ျမန္မာ-ဂ်ပန္ပြဲ၌ ကြင္းထဲေျပး၀င္လာသူေၾကာင့္ ေဘာလုံးအဖြဲ႔ခ်ဳပ္မွ ေဒၚလာ ႏွစ္ေသာင္းအထိဒဏ္ေၾကး ေဆာင္ရႏိုင္ဖြယ္ရွိ

ျမန္မာ့လက္ေရြးစင္အသင္း ႏွင့္ ဂ်ပန္လက္ေရြးစင္အသင္းတို႔ ပြဲစဥ္တြင္ ေဘာလုံးကြင္းထဲသို႔ ေျပး၀င္ခဲ့ေသာ ပရိသတ္တစ္ဦးအား မဂ္လာေတာင္ညြန္႔ရဲစခန္းက ရန္ကုန္ရဲအက္ဥပေဒျဖင့္ အေရးယူ ထားၿပီး ယင္းျဖစ္စဥ္အတြက္ အိမ္ရွင္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ အေနျဖင့္ ဒဏ္ေၾကး ေဒၚလာ ႏွစ္ေသာင္း(က်ပ္ သိန္း ၃၀၀) အထိ ေဆာင္ရႏိုင္ဖြယ္ရွိေၾကာင္း သိရသည္။

ျမန္မာ-ဂ်ပန္ပြဲ၌ ကြင္းထဲေျပး၀င္လာသူေၾကာင့္ ေဘာလုံးအဖြဲ႔ခ်ဳပ္မွ ေဒၚလာ ႏွစ္ေသာင္းအထိဒဏ္ေၾကး ေဆာင္ရႏိုင္ဖြယ္ရွိ 1

စက္တင္ဘာလ၁၀ရက္ ညပိုင္းက ရန္ကုန္ၿမိဳ႕၊ သု၀ဏၰေဘာလုံးကြင္း၌ ယွဥ္ၿပိဳင္ကစားခဲ့ေသာ ျမန္မာအသင္းႏွင့္ ဂ်ပန္အသင္းတို႔ ကမၻာ့ဖလားေျခစစ္ပြဲစဥ္တြင္ ပြဲခ်ိန္ မိနစ္ ၄၀၌ ကြင္းထဲသို႔ ၀င္ေရာက္ လာခဲ့ျခင္းျဖစ္သည္။” က်ြန္ေတာ္တို႔က ရဲလုပ္ထုံးလုပ္နည္းအရ ထိန္းသိမ္းထားတာပဲရွိတယ္။ က်ြန္ေတာ္တို႔မွာလည္း တိုင္ၾကားတဲ့သူရွိလာရင္ အေရးယူေပးပါမယ္။ ေလာေလာဆယ္ေတာ့ မတိုင္ၾကားေသးပါဘူးဗ်။ က်ြန္ေတာ္တို႔က ရဲလုပ္ထုံးလုပ္နည္းနဲ႔ အေရးယူတယ္။ ထိန္းသိမ္းတယ္ ဒါပဲရွိတယ္။ တစ္ခုေတာ့ရွိတယ္။ (ပ) နံပါတ္မေပးႏိုင္ဘူး။ ပုဒ္မမေပးႏိုင္ပါဘူးဗ်။ ရန္ကုန္ရဲအက္နဲ႔ပဲ အေရးယူတယ္လို႔ သိထားပါဗ်” ဟုသဃၤန္က်ြန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး၊ ရဲမွဴးေကာင္းႏိုင္က ျပည္ျမန္မာသို႔ ေျပာသည္။

ျမန္မာ-ဂ်ပန္ပြဲ၌ ကြင္းထဲေျပး၀င္လာသူေၾကာင့္ ေဘာလုံးအဖြဲ႔ခ်ဳပ္မွ ေဒၚလာ ႏွစ္ေသာင္းအထိဒဏ္ေၾကး ေဆာင္ရႏိုင္ဖြယ္ရွိ 2

ျမန္မာ-ဂ်ပန္ပြဲ၌ ကြင္းထဲေျပး၀င္လာသူေၾကာင့္ ေဘာလုံးအဖြဲ႔ခ်ဳပ္မွ ေဒၚလာ ႏွစ္ေသာင္းအထိဒဏ္ေၾကး ေဆာင္ရႏိုင္ဖြယ္ရွိ 3

ေဘာလုံးကြင္းထဲသို႔ ၀င္ေရာက္လာသူသည္ ဆန္းမင္းဦး အသက္၂၅နွစ္ ၊ သာေကတၿမိဳ႕နယ္ေနထိုင္သူျဖစ္ေၾကာင္းသိရၿပီး ယင္းျဖစ္စဥ္ေၾကာင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ကို အာရွေဘာလုံး အဖြဲ႔ခ်ဳပ္မွ ဒဏ္ေၾကးခ်မွတ္သြားမည္ျဖစ္သည့္အျပင္ ေနာက္ပိုင္း အိမ္ကြင္းပြဲစဥ္မ်ားအတြက္လည္း အလားတူျဖစ္ရပ္မ်ဳိး ထပ္မျဖစ္ေစရန္ ျပင္းျပင္းထန္ထန္သတိေပးမႈမ်ားရွိမည္ ျဖစ္ေၾကာင္း ႏွင့္ ဒဏ္ေၾကး အျဖစ္ ေဒၚလာ ႏွစ္ေသာင္း၀န္းက်င္အထိ ေဆာင္ရႏိုင္ဖြယ္ရွိေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ မီဒီယာဒါရိုက္တာ ဦးေဇာ္မင္းထိုက္က ေျပာသည္။မိုင္းေစာလြင္/PyiMyanmar

 

Unicode Versionျဖင့္ဖတ္ရန္

 

မြန်မာ့လက်ရွေးစင်အသင်း နှင့် ဂျပန်လက်ရွေးစင်အသင်းတို့ ပွဲစဉ်တွင် ဘောလုံးကွင်းထဲသို့ ပြေးဝင်ခဲ့သော ပရိသတ်တစ်ဦးအား မဂ်လာတောင်ညွန့်ရဲစခန်းက ရန်ကုန်ရဲအက်ဥပဒေဖြင့် အရေးယူ ထားပြီး ယင်းဖြစ်စဉ်အတွက် အိမ်ရှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဒဏ်ကြေး ဒေါ်လာ နှစ်သောင်း(ကျပ် သိန်း ၃၀၀) အထိ ဆောင်ရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ျမန္မာ-ဂ်ပန္ပြဲ၌ ကြင္းထဲေျပး၀င္လာသူေၾကာင့္ ေဘာလုံးအဖြဲ႔ခ်ဳပ္မွ ေဒၚလာ ႏွစ္ေသာင္းအထိဒဏ္ေၾကး ေဆာင္ရႏိုင္ဖြယ္ရွိ 1

စက်တင်ဘာလ၁၀ရက် ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပွဲချိန် မိနစ် ၄၀၌ ကွင်းထဲသို့ ဝင်ရောက် လာခဲ့ခြင်း ဖြစ်သည်။
” ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းထားတာပဲရှိတယ်။ ကျွန်တော်တို့မှာလည်း တိုင်ကြားတဲ့သူရှိလာရင် အရေးယူပေးပါမယ်။ လောလောဆယ်တော့ မတိုင်ကြားသေးပါဘူးဗျ။ ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းနဲ့ အရေးယူတယ်။ ထိန်းသိမ်းတယ် ဒါပဲရှိတယ်။ တစ်ခုတော့ရှိတယ်။ (ပ) နံပါတ်မပေးနိုင်ဘူး။ ပုဒ်မမပေးနိုင်ပါဘူးဗျ။ ရန်ကုန်ရဲအက်နဲ့ပဲ အရေးယူတယ်လို့ သိထားပါဗျ” ဟုသင်္ဃန်ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကောင်းနိုင်က ပြည်မြန်မာသို့ ပြောသည်။

ျမန္မာ-ဂ်ပန္ပြဲ၌ ကြင္းထဲေျပး၀င္လာသူေၾကာင့္ ေဘာလုံးအဖြဲ႔ခ်ဳပ္မွ ေဒၚလာ ႏွစ္ေသာင္းအထိဒဏ္ေၾကး ေဆာင္ရႏိုင္ဖြယ္ရွိ 2

ျမန္မာ-ဂ်ပန္ပြဲ၌ ကြင္းထဲေျပး၀င္လာသူေၾကာင့္ ေဘာလုံးအဖြဲ႔ခ်ဳပ္မွ ေဒၚလာ ႏွစ္ေသာင္းအထိဒဏ္ေၾကး ေဆာင္ရႏိုင္ဖြယ္ရွိ 3

ဘောလုံးကွင်းထဲသို့ ဝင်ရောက်လာသူသည် ဆန်းမင်းဦး အသက်၂၅နှစ် ၊ သာကေတမြို့နယ်နေထိုင်သူဖြစ်ကြောင်းသိရပြီး ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အာရှဘောလုံး အဖွဲ့ချုပ်မှ ဒဏ်ကြေးချမှတ်သွားမည်ဖြစ်သည့်အပြင် နောက်ပိုင်း အိမ်ကွင်းပွဲစဉ်များအတွက်လည်း အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ပြင်းပြင်းထန်ထန်သတိပေးမှုများရှိမည် ဖြစ်ကြောင်း နှင့် ဒဏ်ကြေး အဖြစ် ဒေါ်လာ နှစ်သောင်းဝန်းကျင်အထိ ဆောင်ရနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။မိုင်းစောလွင်/PyiMyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*