မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး

ဒီနေ့ နေ့ခင်း ၃ နာရီလောက်မှာ မန္တလေးမြို့ထဲ ၂၉ လမ်း ၈၃ လမ်းထောင့် မျိုးသိန်းလျှပ်စစ်ပစ္စည်းစင်တာဆိုင်ရှေ့ ရုတ်ရုတ်သဲသဲဖြစ်နေတာတွေ့ရ ” ကိုယ်ကလည်း အဲ့ဒီစင်တာမှာ ဈေးဝယ်လိုက်ပို့ရဆိုတော့ အလုံးစုံကိစ္စ သိလိုက်ရတယ် ” မျိုးသိန်းစင်တာဆိုင်က ၂၉ လမ်း မျက်နှာခြင်းဆိုင် နှစ်ဆိုင်ရှိတာ ” အကြောင်းရင်းကတောင်ဘက်ဆိုင်ဈေးလာဝယ်တဲ့ အညာဘက်က ဘုန်းကြီးတစ်ပါးရဲ့ကားကို စည်ပင်က ဖမ်းတာတဲ့ဖမ်းတာတဲ့

မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 1


မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 2


မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 3


ကိုယ့်မှာလည်း လက်ထဲငွေကမပါ ပေါင်းမှလေးထောင်လားပါတာဆိုတော့ မကူညီနိုင် — မနေနိုင်တော့ ဝင်ပြောမိတယ် ကားတစ်ဘီးထဲ လွန်ရပ်မိတာဘဲဗျာလို့ — အဆင်ပြေအောင်ကူညီလိုက်ပါလို့ပြောတော့ ဘာမှပြန်မပြောကြဘဲ မှုန်တေတေနဲ့ဂရုမစိုက်သလို ဆက်ဆံခံရတယ် — ဒါနဲ့သူတို့ကိုမေးလိုက်တယ် မျဉ်းနီကြားရပ်လို့ ဖမ်းတယ်ဆိုရင် ဟိုမှာ မျဉ်းနီအပြည့်ကြားရပ်ထားတဲ့ စလွန်းကားလည်း သွားဖမ်းလေဗျာလို့ ” ၈၃ လမ်းအနောက်ဘက်နဲ့အရှေ့ဘက် လမ်းဘဲခြားနေတာ ဒီဘက်က ဈေးဝယ်ကားကြဖမ့်းပြီး ဟိုဘက်မှာ ကျောက်ချရပ်ထားတဲ့စလွန်းကားကို သွားဖမ်းလေဗျာဆိုတော့ အင်းမလုပ် အဲမလုပ်ကြ အဲ့ကား ရပ်ထားတာ ကျုပ်ဒီဆိုင်ရောက်ချိန်အရ နာရီဝက် မကတော့ဘူး ဖမ်းလေဗျာလို့ ”

မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 4



မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 5


 

Unicode Versionဖြင့်ဖတ်ရန်

 

ဒီနေ့ နေ့ခင်း ၃ နာရီလောက်မှာ မန္တလေးမြို့ထဲ ၂၉ လမ်း ၈၃ လမ်းထောင့် မျိုးသိန်းလျှပ်စစ်ပစ္စည်းစင်တာဆိုင်ရှေ့ ရုတ်ရုတ်သဲသဲဖြစ်နေတာတွေ့ရ ” ကိုယ်ကလည်း အဲ့ဒီစင်တာမှာ ဈေးဝယ်လိုက်ပို့ရဆိုတော့ အလုံးစုံကိစ္စ သိလိုက်ရတယ် ” မျိုးသိန်းစင်တာဆိုင်က ၂၉ လမ်း မျက်နှာခြင်းဆိုင် နှစ်ဆိုင်ရှိတာ ” အကြောင်းရင်းကတောင်ဘက်ဆိုင်ဈေးလာဝယ်တဲ့ အညာဘက်က ဘုန်းကြီးတစ်ပါးရဲ့ကားကို စည်ပင်က ဖမ်းတာတဲ့

မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 1

” ဖမ်းရတဲ့အကြောင်းရင်းက မျဉ်းအနီတစ်ဝက် မျဉ်းအဝါတစ်ဖက်ကားကိုရပ်လို့ပါတဲ့ ” ဖမ်းတဲ့စည်ပင်ကားက ရဲ တစ်ယောက်ပါတယ် စည်ပင်ဝန်ထမ်းတွေ ၈ ယောက်လောက်ပါတယ် ဘုန်းကြီးက ကျောင်းထိုင်ဆရာတော်အတွက် အဲကိုလာ လာဝယ်တာတဲ့ အလှူရှင်က ငွေဘဲလှူလိုက်တာမို့ ရွာထဲက ဟိုက်ဂျက်ကားကို အကူညီတောင်းခေါ်လာတာတဲ့ မောင်းတဲ့သူကလည်း အခြားရွာသားတစ်ဦးကို ခေါ်လာရတာပါတဲ့ ” ရပ်ထားတာကလည်း ခဏဘဲရှိသေး ဆိုင်က လုံခြုံရေး ကားဆိုင်ကယ်နေရာ စီစဉ်ပေးတဲ့ဝန်ထမ်းက ရတယ် ဒီနားရပ်ဆိုလို့ ရပ်တာပါတဲ့ ” မျဉ်းနီကလည်း ကားတစ်ဝက်ဘဲ နင်းရပ်မိထားတာမို့ တောင်းပန်ရှာတယ် ”

မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 2

ရဲနဲ့စည်ပင်က မရဘူးတဲ့ ဖမ်းတဲ့စလစ်ရောင်ပြန်ကားကိုကပ်ပြီးသွားတာကြောင့် ရုံးလိုက်ရွေးပါတဲ့ ဒဏ်ကျေး ငါးသောင်း လိုက်ဆောင်ပါတဲ့ ” ဒါနဲ့ဘုန်းကြီးက ငါးသောင်းတော့မလုပ်နဲ့ကွာတဲ့ ကားသမားနဲ့ငါနဲ့အအေးဖိုးတစ်သောင်းခွဲကျန်သေးတယ် ဒါနဲ့လက်ခံပါ ဒီနားတင်ကျေနပ်ပေးပါပေါ့ ခခယယ” တောင်းပန်နေရှာတယ် ” စီးပွါးရေးဘုန်းကြီးလည်းမဟုတ်ပါဘူးတဲ့ ဆရာတော်ကြီးအတွက် အလှူရှင်က လှူလို့လာဝယ်တာပါတဲ့ ” ကားသမားကကော ဘုန်းကြီးကကော ခခယယတောင်းပန်နေရှာတယ် ” ပါလာတဲ့ရဲတစ်ယောက်နဲ့စည်ပင်ဝန်ထမ်းတွေက ကားပေါ်ကတောက်မဆင်းဘဲ ဖုန်းဂိမ်းနှိပ် fb နှိပ်မပျက်ဘဲ ပမာမခန့်ပုံစံနဲ့ အင်းမလုပ် အဲမလုပ်”

ကျနော့်ကားဘေးရပ်ထားပြီး ရုံးလည်းမောင်းမသွား ကားပေါ်လူတွေထိုင်နေပြီး အကြာကြီးရပ်ထားတယ် ဒါနဲ့ ဘုန်းကြီးနဲ့ကားသမားက ဆိုင်ကဝန်ထမ်းတွေကို ဆိုင်တာဝန်ခံမေးတယ် မဖြေရှင်းပေးကြဘူး အမှန်ဆို သူတို့ဆိုင်ဈေးဝယ်လာသူဘဲ မလွတ် တလွတ်မရပ်ရဘူး အစကတည်းက ပြောပါလား — ဘုန်းကြီးနဲ့ကားသမားခမျှာ ပြာယာခတ်နေကြရှာ ရွာကနေ အဲကိုလာ လာဝယ်တာ ရွာကိုဘယ်လိုပြန်မလည်း ငှါးလာတဲ့ကားပိုင်ရှင်ကို ဘယ်လိုရှင်းပြရမလည်း ဒဏ်ကြေးပိုက်ဆံကလည်း မပြည့်ဘူးကွာတဲ့ ညည်းနေကြရှာတယ် ”

မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 3

ကိုယ့်မှာလည်း လက်ထဲငွေကမပါ ပေါင်းမှလေးထောင်လားပါတာဆိုတော့ မကူညီနိုင် — မနေနိုင်တော့ ဝင်ပြောမိတယ် ကားတစ်ဘီးထဲ လွန်ရပ်မိတာဘဲဗျာလို့ — အဆင်ပြေအောင်ကူညီလိုက်ပါလို့ပြောတော့ ဘာမှပြန်မပြောကြဘဲ မှုန်တေတေနဲ့ဂရုမစိုက်သလို ဆက်ဆံခံရတယ် — ဒါနဲ့သူတို့ကိုမေးလိုက်တယ် မျဉ်းနီကြားရပ်လို့ ဖမ်းတယ်ဆိုရင် ဟိုမှာ မျဉ်းနီအပြည့်ကြားရပ်ထားတဲ့ စလွန်းကားလည်း သွားဖမ်းလေဗျာလို့ ” ၈၃ လမ်းအနောက်ဘက်နဲ့အရှေ့ဘက် လမ်းဘဲခြားနေတာ ဒီဘက်က ဈေးဝယ်ကားကြဖမ်း့ပြီး ဟိုဘက်မှာ ကျောက်ချရပ်ထားတဲ့စလွန်းကားကို သွားဖမ်းလေဗျာဆိုတော့ အင်းမလုပ် အဲမလုပ်ကြ အဲ့ကား ရပ်ထားတာ ကျုပ်ဒီဆိုင်ရောက်ချိန်အရ နာရီဝက် မကတော့ဘူး ဖမ်းလေဗျာလို့ ”

အခုဘုန်းကြီးကားက အခုရပ် အခုဆင်းဝယ် အခုပြန်ထွက်လာတာ ခဏလေး ” စည်းကမ်းနဲ့မညီလို့ဖမ်းတယ်ဆို ဟိုကားလည်းဖမ်းပါ ဆိုတော့ ဘာမှပြန်မပြောကြဘူး — ဒီထက်ဆိုးတာဖမ်းအုံးမယ်ဆို လိုက်ခဲ့ကျနော်ပြမယ် ဒီ ၂၉ လမ်း ၈၄ လမ်းဆုံ မျဉ်းနီကြား လမ်းနှစ်ဆင့် ယဉ်နှစ်ထပ်မက လိုင်းကားတွေကျောက်ချရပ်ထားတာ ဖမ်းမလား ကျုပ်လိုက်ပြမယ် နောက်ထပ် ဖမ်းအုံးမလား ဒီအလာတုန်းက ၃၅ လမ်း ၈၄ လမ်းမီးပွိုင့်နား မျဉ်းအနီတည့်တည့် လမ်းအလယ်သံဇကာကြားတင် ကျောက်ချရပ်ထားတဲ့ လိုင်းကားတွေဖမ်းအုံးမလားလို့ မေးတော့ မဖြေပြန်ဘူး ဒုလက်ထောက်တာဝန်ခံဆိုသူရဲ့နာမည်ရေးမှတ်ထားပြီး ဓာတ်ပုံအချို့ရိုက်ယူထားလိုက်တယ်

မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 4

” အေးလေ သူတို့လက်ထဲက စည်းကမ်းပေါ့ဆိုပြီး အရှင်ဘုရား ရုံးသာလိုက်ရှင်းပါ စိတ်အေးအေးထားပါ ရုံးမှာနားလည်အောင်ရှင်းပြရင် ငါးသောင်း ကျခြင်မှကျမှာပါလို့ —လျှောက်လိုက်ရတယ် ဒါလည်း အဲ့ဒီစည်ပင်ကားက ဘယ်မှမသွား အဲ့နားတင်ပေရပ်နေဆဲ ” နောက်ဆုံး အတော်ကြာသွားတော့ ဘုန်းကြီးခမျှာ ဆိုင်ကဝယ်ပြီးသား အဲကိုလာကြီး ကားပေါ်ကချကာ ဆိုင်ထဲပြန်ဝင်သွားတယ် ” ခဏနေတော့ လက်ထဲတစ်သောင်းတန်လေးတွေကိုင်လာပြီး စည်ပင်ကားဆီပြန်လာတယ် ” ကားရှေ့ခန်းက ဝန်ထမ်းဆီပေးလိုက်မှ သူ့ရဲ့ကားလေးကို လော့ခတ်ထားတာကို ပြန်ဖြုတ်ပေးကြတယ် ” ဒဏ်ကြေးလည်းရရော ဝေါခနဲမောင်းထွက်သွားပုံက မြို့ထဲသတ်မှတ်မိုင်နှုံး ၃၀ ရဲ့အထက်ပါဘဲ ”

မန္တလေးမှာ ဖြစ်သွားတာတဲ့ဗျာ။ မသိနားမလည်တဲ့သူတွေကို ဒီလိုတော့ မလုပ်သင့်ပါဘူး 5

ပြောခြင်တာက စည်းကမ်းအရဖမ်းတာဆို ဖမ်းပါ ” တစ်ကယ့်လမ်းကျပ်စေမဲ့ နေရာတွေကိုကျ လွှတ်ပေးထားပြီး တောကတက်လာတဲ့ရိုးသားသူတွေအပေါ် ချနင်းတာတော့ အဆင့်ကျော်နေတယ်ထင်တယ် ” အခုဖမ်းတဲ့နေရာဟာ မျဉ်းနီတစ်ဝက်ထိနေတယ်ဆိုပေမဲ့ ယဉ်ကျောအရဆောဒကတက်ပြရမယ်ဆိုရင် လုံးဝအလွတ်ကြီးပါဘဲ ” နောက်တစ်ခုပြောခြင်တာကမျဉ်းနီရပ်ရင် ဒဏ်ကြေးက ငါးသောင်းတဲ့လား ? အဲ့ဒီဒဏ်ကြေးငါးသောင်းက နိုင်ငံ့ဘဏ္ဏာထဲကို မှန်မှန်ကန်ကန်အပြည့်အဝ ရပါရဲ့လား ? မျဉ်းနီဖမ်းတဲ့စီမံကိန်းက ကားရွေးပြီး ဖမ်းတာလား ? စည်းကမ်းဆိုတာ ညီမျှဖို့လည်း အထူးလိုအပ်ပါတယ် ” မြို့တော်ဝန်ကြီးက ကောင်းပါတယ် အချို့ ဝန်ထမ်းတွေကတော့ လိုနေသေးသလားလို့ ”လောကပါလ

Be the first to comment

Leave a Reply

Your email address will not be published.


*