ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ

ပဲခူးတိုင္းေဒသႀကီး ျပည္ခရိုင္ ေပါင္းတည္ၿမိဳ႕နယ္၌ ၁၁၉ ႀကိမ္ေျမာက္ ဗုဒၶျမတ္စြယ္ရတနာအား တႏွစ္တာကိန္းဝပ္စံျမန္းေတာ္မူရာ ဂႏၶကုဋိ တိုက္ေတာ္မွ ယာယီစံျမန္းေတာ္မူမည့္ ေရႊေက်ာင္းေဆာင္ ေရႊပလႅင္ ထက္ေပၚသို႔ ပင့္ေဆာင္သည့္အခမ္းအနားကို ေတာ္သလင္းလဆန္း ၁၂ရက္ေန႔ ယမန္ေန႔ ညေန ၅နာရီအခ်ိန္က အဆိုပါ ဗုဒၶျမတ္စြယ္ေတာ္ အာ႐ုံခံတန္ေဆာင္း၌က်င္းပျပဳလုပ္သည္။အာ႐ုံခံတန္ေဆာင္း၌က်င္းပျပဳလုပ္သည္။

ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ 1

အစီအစဥ္အရ ႂကြေရာက္လာၾကသည့္ဘုရားဖူးဧည့္ပရိတ္မ်ားက နေမာတႆသုံးႀကိမ္ရြတ္ဆိုဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ငါးပါးသီလခံယူ ေဆာက္တည္ေတာ္မူၾကသည္။

ထို႔ေနာက္ ဦးေရႊတိုးက ဗုဒၶျမတ္စြယ္ေတာ္ပင့္ ဝရဒါဌာနိမႏၲနာ မဂၤလာ ရစနာ ဂါထာေတာ္ ႏွင့္ပင့့္္ေလ်ာက္ ေတာ္မူသည္။ ထို႔ေနာက္ ေစာင္း ဦးေမာင္ေမာင္ခင္ႏွင့္အတူ အ.ထ.က(ၿငိမ္း)ဆရာမေဒၚ ျမင့္စိုးက ေရႊေက်ာင္းေတာ္ ေရႊပလႅင္ေတာ္မဟာသို႔ ႂကြျမန္းခ်ိန္ သင့္ၿပီျဖစ္ ပါေၾကာင္း ရတုပုဒ္စုံ ႏွင့္ၿမိဳ႕မ အ.ထ.က အထက္တန္းၿပ ဆရာမ ေဒၚေမသူေအာင္က ဦးညႊတ္ရိုေသ ေတာင္းဆုေခၽြရာ ပတၱနာေတးထပ္ကို ရြာစားေက်ာ္ျမန္မာျပည္ စြမ္း မဂၤလာဆိုင္းႏွင့္သီဆိုပူေဇာ္ၾကသည္။

ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ 2

ထို႔ေနာက္အစီအစဥ္အရ ဗုဒၶျမတ္စြယ္ေတာ္ကိုအခမ္းအနားစီစဥ္မႈအဖြဲ႕ ဥကၠ႒ ဦးေက်ာ္ဦး(၁)ကစတင္ပင့္ေဆာင္ၿပီး ၿမိဳ႕နယ္သံဃနာယကဥကၠ႒ အာဂမေဇာတိကာ႐ုံစာသင္တိုက္ဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၲ ပညာဝံသထံသို႔လႊဲေျပာင္းေပးအပ္ကာတာဝန္ရွိသူမ်ားကလက္ဆင့္ကမ္း ပင့္ေဆာင္ပူေဇာ္ၾကသည္။

ထို႔ေနာက္ေရႊေက်ာင္းေဆာင္ေတာ္ေပၚသို႔ေရာက္ရွိၿပီးအပူေဇာ္ခံေတာ္မူရာနာယယကဆရာေတာ္ႀကီးမ်ား ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီး ဦးထြန္းထြန္းဦး လူမႈေရးဝန္ႀကီး ေဒၚညြန႔္ညြန႔္ေဌး ျပည္သူ႔လႊတ္ကိုယ္စား လွယ္ ဦးေအးမင္းေအာင္ ျပည္ခရိုင္အုပ္ခ်ဳပ္ေရးမႉး ဦးဉာဏ္ေဇာ္ ပြဲေတာ္ က်င္းပေရးဦးစီးနာယက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေနလင္းနိုင္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးလွျမင့္ နိင္ငံေရးပါတီမ်ားမွဥကၠ႒ႏွင့္အဖြဲ႕ဝင္မ်ား ပြဲေတာ္ က်င္းပေရး အခမ္းအနား စီစဥ္မႈအဖြဲ႕ ဥကၠ႒ ဦးေက်ာ္ဦး(၁) ႏွင့္အဖြဲ႕ဝင္ သက်မုနိမိုဃ္းေကာင္းဘုရားႀကီး ေဝယ်ာဝစၥအဖြဲ႕ဝင္မ်ား တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ဘုရားဖူးပရိတ္သတ္ ရဟန္းရွင္လူ ျပည္သူအေပါင္းတို႔က ဖူးေမၽွာ္ၾကည္ညိဳ ကန္ေတာ့ၾကၿပီး လက္ဝတ္ရတနာမ်ားႏွင့္ အလႉေငြမ်ားကို လာေရာက္လႉဒါန္းၾကသည္။

ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ 3

ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ 4

ျမန္မာနိင္ငံတစ္ဝွမ္းႏွင့္ ရပ္ေဝးရပ္နီးမွ ေဒသခံမ်ားအျပင္ ဘုရားဖူးမ်ားက ခရီးသည္တင္ေမာ္ေတာ္ယာဥ္မ်ား၊ ဘုရားဖူးယာဥ္မ်ား၊ ရထား၊ ေထာ္လာဂ်ီ၊ ဆိုင္ကယ္၊ စက္ဘီး၊ ျမင္းလွည္းမ်ားျဖင့္ လာေရာက္ၾကသည့္ အတြက္ ယခင္ႏွစ္မ်ားထက္ပင္ ပိုမို၍ စည္ကားသိုက္ၿမိဳက္ေၾကာင္း ဘုရားဖူးလာေရာက္သူ ေဒၚခင္ရတနာကေျပာၾကားသည္။(မင္းသားႀကီး)ျပန္ဆက္

 

Unicode Versionျဖင့္ဖတ္ရန္

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်၌ ၁၁၉ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်ရတနာအား တနှစ်တာကိန်းဝပ်စံမြန်းတော်မူရာ ဂန္ဓကုဋိ တိုက်တော်မှ ယာယီစံမြန်းတော်မူမည့် ရွှေကျောင်းဆောင် ရွှေပလ္လင် ထက်ပေါ်သို့ ပင့်ဆောင်သည့်အခမ်းအနားကို တော်သလင်းလဆန်း ၁၂ရက်နေ့ ယမန်နေ့ ညနေ ၅နာရီအချိန်က အဆိုပါ ဗုဒ္ဓမြတ်စွယ်တော် အာရုံခံတန်ဆောင်း၌ကျင်းပပြုလုပ်သည်။

ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ 1

အစီအစဉ်အရ ကြွရောက်လာကြသည့်ဘုရားဖူးဧည့်ပရိတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ငါးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။

ထို့နောက် ဦးရွှေတိုးက ဗုဒ္ဓမြတ်စွယ်တော်ပင့် ဝရဒါဌာနိမန္တနာ မင်္ဂလာ ရစနာ ဂါထာတော် နှင့်ပင့်လျောက် တော်မူသည်။ ထို့နောက် စောင်း ဦးမောင်မောင်ခင်နှင့်အတူ အ.ထ.က(ငြိမ်း)ဆရာမဒေါ် မြင့်စိုးက ရွှေကျောင်းတော် ရွှေပလ္လင်တော်မဟာသို့ ကြွမြန်းချိန် သင့်ပြီဖြစ် ပါကြောင်း ရတုပုဒ်စုံ နှင့်မြို့မ အ.ထ.က အထက်တန်းပြ ဆရာမ ဒေါ်မေသူအောင်က ဦးညွှတ်ရိုသေ တောင်းဆုချွေရာ ပတ္တနာတေးထပ်ကို ရွာစားကျော်မြန်မာပြည် စွမ်း မင်္ဂလာဆိုင်းနှင့်သီဆိုပူဇော်ကြသည်။

ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ 2

ထို့နောက်အစီအစဉ်အရ ဗုဒ္ဓမြတ်စွယ်တော်ကိုအခမ်းအနားစီစဉ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဦး(၁)ကစတင်ပင့်ဆောင်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ အာဂမဇောတိကာရုံစာသင်တိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဝံသထံသို့လွှဲပြောင်းပေးအပ်ကာတာဝန်ရှိသူများကလက်ဆင့်ကမ်း ပင့်ဆောင်ပူဇော်ကြသည်။

ထို့နောက်ရွှေကျောင်းဆောင်တော်ပေါ်သို့ရောက်ရှိပြီးအပူဇော်ခံတော်မူရာနာယယကဆရာတော်ကြီးများ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး ပြည်သူ့လွှတ်ကိုယ်စား လှယ် ဦးအေးမင်းအောင် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော် ပွဲတော် ကျင်းပရေးဦးစီးနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့် နိင်ငံရေးပါတီများမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပွဲတော် ကျင်းပရေး အခမ်းအနား စီစဉ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဦး(၁) နှင့်အဖွဲ့ဝင် သကျမုနိမိုဃ်းကောင်းဘုရားကြီး ဝေယျာဝစ္စအဖွဲ့ဝင်များ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရားဖူးပရိတ်သတ် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က ဖူးမျှော်ကြည်ညို ကန်တော့ကြပြီး လက်ဝတ်ရတနာများနှင့် အလှူငွေများကို လာရောက်လှူဒါန်းကြသည်။

ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ 4

ေပါင္းတည္ၿမိဳ႕၌ (၁၁၉)ႀကိမ္ေျမာက္ဗုဒၶျမတ္စြယ္ေတာ္ရတနာအား အပူေဇာ္ခံထားရွိ 3

မြန်မာနိင်ငံတစ်ဝှမ်းနှင့် ရပ်ဝေးရပ်နီးမှ ဒေသခံများအပြင် ဘုရားဖူးများက ခရီးသည်တင်မော်တော်ယာဉ်များ၊ ဘုရားဖူးယာဉ်များ၊ ရထား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီး၊ မြင်းလှည်းများဖြင့် လာရောက်ကြသည့် အတွက် ယခင်နှစ်များထက်ပင် ပိုမို၍ စည်ကားသိုက်မြိုက်ကြောင်း ဘုရားဖူးလာရောက်သူ ဒေါ်ခင်ရတနာကပြောကြားသည်။(မင်းသားကြီး)ပြန်ဆက်

Be the first to comment

Leave a Reply

Your email address will not be published.


*