အာဆီယံ CYBER KIDS ၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံမွ ေက်ာင္းသူတစ္ဦး ေရႊတံဆိပ္ဆုရရွိ

ဗီယက္နမ္နိုင္ငံ ဟႏြိဳင္းၿမိဳ့တြင္ က်င္းပျပဳလုပ္သည့္ ASEAN Cyber Kids Camp (ACC) 2019 ၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံကိုယ္စားျပဳအေနျဖင့္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ ရွမ္းျပည္နယ္(ေျမာက္ ပိုင္း) မူဆယ္ၿမိဳ့ I CTC ကိုယ္ပိုင္အလယ္တန္းေက်ာင္း မွ စတုတၳတန္းေက်ာင္းသူ မဆုျမတ္ေမက ေရႊတံဆိပ္ ဆု ရရွိခဲ့ေၾကာင္း သိရသည္။

မဆုျမတ္ေမသည္ အဆိုပါၿပိဳင္ပြဲအတြက္ ခရိုင္ႏွင့္ ၿမိဳ့နယ္အဆင့္ကို မူဆယ္ၿမိဳ့တြင္ ဇြန္ ၂၉ ရက္ကလည္း ေကာင္း၊ ရွမ္းျပည္နယ္အဆင့္ကို လားရွိုးၿမိဳ့တြင္ ဇူလိုင္ ၂ ရက္ကလည္းေကာင္း၊ ဗဟိုအဆင့္ကို ေနျပည္ေတာ္ ၌ ဇူလိုင္ ၈ ရက္ကလည္းေကာင္း ဝင္ေရာက္ယွဥ္ၿပိဳင္ ခဲ့ရာတြင္ ရန္ကုန္တိုင္းေဒသႀကီး အထက(၁)ဒဂုံ ေက်ာင္းမွ စတုတၳတန္းေက်ာင္းသား ေမာင္စစ္လင္း ဘုန္းႏွင့္အတူ ေရြးခ်ယ္ခံခဲ့ရၿပီး

ဇူလိုင္ ၂၆ မွ ဩဂုတ္ ၉ ရက္အထိ ရန္ကုန္ၿမိဳ့ အထက(၁)ဒဂုံေက်ာင္း၌ ေမာင္စစ္လင္းဘုန္းႏွင့္အတူ စခန္းသြင္း ႀကိဳတင္ ေလ့က်င့္မွုမ်ား ေဆာင္ရြက္ခဲ့သည္။
အဆိုပါ ၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္အတြက္ ဩဂုတ္ ၁၁ ရက္တြင္ ဟႏြိဳင္းၿမိဳ့သို့ စတင္ထြက္ခြာခဲ့ၾကၿပီး ၿပိဳင္ပြဲကို ၁၃ ရက္ ႏွင့္ ၁၄ ရက္ ႏွစ္ရက္ၾကာ ယွဥ္ၿပိဳင္ခဲ့သည္။ အဆိုပါ ၿပိဳင္ပြဲတြင္ အာဆီယံနိုင္ငံ ၁၀ နိုင္ငံမွ ေက်ာင္းသား ေက်ာင္းသူ ႏွစ္ဦးစီျဖင့္ စုစုေပါင္း ၂၀ ဝင္ေရာက္ ယွဥ္ ၿပိဳင္ခဲ့ၾကၿပီး ကာတြန္းေလးမ်ားျဖင့္ ဇာတ္လမ္း(Sto- ry)မ်ား ပုံေဖာ္ေပးျခင္း၊ Comment ေပးၿပီး ကာတြန္းပုံမ်ားျဖင့္ အသက္ဝင္လာေအာင္ ေရးဆြဲ ျခင္း၊ ပညာေရးဆိုင္ရာ သင္ၾကားမွုမ်ားတြင္ အေထာက္အကူျပဳေစမည့္ ပရိုဂရမ္မ်ား ေရးဆြဲျခင္း တို့ကို ယွဥ္ၿပိဳင္ခဲ့ရေၾကာင္း ေရႊတံဆိပ္ဆုရရွိသူ မဆု ျမတ္ေမ၏ ေျပာၾကားခ်က္အရ သိရသည္။

”ၿပိဳင္ပြဲကို ျမန္မာနိုင္ငံကိုယ္စားျပဳအေနနဲ႔ သြား ေရာက္ယွဥ္ၿပိဳင္ခဲ့ရပါတယ္၊ အာဆီယံနိုင္ငံ ၁၀ နိုင္ငံ မွာရွိတဲ့ ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ယွဥ္ၿပိဳင္ခြင့္ရ တာ ဂုဏ္ယူမိပါတယ္၊ ေမာင္ေလး၊ ညီမေလးေတြနဲ႔ မမ၊ ကိုကိုတို့ကိုလည္း ဒီလိုၿပိဳင္ပြဲမ်ား ဝင္ေရာက္ ယွဥ္ ၿပိဳင္ေစလိုပါတယ္၊ လိုအပ္မွုေတြရွိမယ္ဆိုရင္လည္း သမီးဘက္က အတတ္နိုင္ဆုံး ေျပာျပေပးပါ့မယ္”ဟု မဆုျမတ္ေမက ၿပိဳင္ပြဲမ်ားသို့ ျမန္မာေက်ာင္းသား ေက်ာင္းသူ လူငယ္မ်ား ဝင္ေရာက္ယွဥ္ၿပိဳင္နိုင္ၾကရန္ ဖိတ္ေခၚေျပာၾကားခဲ့သည္။

အာဆီယံ CYBER  KIDS ၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံမွ ေက်ာင္းသူတစ္ဦး ေရႊတံဆိပ္ဆုရရွိ 1

ဟႏြိဳင္းၿမိဳ့သို့ နိုင္ငံေတာ္ကိုယ္စားျပဳ သြားေရာက္ ယွဥ္ၿပိဳင္ခဲ့ျခင္းအတြက္ မဆုျမတ္ေမ၏ ခရီးကုန္က် စရိတ္မ်ားကို ASEAN Cyber Kids Or- ganization က တာဝန္ယူ ေဆာင္ရြက္ေပးခဲ့ၿပီး မဆုျမတ္ေမသည္ ျမန္မာနိုင္ငံသို့ ဩဂုတ္ ၁၅ ရက္ တြင္ ေရာက္ရွိကာ ၂၇ ရက္တြင္ မူဆယ္သို့ ျပန္လည္ ေရာက္ရွိလာခဲ့သည္။

မဆုျမတ္ေမ၏မိခင္ျဖစ္သူ ေဒၚၾကည္သာထြန္းက ]]ေရႊတံဆိပ္ဆုရဖို့ထက္ သမီးေလးကို အေတြ႕အၾကဳံ ေကာင္းေလးေတြ ပိုၿပီးရေစခ်င္ပါတယ္၊ ခုလို နိုင္ငံ ေတာ္ကိုယ္စား ေရႊတံဆိပ္ဆု ရရွိတဲ့အတြက္ေတာ့ အတိုင္းမသိ ဝမ္းသာမိပါတယ္၊ နိုင္ငံကိုယ္စားျပဳ ယွဥ္ ၿပိဳင္ရတဲ့အခါမွာ နိုင္ငံေတာ္ရဲ့ ပံ့ပိုးကူညီမွုေတြလည္း လိုအပ္ပါတယ္၊ တျခားကေလးေတြ ေရြးခ်ယ္ခံရတဲ့ အခါမွာလည္း နိုင္ငံေတာ္က ပံ့ပိုးနိုင္ဖို့ လိုအပ္ပါတယ္}}ဟု ေျပာၾကားသည္။

နယ္ၿမိဳ့ေလးမွ နိုင္ငံေတာ္ကိုယ္စားျပဳ ယွဥ္ၿပိဳင္ခဲ့ၿပီး ေရႊတံဆိပ္ဆုကို ရရွိခဲ့ျခင္းေၾကာင့္ ဝမ္းေျမာက္ ဂုဏ္ ယူမိေၾကာင္းႏွင့္ အဘက္ဘက္မွ ဝိုင္းဝန္းကူညီေပးၾက သည့္ ဌာနဆိုင္ရာမ်ားကိုလည္း အထူးေက်းဇူးတင္ပါ ေၾကာင္း မဆုျမတ္ေမ၏ မိဘမ်ားက ေျပာၾကားခဲ့ သည္။

နိုင္ငံ့ဂုဏ္ေဆာင္ ေရႊတံဆိပ္ဆု ရရွိလာခဲ့သည့္ မဆုျမတ္ေမအတြက္ မူဆယ္ၿမိဳ့မွ သက္ဆိုင္သည့္ ဌာန ဆိုင္ရာမ်ားႏွင့္ ICTC ကိုယ္ပိုင္ေက်ာင္းတို့ ပူးေပါင္း ၍ ဂုဏ္ျပဳပြဲကို ဩဂုတ္ ၂၉ ရက္က ICTC ေက်ာင္း၌ က်င္းပေပးခဲ့ၿပီး မူဆယ္ခရိုင္အုပ္ခ်ဳပ္ေရးမွူး ဦးလွိုင္ စိုးသန႔္ႏွင့္ ခရိုင္ပညာေရးမွူး႐ုံးမွ (ေခတၱ)လက္ ေထာက္òန္ၾကားေရးမွူး ဦးစိုးတင့္တို့က ဂုဏ္ျပဳ စကားမ်ား ေျပာၾကားကာ မဆုျမတ္ေမက ၿပိဳင္ပြဲႏွင့္ ပတ္သက္သည့္ အေတြ႕အၾကဳံမ်ားကို ရွင္းလင္းေျပာ ၾကားခဲ့သည္။

ထို့ေနာက္ ခရိုင္အုပ္ခ်ဳပ္ေရးမွူး၊ ၿမိဳ့နယ္အုပ္ခ်ဳပ္ ေရးမွူး ဦးသူရိန္၊ မူဆယ္ခရိုင္ အမ်ိဳးသမီးေရးရာအဖြဲ႕ႏွင့္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းတို့၏ ဥကၠ႒ ေဒၚမိုးသူတင့္ႏွင့္ တာဝန္ရွိသူမ်ားက မဆုျမတ္ေမအား ဂုဏ္ျပဳလက္မွတ္မ်ားႏွင့္ ပညာသင္ဆုမ်ား ေပးအပ္ ခ်ီးျမႇင့္ခဲ့သည္။ မဆုျမတ္ေမအား မူဆယ္ခရိုင္ စီမံခန႔္ခြဲ ေရးေကာ္မတီမွ ဂုဏ္ျပဳဆုေငြ က်ပ္ ေျခာက္သိန္းခြဲ၊ ၿမိဳ့နယ္စီမံခန႔္ခြဲေရးေကာ္မတီက လက္ေတာ့ပ္တစ္လုံး၊ ခရိုင္အမ်ိဳးသမီးေရးရာအဖြဲ႕က ဂုဏ္ျပဳဆုေငြ က်ပ္ တစ္သိန္း၊ ၿမိဳ့နယ္အမ်ိဳးသမီးေရးရာအဖြဲ႕ကေန က်ပ္ ငါးေသာင္းတို့ကို ဂုဏ္ျပဳေပးအပ္ခဲ့ေၾကာင္း သိရ သည္။ဆလိုင္းဗန္ရိုးထန္

 

Unicode Versionျဖင့္ဖတ္ရန္

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သည့် ASEAN Cyber Kids Camp (ACC) 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့သော ရှမ်းပြည်နယ်(မြောက် ပိုင်း) မူဆယ်မြို့ I CTC ကိုယ်ပိုင်အလယ်တန်းကျောင်း မှ စတုတ္ထတန်းကျောင်းသူ မဆုမြတ်မေက ရွှေတံဆိပ် ဆု ရရှိခဲ့ကြောင်း သိရသည်။

မဆုမြတ်မေသည် အဆိုပါပြိုင်ပွဲအတွက် ခရိုင်နှင့် မြို့နယ်အဆင့်ကို မူဆယ်မြို့တွင် ဇွန် ၂၉ ရက်ကလည်း ကောင်း၊ ရှမ်းပြည်နယ်အဆင့်ကို လားရှိုးမြို့တွင် ဇူလိုင် ၂ ရက်ကလည်းကောင်း၊ ဗဟိုအဆင့်ကို နေပြည်တော် ၌ ဇူလိုင် ၈ ရက်ကလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး အထက(၁)ဒဂုံ ကျောင်းမှ စတုတ္ထတန်းကျောင်းသား မောင်စစ်လင်း ဘုန်းနှင့်အတူ ရွေးချယ်ခံခဲ့ရပြီး

ဇူလိုင် ၂၆ မှ ဩဂုတ် ၉ ရက်အထိ ရန်ကုန်မြို့ အထက(၁)ဒဂုံကျောင်း၌ မောင်စစ်လင်းဘုန်းနှင့်အတူ စခန်းသွင်း ကြိုတင် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်ဆောင် ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဩဂုတ် ၁၁ ရက်တွင် ဟနွိုင်းမြို့သို့ စတင်ထွက်ခွာခဲ့ကြပြီး ပြိုင်ပွဲကို ၁၃ ရက် နှင့် ၁၄ ရက် နှစ်ရက်ကြာ ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ ကျောင်းသား ကျောင်းသူ နှစ်ဦးစီဖြင့် စုစုပေါင်း ၂၀ ဝင်ရောက် ယှဉ် ပြိုင်ခဲ့ကြပြီး ကာတွန်းလေးများဖြင့် ဇာတ်လမ်း(Sto- ry)များ ပုံဖော်ပေးခြင်း၊ Comment ပေးပြီး ကာတွန်းပုံများဖြင့် အသက်ဝင်လာအောင် ရေးဆွဲ ခြင်း၊ ပညာရေးဆိုင်ရာ သင်ကြားမှုများတွင် အထောက်အကူပြုစေမည့် ပရိုဂရမ်များ ရေးဆွဲခြင်း တို့ကို ယှဉ်ပြိုင်ခဲ့ရကြောင်း ရွှေတံဆိပ်ဆုရရှိသူ မဆု မြတ်မေ၏ ပြောကြားချက်အရ သိရသည်။

”ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွား ရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်၊ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ယှဉ်ပြိုင်ခွင့်ရ တာ ဂုဏ်ယူမိပါတယ်၊ မောင်လေး၊ ညီမလေးတွေနဲ့ မမ၊ ကိုကိုတို့ကိုလည်း ဒီလိုပြိုင်ပွဲများ ဝင်ရောက် ယှဉ် ပြိုင်စေလိုပါတယ်၊ လိုအပ်မှုတွေရှိမယ်ဆိုရင်လည်း သမီးဘက်က အတတ်နိုင်ဆုံး ပြောပြပေးပါ့မယ်”ဟု မဆုမြတ်မေက ပြိုင်ပွဲများသို့ မြန်မာကျောင်းသား ကျောင်းသူ လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြရန် ဖိတ်ခေါ်ပြောကြားခဲ့သည်။

ဟနွိုင်းမြို့သို့ နိုင်ငံတော်ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်းအတွက် မဆုမြတ်မေ၏ ခရီးကုန်ကျ စရိတ်များကို ASEAN Cyber Kids Or- ganization က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီး မဆုမြတ်မေသည် မြန်မာနိုင်ငံသို့ ဩဂုတ် ၁၅ ရက် တွင် ရောက်ရှိကာ ၂၇ ရက်တွင် မူဆယ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

အာဆီယံ CYBER  KIDS ၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံမွ ေက်ာင္းသူတစ္ဦး ေရႊတံဆိပ္ဆုရရွိ 1

မဆုမြတ်မေ၏မိခင်ဖြစ်သူ ဒေါ်ကြည်သာထွန်းက ]]ရွှေတံဆိပ်ဆုရဖို့ထက် သမီးလေးကို အတွေ့အကြုံ ကောင်းလေးတွေ ပိုပြီးရစေချင်ပါတယ်၊ ခုလို နိုင်ငံ တော်ကိုယ်စား ရွှေတံဆိပ်ဆု ရရှိတဲ့အတွက်တော့ အတိုင်းမသိ ဝမ်းသာမိပါတယ်၊ နိုင်ငံကိုယ်စားပြု ယှဉ် ပြိုင်ရတဲ့အခါမှာ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုတွေလည်း လိုအပ်ပါတယ်၊ တခြားကလေးတွေ ရွေးချယ်ခံရတဲ့ အခါမှာလည်း နိုင်ငံတော်က ပံ့ပိုးနိုင်ဖို့ လိုအပ်ပါတယ်}}ဟု ပြောကြားသည်။

နယ်မြို့လေးမှ နိုင်ငံတော်ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းကြောင့် ဝမ်းမြောက် ဂုဏ် ယူမိကြောင်းနှင့် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြ သည့် ဌာနဆိုင်ရာများကိုလည်း အထူးကျေးဇူးတင်ပါ ကြောင်း မဆုမြတ်မေ၏ မိဘများက ပြောကြားခဲ့ သည်။

နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆု ရရှိလာခဲ့သည့် မဆုမြတ်မေအတွက် မူဆယ်မြို့မှ သက်ဆိုင်သည့် ဌာန ဆိုင်ရာများနှင့် ICTC ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း ၍ ဂုဏ်ပြုပွဲကို ဩဂုတ် ၂၉ ရက်က ICTC ကျောင်း၌ ကျင်းပပေးခဲ့ပြီး မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင် စိုးသန့်နှင့် ခရိုင်ပညာရေးမှူးရုံးမှ (ခေတ္တ)လက် ထောက်òန်ကြားရေးမှူး ဦးစိုးတင့်တို့က ဂုဏ်ပြု စကားများ ပြောကြားကာ မဆုမြတ်မေက ပြိုင်ပွဲနှင့် ပတ်သက်သည့် အတွေ့အကြုံများကို ရှင်းလင်းပြော ကြားခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသူရိန်၊ မူဆယ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၏ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့် တာဝန်ရှိသူများက မဆုမြတ်မေအား ဂုဏ်ပြုလက်မှတ်များနှင့် ပညာသင်ဆုများ ပေးအပ် ချီးမြှင့်ခဲ့သည်။ မဆုမြတ်မေအား မူဆယ်ခရိုင် စီမံခန့်ခွဲ ရေးကော်မတီမှ ဂုဏ်ပြုဆုငွေ ကျပ် ခြောက်သိန်းခွဲ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီက လက်တော့ပ်တစ်လုံး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ် တစ်သိန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကနေ ကျပ် ငါးသောင်းတို့ကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရ သည်။ဆလိုင်းဗန်ရိုးထန်

Be the first to comment

Leave a Reply

Your email address will not be published.


*