Victoria အမႈတရားခံအျဖစ္ စြပ္စြဲခံရသူ ေအာင္ႀကီးရဲ႕ ေရွ႕ေန ၿခိမ္းေျခာက္ခံရမႈမ်ားရွိေနဟုဆုိ

By Htet Moe Thu
September 12, 2019036

ယခုလ ၁၁ ရက္ေန႔မွာ Wisdom Hill ေက်ာင္းတြင္ ျဖစ္ပြားခဲ့သည့္ သက္ငယ္မုဒိန္းမႈရံုးခ်ိန္ျပဳလုပ္ခဲ့ပါတယ္။ ရံုးခ်ိန္းတြင္ ဗီတုိးရီယားေလးကုိ Video Conferencing နဲ႔ စစ္ေဆးခဲ့တာျဖစ္ၿပီး၊ မီဒီယာမ်ားႏွင့္ အျခားေသာသူတုိ႔ကုိေတာ့ နာၾကားခြင့္မျပဳခဲ့ဘူးလုိ႔ သိရပါတယ္။ ယင္းအမႈနဲ႔ပတ္သတ္ၿပီး တရားခံေအာင္ႀကီး၏ ေရွ႕ေနမွာ ၿခိမ္းေျခာက္ခံရမႈမ်ား ရွိေနတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနဦးခင္ေမာင္ေဇာ္က ေျပာၾကားခဲ့ပါတယ္ေျပာၾကားခဲ့ပါတယ္။

Victoria အမႈတရားခံအျဖစ္ စြပ္စြဲခံရသူ ေအာင္ႀကီးရဲ႕ ေရွ႕ေန ၿခိမ္းေျခာက္ခံရမႈမ်ားရွိေနဟုဆုိ 1

ဒီအမႈနဲ႔ပတ္သတ္ၿပီး ၿခိမ္းေျခာက္ဖိအားေပးမႈေတြရွိေၾကာင္း၊ ထုိကဲ့သုိ႔ ဖိအားေပးမႈေတြရွိေပမယ့္လည္း လုပ္စရာရွိတာကုိ ဆက္လုုပ္သြားမွာျဖစ္ေၾကာင္း၊ ကုိေအာင္ႀကီးလြတ္ေရး၊ တရားခံစစ္ေဖာ္ထုတ္ေရး၊ ကုိေအာင္ႀကီးကုိ တရားခံျဖစ္ေအာင္ မည္ကဲ့သုိ႔ ျပဳလုပ္ခဲ့တာကုိ သိရွိေရးတုိ႔ျဖင့္ မိမိတုိ႔တြင္ နည္းလမ္း ၃ ခုျဖင့္ ျပဳလုပ္ႏုိင္ေၾကာင္း၊ မိမိတုိ႔ႏွင့္အတူ လုပ္ေဆာင္ေနသူမ်ားမွာလည္း ဖိအားေပးခံရမႈေတြရွိေၾကာင္း ကုိေအာင္ႀကီးလြတ္သြားၿပီး တရားခံစစ္မေပၚဘဲ အမႈၿပီးသြားတာမ်ိဳးကုိ မလုိလားေၾကာင္း၊ ရံုးေတာ္က မည္ကဲ့သုိ႔ ဆံုးျဖတ္မည္ကုိ မသိေၾကာင္းႏွင့္ ပထမဦးဆံုး ကုိေအာင္ႀကီးအျပင္ေရာက္ေအာင္လုပ္ေဆာင္ၿပီး၊ က်န္တဲ့ ဒုတိယကိစၥႏွင့္ တတိယကိစၥတုိ႔ ဆက္လက္ႀကိဳးစားသြားမည္ ဟု ေျပာဆုိခဲ့ပါတယ္။

Victoria အမႈတရားခံအျဖစ္ စြပ္စြဲခံရသူ ေအာင္ႀကီးရဲ႕ ေရွ႕ေန ၿခိမ္းေျခာက္ခံရမႈမ်ားရွိေနဟုဆုိ 2

ယင္းအျပင္ ကုိေအာင္ႀကီး၏ ဖခင္ကလည္း ေရွ႕ေနေတြျပန္ထြက္လာေတာ့ ကေလးက ေအာင္ႀကီးကုိ မသိဘူး၊ ကုိကိုႏွစ္ေယာက္ကုိပဲ ျပတယ္လုိ႔ေျပာေၾကာင္း၊ ၄င္း၏သားမဟုတ္တဲ့အတြက္ အလြန္ဝမ္းသာေၾကာင္း၊ မိမိ၏သား အခ်ဳပ္အေႏွာင္ဘဝမွ အျမန္ဆံုး လြတ္ေျမာက္ေစဖို႔ ဆုေတာင္းေၾကာင္းႏွင့္ မီဒီယာမ်ားႏွင့္ ျပည္သူလူထုအား ေက်းဇူးအထူးတင္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။ လာမည့္ ၂၅ ရက္ေန႔မွာ ၇ ႀကိမ္ေျမာက္ရံုးခ်ိန္းကုိ ျပဳလုပ္သြားမယ္လုိ႔ သိရွိရပါတယ္။ME( Shwe Yaung Lan )

 

Unicode Versionျဖင့္ဖတ္ရန္

 

By Htet Moe Thu
September 12, 2019036

ယခုလ ၁၁ ရက်နေ့မှာ Wisdom Hill ကျောင်းတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုရုံးချိန်ပြုလုပ်ခဲ့ပါတယ်။ ရုံးချိန်းတွင် ဗီတိုးရီယားလေးကို Video Conferencing နဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး၊ မီဒီယာများနှင့် အခြားသောသူတို့ကိုတော့ နာကြားခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ယင်းအမှုနဲ့ပတ်သတ်ပြီး တရားခံအောင်ကြီး၏ ရှေ့နေမှာ ခြိမ်းခြောက်ခံရမှုများ ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ပြောကြားခဲ့ပါတယ်။

Victoria အမႈတရားခံအျဖစ္ စြပ္စြဲခံရသူ ေအာင္ႀကီးရဲ႕ ေရွ႕ေန ၿခိမ္းေျခာက္ခံရမႈမ်ားရွိေနဟုဆုိ 1

ဒီအမှုနဲ့ပတ်သတ်ပြီး ခြိမ်းခြောက်ဖိအားပေးမှုတွေရှိကြောင်း၊ ထိုကဲ့သို့ ဖိအားပေးမှုတွေရှိပေမယ့်လည်း လုပ်စရာရှိတာကို ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ကိုအောင်ကြီးလွတ်ရေး၊ တရားခံစစ်ဖော်ထုတ်ရေး၊ ကိုအောင်ကြီးကို တရားခံဖြစ်အောင် မည်ကဲ့သို့ ပြုလုပ်ခဲ့တာကို သိရှိရေးတို့ဖြင့် မိမိတို့တွင် နည်းလမ်း ၃ ခုဖြင့် ပြုလုပ်နိုင်ကြောင်း၊ မိမိတို့နှင့်အတူ လုပ်ဆောင်နေသူများမှာလည်း ဖိအားပေးခံရမှုတွေရှိကြောင်း ကိုအောင်ကြီးလွတ်သွားပြီး တရားခံစစ်မပေါ်ဘဲ အမှုပြီးသွားတာမျိုးကို မလိုလားကြောင်း၊ ရုံးတော်က မည်ကဲ့သို့ ဆုံးဖြတ်မည်ကို မသိကြောင်းနှင့် ပထမဦးဆုံး ကိုအောင်ကြီးအပြင်ရောက်အောင်လုပ်ဆောင်ပြီး၊ ကျန်တဲ့ ဒုတိယကိစ္စနှင့် တတိယကိစ္စတို့ ဆက်လက်ကြိုးစားသွားမည် ဟု ပြောဆိုခဲ့ပါတယ်။

Victoria အမႈတရားခံအျဖစ္ စြပ္စြဲခံရသူ ေအာင္ႀကီးရဲ႕ ေရွ႕ေန ၿခိမ္းေျခာက္ခံရမႈမ်ားရွိေနဟုဆုိ 2

ယင်းအပြင် ကိုအောင်ကြီး၏ ဖခင်ကလည်း ရှေ့နေတွေပြန်ထွက်လာတော့ ကလေးက အောင်ကြီးကို မသိဘူး၊ ကိုကိုနှစ်ယောက်ကိုပဲ ပြတယ်လို့ပြောကြောင်း၊ ၎င်း၏သားမဟုတ်တဲ့အတွက် အလွန်ဝမ်းသာကြောင်း၊ မိမိ၏သား အချုပ်အနှောင်ဘဝမှ အမြန်ဆုံး လွတ်မြောက်စေဖို့ ဆုတောင်းကြောင်းနှင့် မီဒီယာများနှင့် ပြည်သူလူထုအား ကျေးဇူးအထူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ လာမည့် ၂၅ ရက်နေ့မှာ ၇ ကြိမ်မြောက်ရုံးချိန်းကို ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။ME( Shwe Yaung Lan )

Be the first to comment

Leave a Reply

Your email address will not be published.


*