“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္

ႏိုင္ငံေတာ္အစိုးရ ကို အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားစြဲကာ ဖမ္းဝရမ္းထုတ္ခံ ထားရသည့္ လႊတ္ေတာ္အမတ္ေဟာင္း ဦးလွေဆြသည္ ယခုထိ ေရွာင္တိမ္းေနဆဲျဖစ္သျဖင့္ ရဲတပ္ဖြဲ႕က အေနာက္ပိုင္းခ႐ိုင္တရား႐ုံးထံ ယေန႔ ဝရမ္းျပန္အပ္ လိုက္သည္။

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 1

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 2

လက္ရွိအစိုးရအဖြဲ႕ အႀကီးအကဲမ်ား႐ုံးထိုင္သည့္ ေနရာမ်ားအေပၚ အေမရိကန္က “ဗုံးႀကဲ” ေစခ်င္ၿပီး အစိုးရအဖြဲ႕ဝင္မ်ား “အကုန္လုံးေသပါေစ၊ ေအးေရာ” ဟု ရန္ကုန္ၿမိဳ႕လယ္ ဩဂုတ္လ ေဟာေျပာပြဲတစ္ခုတြင္ ထည့္ေျပာခဲ့သည့္ အသက္ ၅၉ ႏွစ္အ႐ြယ္ “ဘူးလက္” ဦးလွေဆြသည္ အစိုးရ၏အမႈဖြင့္ျခင္းကို ခံရၿပီးေနာက္ မည္သည့္ေနရာသို႔ ေရာက္ရွိေနမွန္း မသိရေပ။

ဦးလွေဆြ ေနထိုင္သည့္ ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ ဂန္႔ေဂါၿမိဳ႕ သုံးေနရာစလုံးတြင္ ၎ကို ရွာမေတြ႕သျဖင့္ ဝရန္းျပန္အပ္ေၾကာင္း ဖမ္းဝရမ္းထုတ္သည့္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးသို႔ ဂန္႔ေဂါၿမိဳ႕မရဲစခန္း စခန္းမႉး ဒုရဲမႉးလွေမာင္က ယေန႔ တင္ျပသည္။

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 3

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 4

ဦးလွေဆြကို ဖမ္းမမိေသးသည့္အတြက္ အျခားေသာ တရားလိုသက္ေသမ်ားကိုသာ ေနာက္႐ုံးခ်ိန္းမ်ားတြင္ စစ္ေဆးသြားမည္ဟု အဆိုပါတရား႐ုံး ျပန္ၾကားေရးအရာရွိ ဦးမင္းသန္႔က ေျပာသည္။ “ဝရမ္း အတည္မျဖစ္ေၾကာင္း ေပၚလြင္ေအာင္ စစ္ေဆးေနတဲ့ အဆင့္ျဖစ္တယ္” ဟု ၎က ေျပာသည္။

စစ္ေဆးမည့္သူမ်ားမွာ ဦးလွေဆြေနထိုင္သည့္ မေကြးတိုင္း ဂန္႔ေဂါၿမိဳ႕နယ္၊ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္၊ ရန္ကုန္ ေျမာက္ဒဂုံၿမိဳ႕သစ္တို႔၏ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား ျဖစ္ၾကသည္ဟု ဦးမင္းသန္႔က ေျပာသည္။

ပုဗၺသီရိၿမိဳ႕နယ္၊ ရတနာဒီပရပ္ကြက္ရွိ ဦးလွေဆြ၏ ဒုတိယဇနီးေနထိုင္ရာ ေနအိမ္ႏွင့္ ဒဂုံၿမိဳ႕ သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ ျပည္ေထာင္စုလမ္း၊ ၄၅ ရပ္ကြက္ရွိ ဦးလွေဆြ၏ ပထမဇနီး ေနအိမ္မ်ားသို႔ ရဲက ဝရမ္းျဖင့္ ဝင္ေရာက္ ဖမ္းဆီးရွာေဖြရာ မေတြ႕ရွိခဲ့ေၾကာင္း ဒုရဲမႉး လွေမာင္က ႐ုံးေတာ္သို႔ တင္ျပသည္။

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 5

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 6

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 7

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြကို အမႈဖြင့္ထားသည့္ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄-က သည္ ျပစ္မႈထင္ရွားပါက အျမင့္ဆုံး ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း (ႏွစ္ ၂၀ ထိ) အျပင္ ေငြဒဏ္ပါ ခ်မွတ္ႏိုင္သည့္ ပုဒ္မျဖစ္သည္။

ထို႔အျပင္ ဦးလွေဆြ၏ အဆိုပါေန႔က ေျပာဆိုခ်က္မ်ားတြင္ အစၥလာမ္ဘာသာကို ထိခိုက္ေစသည္ဟုဆိုကာ အမႈဖြင့္ဖို႔ ေက်ာက္တံတားၿမိဳ႕နယ္တရား႐ုံးတြင္ တိုင္ၾကားခံထားရေသးသည္။

ဇူလိုင္လဆန္းပိုင္းကလည္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ေဟာင္း သူရဦးေ႐ႊမန္း၏ ပုဂၢိဳလ္ေရးလြတ္လပ္ခြင့္မ်ားကို ခ်ိဳးေဖာက္သည္ဟုဆိုကာ ဦးေ႐ႊမန္း၏ယာဥ္ေမာင္းက ဦးလွေဆြအေပၚ ႏိုင္ငံသားမ်ား၏ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို ကာကြယ္ေပးေရးဥပေဒ ပုဒ္မ ၁၀ ျဖင့္ အမႈဖြင့္ခဲ့သည္။Kumudra

 

Unicode Versionျဖင့္ဖတ္ရန္

 

နိုင်ငံတော်အစိုးရ ကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲကာ ဖမ်းဝရမ်းထုတ်ခံ ထားရသည့် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေသည် ယခုထိ ရှောင်တိမ်းနေဆဲဖြစ်သဖြင့် ရဲတပ်ဖွဲ့က အနောက်ပိုင်းခရိုင်တရားရုံးထံ ယနေ့ ဝရမ်းပြန်အပ် လိုက်သည်။

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 1

လက်ရှိအစိုးရအဖွဲ့ အကြီးအကဲများရုံးထိုင်သည့် နေရာများအပေါ် အမေရိကန်က “ဗုံးကြဲ” စေချင်ပြီး အစိုးရအဖွဲ့ဝင်များ “အကုန်လုံးသေပါစေ၊ အေးရော” ဟု ရန်ကုန်မြို့လယ် ဩဂုတ်လ ဟောပြောပွဲတစ်ခုတွင် ထည့်ပြောခဲ့သည့် အသက် ၅၉ နှစ်အရွယ် “ဘူးလက်” ဦးလှဆွေသည် အစိုးရ၏အမှုဖွင့်ခြင်းကို ခံရပြီးနောက် မည်သည့်နေရာသို့ ရောက်ရှိနေမှန်း မသိရပေ။

ဦးလှဆွေ နေထိုင်သည့် ရန်ကုန်၊ နေပြည်တော်နှင့် ဂန့်ဂေါမြို့ သုံးနေရာစလုံးတွင် ၎င်းကို ရှာမတွေ့သဖြင့် ဝရန်းပြန်အပ်ကြောင်း ဖမ်းဝရမ်းထုတ်သည့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ ဂန့်ဂေါမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးလှမောင်က ယနေ့ တင်ပြသည်။

ဦးလှဆွေကို ဖမ်းမမိသေးသည့်အတွက် အခြားသော တရားလိုသက်သေများကိုသာ နောက်ရုံးချိန်းများတွင် စစ်ဆေးသွားမည်ဟု အဆိုပါတရားရုံး ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။ “ဝရမ်း အတည်မဖြစ်ကြောင်း ပေါ်လွင်အောင် စစ်ဆေးနေတဲ့ အဆင့်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 2

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 3

စစ်ဆေးမည့်သူများမှာ ဦးလှဆွေနေထိုင်သည့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန် မြောက်ဒဂုံမြို့သစ်တို့၏ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်ဟု ဦးမင်းသန့်က ပြောသည်။

ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်ရှိ ဦးလှဆွေ၏ ဒုတိယဇနီးနေထိုင်ရာ နေအိမ်နှင့် ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်း၊ ၄၅ ရပ်ကွက်ရှိ ဦးလှဆွေ၏ ပထမဇနီး နေအိမ်များသို့ ရဲက ဝရမ်းဖြင့် ဝင်ရောက် ဖမ်းဆီးရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း ဒုရဲမှူး လှမောင်က ရုံးတော်သို့ တင်ပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို အမှုဖွင့်ထားသည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 4

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 5

ထို့အပြင် ဦးလှဆွေ၏ အဆိုပါနေ့က ပြောဆိုချက်များတွင် အစ္စလာမ်ဘာသာကို ထိခိုက်စေသည်ဟုဆိုကာ အမှုဖွင့်ဖို့ ကျောက်တံတားမြို့နယ်တရားရုံးတွင် တိုင်ကြားခံထားရသေးသည်။

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 6

“ ဘူးလက္ ” လွေဆြ ကို ရွာမေတြ႕ သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က ဝရမ္းျပန္အပ္ 7

ဇူလိုင်လဆန်းပိုင်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ချိုးဖောက်သည်ဟုဆိုကာ ဦးရွှေမန်း၏ယာဉ်မောင်းက ဦးလှဆွေအပေါ် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည်။Kumudra

Be the first to comment

Leave a Reply

Your email address will not be published.


*