ခိုးထားသည့် ဆိုင်ကယ် ၁၈ စီးအား သိမ်းဆည်းရမိ
ခိုးထားသည့် ဆိုင်ကယ် ၁၈ စီးအား သိမ်းဆည်းရမိ 1
Unicode Versionဖြင့်ဖတ်ရန်
ခိုးထားသည့် ဆိုင်ကယ် ၁၈ စီးအား ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ပိုင်ရှင်များအနေဖြင့် လှိုင်သာယာမြို့နယ်နှင့် ထန်းတပင်မြို့နယ်များရှိ ရဲစခန်းများသို့ စုံစမ်းနိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့စုမှ တပ်¸ဝင်များသည် စက်တင်ဘာ ၂ ရက် ညနေပိုင်းက ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း ကြိုတင်သတင်း ရရှိထားသူ ရဲထွဋ်ဝေ (ခ)ပိုးကောင်အား (၁၂)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းမပေါ်တွင် Follow me-125 ဆိုင်ကယ်နှင့်အတူ တွေ့ရှိစစ်ဆေးရာ ၎င်းဆိုင်ကယ်အား လှိုင်သာယာမြို့နယ် အတွင်းမှ ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ၎င်းအား အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ စစ်ဆေးရာ ၎င်းသည် ဆိုင်ကယ် ၁၈ စီးအားခိုးယူထားကြောင်း ပေါ်ပေါက်၍ ရဲတပ်ဖွဲ့က အမှုများမှ သက်သေခံပစ္စည်း ဆိုင်ကယ်များကို လိုက်လံသိမ်းဆည်း ထားနိုင်ခဲ့ သည်။
ခိုးထားသည့် ဆိုင်ကယ် ၁၈ စီးအား သိမ်းဆည်းရမိ 1
ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်း များ၌ စုံစမ်းနိုင်ကြောင်းနှင့် ခိုးမှုကျူးလွန်သူ ပိုးကောင် အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ရွှေမြင့်ဦး ( ရွှေပြည်သာ)
Be the first to comment
Leave a Reply
Your email address will not be published.
*