ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ 1
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ 2
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ 3
Unicode Versionဖြင့်ဖတ်ရန်
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ထဲမှာ ဒီကနေ့မနက်အစောပိုင်းက မူးယစ်ဆေးဝါးသယ်ဆောင်သူနဲ့ ထိုင်းစစ်တပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး စိတ်ကြွဆေးပြား အလုံးရေ ၈ သိန်း ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ 1
ချင်းဒေါင်းမြို့နယ်ထဲမှာ နယ်စပ်က မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို သယ်လာဖို့ရှိကြောင်း သတင်းရထားတဲ့အတွက် အမှတ် ၅ တိုင်းဒေသ မူးယစ်ရဲတပ်ဖွဲ့ဝင်၊ နယ်မြေခံ စစ်တပ်နဲ့ ပြည်သူ့ စစ်တွေပူးပေါင်းပါ ဝင်တဲ့အဖွဲ့ဟာ ချင်းဒေါင်းမြို့နယ် မယ့်နကျေးရွာအုပ်စုထဲမှာ စောင့်ဆိုင်းနေခဲ့တယ်လို့ မူးယစ် ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဘန်ဝပ် ဖရုမ်ကျန်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ အထုတ်ကိုယ်စီပိုးလာတဲ့ လူတစု တော အုပ်ထဲကို ဖြတ်သန်းလာခဲ့ပြီး တာဝန်ရှိသူတွေက လူယောင်ပြရပ်ခိုင်းတဲ့အတွက် တဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဒါကြောင့် တာဝန်ရှိသူကလည်း ပြန်လည်ပစ်ခတ်ပြီး ၅ မိနစ်ခန့်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ 2
ပစ်ခတ်မှုတွေငြိမ်သက်ပြီးတဲ့ မနက် ၅ နာရီ ၄၅ မိနစ်မှာတော့ တာဝန်ရှိသူတွေက နယ်မြေဝင်ရောက်ရှင်းလင်းရာမှာ စိတ်ကြွေဆးပြားတွေ ပါဝင်တဲ့ အိတ် ၈ အိတ်ကို တွေ့ ရှိရကြောင်း၊ ၁ အိတ်မှာ စိတ်ကြွဆေးပြား ၁ သိန်းစီပါဝင်တာကြောင့် စုစုပေါင်း စိတ်ကြွ ဆေးအလုံးရေ ၈ သိန်းဖမ်းမိတယ်လို့ ရဲမှူးကြီး ဘန်ဝပ် ဖရုမ်ကျန်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့်မူးယစ်ဆေးသယ်သူများ ပစ်ခတ်မှုဖြစ်၊ စိတ်ကြွဆေးများ ဖမ်းမိ 3
ဒီတကြိမ် ပစ်ခတ်ဖမ်းဆီးမှုမှာ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကတော့ အမှောင်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားပြီး မူးယစ်ဆေးတွေကိုတော့ ချင်းဒေါင်းမြို့နယ်ရဲတပ်ဖွဲ့ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။DVB
Be the first to comment
Leave a Reply
Your email address will not be published.
*