အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ်
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 1
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 2
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 3
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 4
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 5
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 6
Unicode Versionဖြင့်ဖတ်ရန်
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတွေအနက် International Series ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ Myanmar International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ အမျိုးသားကြက်တောင်အားကစားခန်းမမှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 1
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 6
ဒီပြိုင်ပွဲမှာ နိုင်ငံတကာက ကစားသမား ၁၃၀ ကျော်ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနဲ့ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။
”ဒီပွဲက အင်တာနေရှင်နယ်ပွဲဖြစ်တဲ့အတွက် သိပ်တော့မလွယ်ဘူး။ ဒါပေမဲ့လည်း ကာလာတစ်ခုခုတော့ ဝင်မယ်လို့မျှော်မှန်းပါတယ်။ ဒီပွဲမှာအင်အားကြီးနိုင်ငံတွေပါဝင်တဲ့အတွက် မနည်းတိုးရမှာပါ”လို့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်လွင်က ပြောပါတယ်။
မြန်မာကြက်တောင်ကစားသမားများအနေနဲ့ ပြိုင်ပွဲအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို အထူးရရှိထားတဲ့အပြင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတွေ ရရှိထားတဲ့ မြန်မာကြက်တောင်မယ် သက်ထားသူဇာလည်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 2
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 5
အခုကျင်းပတဲ့ ပြိုင်ပွဲကို စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ပထမနေ့ယှဉ်ပြိုင်မှုမှာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဒုတိယနေ့မှာ သက်ထားသူဇာ ယှဉ်ပြိုင် ရမယ့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 3
အင်တာနေရှင်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲ စတင်ကျင်းပ သက်ထားသူဇာ ထိုင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ရမယ် 4
“ညီမက ပြိုင်ပွဲတိုင်းကို အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာလည်း ပြိုင်ဘက်နိုင်ငံက ကစားသမားတွေကို အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ ညီမအနေနဲ့ ဒီပြိုင်ပွဲမှာ ပထမဆုံးတွေ့ရမယ့်ပြိုင်ပွဲက ထိုင်းနဲ့ ပြိုင်ရမှာပါ”လို့ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ပြောပါတယ်။Myanmar International Series ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးကျင်းပပြုလုပ်တာ ဖြစ်ပြီး မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ တိုင်ပေ၊ အိန္ဒိယ စတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ကစားသမား ၁၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။KST(ရိုးရာလေး)
Be the first to comment
Leave a Reply
Your email address will not be published.
*