စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ
စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ 1
စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ 2
စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ 3
စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ 4
Unicode Versionဖြင့်ဖတ်ရန်
ထိုင်းမြန်မာနယ်စပ် မဲဆိုင်မြို့ကနေ ဘန်ကောက်ကိုထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်ရဲ့ ကုန်သိုလှောင်ခန်းက ခရီးဆောင်အိပ်တစ်လုံးအတွင်းမှာ ရာမစိတ်ကြွဆေး ၂၀၀၀၀၀ နီးပါးကို ပုန်ငန် စစ်ဆေးရေးဂိတ်က ရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။
စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ 1
စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ 2
၉၉၉ တံဆိပ် စိတ်ကြွဆေးပြား( 198,000 ) ၁၉၈၀၀၀ ထည့်လာတဲ့အိပ်ပိုင်ရှင်ဟာ မယ်ဆိုင်မြို့နယ်အတွင်းက ဒုစခန်းမှူးအဆင့်ရှိ နိုင်ဆူရကျစ် အသက်(၃၅)နှစ်ဖြစ်ပါတယ်။ တရားခံရဲအရာရှိဟာ ခရီးသယ်တင်ကားနဲ့အတူ လိုက်ပါလာခဲ့ပြီး သူ့ရဲ့ခရီးဆောင်အိပ်ကို စစ်ဆေးရေးတွေက ရှာဖွေနေချိန်မှာ ကားပေါ်ကနေဆင်းပြီး ထွက်ပြေးတိမလ်ရှောင်ခဲ့ပေမယ့် ပြေးမလွှတ်ခဲ့ဘဲ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။
စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ 3
စိတ်ကြွဆေး အငှားသယ်ဆောင်လာသည့် ထိုင်းရဲအရာရှိအား ရာမဆေးပြား နှစ်သိန်းနဲ့ အတူဖမ်းမိ 4
ယခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် ခရီးသွားယာဉ်တွေပေါ်မှာ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေကို စိတ်ကြွဆေးပြားတွေနဲ့ ဆက်တိုက်ဖမ်းဆီးမိနေတာကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်တွေ တိုးမြင့်ချထားတာတွေ့ရပြီး ခရီးသွားလာနေကြတဲ့ အထူးသဖြင့် မြန်မာနိုင်ငံသားတွေကို အသေးစိတ်ရှာဖွေမှုတွေ လုပ်ဆောင်နေတာတွေ့ရကြောင်း ထိုင်း- မြန်မာနယ်စပ် မဲဆောက်အခြေစိုက်ကလေးနဲ့အမျိုးသမီးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ သိရသည်။Myanmar_Online_News
Be the first to comment
Leave a Reply
Your email address will not be published.
*