အာဖဂန္ရွိ အေမရိကန္သံ႐ံုးအား ဒံုးက်ည္နဲ႔ ပစ္ခတ္ခံရ

အာဖဂန္ရွိ အေမရိကန္သံ႐ံုးအား ကမာၻ႔ကုန္သြယ္ေရးအေဆာက္အအံုကို ေလယာဥ္နဲ႔ အၾကမ္းဖက္ ဝင္တိုက္ခဲ့တဲ့ 9/11 ႏွစ္ပတ္လည္ေန႔တြင္ ဒံုးက်ည္နဲ႔ ပစ္ခတ္
Wednesday, September 11, 2019

အာဖဂန္နစၥတန္နိုင္ငံ ကဘူးလ္ၿမိဳ ့ရွိ အေမရိကန္သံ႐ုံးအနီးတြင္ ယေန ့( စက္တင္ဘာ ၁၁ ရက္ ) နံနက္အေစာပိုင္းတြင္ အလြန္ျပင္းထန္ေသာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း သတင္းအရင္းအျမစ္မ်ားအရ သိရသည္။

ကဘူးလ္ၿမိဳ ့ကန္ ့သတ္နယ္ေျမဇုံအတြင္းရွိ အေမရိကန္သံ႐ုံးအေဆာက္အအုံအနီးတြင္ မီးခိုးတန္းမ်ား ပ်ံ ့လြင့္ေနသည့္ဓါတ္ပုံမ်ားကို လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ ေဖာ္ျပခဲ့ၾကေၾကာင္း ၊ ယင္းကန္ ့သတ္နယ္ေျမဇုံတြင္ အျခား သံ႐ုံးမ်ားစြာလည္း တည္ရွိေၾကာင္း သိရသည္။

ေပါက္ကြဲမႈမွာ ဒုံးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရျခင္းေၾကာင့္ျဖစ္ေၾကာင္း ျပည္တြင္းသတင္းေထာက္တစ္ဦးျဖစ္သူ Jawad Jalali ကဆိုသည္။

အာဖဂန္ရွိ အေမရိကန္သံ႐ံုးအား ဒံုးက်ည္နဲ႔ ပစ္ခတ္ခံရ 1

ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ သံ႐ုံးအတြင္းမွ အခ်က္ေပးသံမ်ား ထြက္ေပၚလာခဲ့ေၾကာင္း ႏွင့္ ယင္းအသံကို အနီးအနားပတ္ဝန္းက်င္တစ္ခုလုံး ၾကားသိခဲ့ရသည္။

အဆိုပါ တိုက္ခိုက္မႈႏွင့္ပတ္သက္၍ လူေသဆုံးမႈသတင္းကို တရားဝင္ထုတ္ျပန္ခဲ့ျခင္းမရွိေသးေသာ္လည္း အေသအေပ်ာက္ရွိနိုင္ေၾကာင္း သိရသည္။ အစိုးရတာဝန္ရွိသူမ်ားက အေသးစိတ္အခ်က္အလက္မ်ားအတြက္ ေျပာၾကားျခင္းမရွိေသးသလို ေပါက္ကြဲမႈႏွင့္ပတ္သက္၍ မည္သည့္အဖြဲ ့အစည္းကမွ တာဝန္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းမရွိေပ။

ယေန ့စက္တင္ဘာ ၁၁ ရက္သည္ ၂ဝဝ၁ ခုႏွစ္က အေမရိကန္ႏုိင္ငံ နယူးေယာက္ၿမိဳ ့ရွိ ကမာၻ ့ကုန္သြယ္ေရးအေဆာက္အအံု(WTC) အား အယ္လ္ကုိင္းဒါးအၾကမ္းဖက္အဖြဲ ့က တုိက္ခုိက္ခဲ့ျခင္း ၁၈ ႏွစ္ျပည့္ ေန ့ျဖစ္သည္။ အဆုိပါ တုိက္ခုိက္မႈကုိ လက္တုန္ ့ျပန္သည့္အေနျဖင့္ အေမရိကန္တပ္ဖြဲ ့သည္ ၂ဝဝ၁ ခုႏွစ္ ေႏွာင္းပုိင္းတြင္ အာဖဂန္နစၥတန္ႏုိင္ငံအား က်ဴးေက်ာ္ ဝင္ေရာက္ခဲ့သည္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ အာဖဂန္၌ ၁၈ ႏွစ္ၾကာ ျဖစ္ပြားခဲ့ေသာ စစ္ပြဲကို အဆုံးသတ္ရန္ အေမရိကန္ ႏွင့္ တာလီဘန္ တို ့အၾကားေဆြးေႏြးပြဲမ်ားကို မၾကာေသးခင္က ဖ်က္သိမ္းခဲ့ေၾကာင္း ဆင္ဟြာ သတင္းဌာနတြင္ ေဖာ္ျပထားသည္။ဆင္ဟြ

 

Unicode Versionျဖင့္ဖတ္ရန္

 

အာဖဂန်ရှိ အမေရိကန်သံရုံးအား ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို လေယာဉ်နဲ့ အကြမ်းဖက် ဝင်တိုက်ခဲ့တဲ့ 9/11 နှစ်ပတ်လည်နေ့တွင် ဒုံးကျည်နဲ့ ပစ်ခတ်
Wednesday, September 11, 2019

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ယနေ့( စက်တင်ဘာ ၁၁ ရက် ) နံနက်အစောပိုင်းတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ကဘူးလ်မြို့ကန့်သတ်နယ်မြေဇုံအတွင်းရှိ အမေရိကန်သံရုံးအဆောက်အအုံအနီးတွင် မီးခိုးတန်းများ ပျံ့လွင့်နေသည့်ဓါတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖော်ပြခဲ့ကြကြောင်း ၊ ယင်းကန့်သတ်နယ်မြေဇုံတွင် အခြား သံရုံးများစွာလည်း တည်ရှိကြောင်း သိရသည်။

ပေါက်ကွဲမှုမှာ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက်တစ်ဦးဖြစ်သူ Jawad Jalali ကဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံရုံးအတွင်းမှ အချက်ပေးသံများ ထွက်ပေါ်လာခဲ့ကြောင်း နှင့် ယင်းအသံကို အနီးအနားပတ်ဝန်းကျင်တစ်ခုလုံး ကြားသိခဲ့ရသည်။

အာဖဂန္ရွိ အေမရိကန္သံ႐ံုးအား ဒံုးက်ည္နဲ႔ ပစ္ခတ္ခံရ 1

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ လူသေဆုံးမှုသတင်းကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသေးသော်လည်း အသေအပျောက်ရှိနိုင်ကြောင်း သိရသည်။ အစိုးရတာဝန်ရှိသူများက အသေးစိတ်အချက်အလက်များအတွက် ပြောကြားခြင်းမရှိသေးသလို ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ယနေ့စက်တင်ဘာ ၁၁ ရက်သည် ၂ဝဝ၁ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ(WTC) အား အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ၁၈ နှစ်ပြည့် နေ့ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်တပ်ဖွဲ့သည် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံအား ကျူးကျော် ဝင်ရောက်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အာဖဂန်၌ ၁၈ နှစ်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန် နှင့် တာလီဘန် တို့အကြားဆွေးနွေးပွဲများကို မကြာသေးခင်က ဖျက်သိမ်းခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။ဆင်ဟွာ

Be the first to comment

Leave a Reply

Your email address will not be published.


*