသားတွေကို နွေးထွေးသွားစေတယ်လို့ ဆိုပါတယ်။

မေတြ႔တာ ႏွစ္ခ်ီတဲ့အလား ၾကည္ႏူးဖြယ္ ေပြ႔ဖက္ႏႈတ္ဆက္ခဲ့ၾကတဲ့ သူငယ္ခ်င္းေလး(၂) ဦး 1

ဗီဒီယိုလေးထဲမှာ တွေ့ရတဲ့ ကလေးနှစ်ယောက်ဟာ အသက်(၂) နှစ်အရွယ် မက်စ်ဝဲလ်နဲ့ ဖန်နီဂန်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လမ်းလယ်မှာ တစ်ယောက်ကို တစ်ယောက် တွေ့လိုက်တဲ့အချိန်မှာပဲ နှစ်ယောက်စလုံး လက်တွေ မြှောက်ပြီး အချင်းချင်းပွေ့ဖက်ဖို့ ပြေးလာကြတာ ဖြစ်ပါတယ်။ ဖန်နီဂန်ဟာ မက်စ်ဝဲလ်ကို သူ့အရုပ်လေး ပြလိုက်ပါသေးတယ်။ ဒီနောက်မှာတော့ နှစ်ယောက်သား တစ်ယောက်နောက်ကို တစ်ယောက်ပြေးလိုက်ရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့နေခဲ့တာကိုလည်း ဗီဒီယိုလေးထဲမှာ တွေ့ရမှာပါ။

မေတြ႔တာ ႏွစ္ခ်ီတဲ့အလား ၾကည္ႏူးဖြယ္ ေပြ႔ဖက္ႏႈတ္ဆက္ခဲ့ၾကတဲ့ သူငယ္ခ်င္းေလး(၂) ဦး 2

မိုက်ကယ်က “သူတို့သူငယ်ချင်း နှစ်ယောက်က အရမ်းချစ်ကြတာ။ တစ်ယောက်ကို တစ်ယောက် တွေ့တဲ့အခါ ခုလို အမြဲတမ်း စိတ်လှုပ်ရှားတတ်ကြတယ်။ တစ်ရက်၊ နှစ်ရက်လောက် မတွေ့ပဲနေလို့ ပြန်တွေ့ရင် ခုလိုပဲ မြင်ရတာပဲ…” လို့ ပြောပြပါတယ်။ ဒါ့အပြင် မက်စ်ဝဲလ်နဲ့ ဖန်နီဂန်ဟာ အစားအသောက်၊ အရုပ်နဲ့ အခြားအရာလေးတွေကိုလည်း နှစ်ယောက်သား သဘောမျှတစွာ သုံးစွဲလေ့ရှိတယ်လို့လည်း မိုက်ကယ်ပြောစကားအရ သိရပါတယ်။Shwemom

Be the first to comment

Leave a Reply

Your email address will not be published.


*