ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းက ျဖစ္ေပၚခဲ့တဲ့ ေတာင္ကိုးရီးယားႏိုင္ငံေန ျမန္မာႏိုင္ငံသား အလုပ္သမားေတြဆီကေန ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေလာက္ လိမ္လည္မႈနဲ႔ ပတ္သက္ၿပီး လိမ္လည္သူကို ဖမ္းမိေရးအတြက္ ျမန္မာႏိုင္ငံတြင္းမွာရွိတဲ့ သက္ဆိုင္ရာဝန္ႀကီးဌာနေတြကို ပူးေပါင္းေဆာင္႐ြက္ဖို႔ အေၾကာင္းၾကားထားၿပီးျဖစ္သလို လိုအပ္ရင္ ႏိုင္ငံတကာ ရဲတပ္ဖြဲ႕နဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္မယ္လို႔ ကိုးရီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးကေျေျပာၾကားလိုက္ပါတယ္

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 1

စိုးယုယုႏွင္း လို႔ အမည္ခံထားတဲ့ ျမန္မာအမ်ိဳးသမီးတဦးက ေငြေၾကးလႊဲေျပာင္းမႈနဲ႔ ေလယာဥ္လက္မွတ္ဝန္ေဆာင္မႈလုပ္ငန္းဆိုၿပီး ေဖ့စ္ဘြတ္မွာ စာမ်က္ႏွာဖြင့္ၿပီး ဆက္သြယ္လာသူေတြထံက ေငြေၾကးေတြ လႊဲေျပာင္း ရယူၿပီးတဲ့ေနာက္ အဆက္အသြယ္ျဖတ္ေတာက္ကာ လိမ္လည္သြားခဲ့တာျဖစ္ပါတယ္။ အဲဒီအမ်ိဳးသမီးဟာ ေျမာက္ဥကၠလာၿမိဳ႕နယ္ထဲက အိမ္တအိမ္ထဲမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလဆန္းက တည္းခိုသြားခဲ့တယ္လို႔ အိမ္ရွင္ျဖစ္သူ ေဒၚစန္းလွကေျပာပါတယ္။

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 2

“အဲဒီကေလးမေလးက ၾသဂုတ္လ ၂၉ ရက္ေန႔ ၁ နာရီခြဲေလာက္ကိုေရာက္လာတယ္။ အဘြားအိမ္မွာ ခဏတည္းမယ္ဆိုေတာ့။ အဘြားကလည္း ေအးေပါ့၊ ကေလးေတြနဲ႔ သူငယ္ခ်င္းဆိုေတာ့ သိတယ္။ သူတို႔ျပန္သြားတာေတာ့ စက္တင္ဘာ ၆ ရက္ေန႔။ အဘြားကေမးေတာ့ သူတို႔ သူငယ္ခ်င္းတေယာက္ဆီက ပိုက္ဆံ သိန္း ရဝဝ ေလာက္ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္လာတယ္။ အဲလိုေျပာတယ္။ စာ႐ြက္ေျပာင္မွာ လက္မွတ္ထိုးၿပီးေတာ့။ အဲဒါ။ အဲဒါပဲ သိတယ္ “

သတင္းမီဒီယာေတြေၾကာင့္ အဲဒီအမ်ိဳးသမီးကို ေငြလိမ္လည္သူလို႔ သိတဲ့အတြက္ အာဏာပိုင္တခ်ိဳ႕ကို သတင္းေပးေပမယ့္ တိုင္ၾကားတဲ့သူမရွိတာေၾကာင့္ ဘာမွလုပ္လို႔မရဘူးလို႔ အိမ္ရွင္ရဲ႕သမီးျဖစ္သူက ေျပာပါတယ္။

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 3

“၂၉ ရက္ေန႔ညမွာေနာ္။ ည ၁ နာရီမွာ ေလဆိပ္ကေန က်မတို႔ အေမပိုင္တဲ့ၿခံထဲကို လိုက္ပို႔တယ္။ ၿပီးေတာ့ အေပၚထပ္မွာ တည္းတယ္။ ၁ ရက္ေန႔က်ေတာ့ က်မက အဲဒီအိမ္ကို အေမေနမေကာင္းလို႔ ည ၁၂ နာရီခြဲႀကီးမွာ သြားေတာ့ သူတို႔ေတြ ဘယ္ကလဲဆိုေတာ့ အဲလိုပဲ ကိုးရီးယားကေနတဲ့ အခ်င္းခ်င္းပိုက္ဆံေတြ ေခ်းငွားၿပီး ျပန္မဆပ္ႏိုင္လို႔ သိန္း ရဝဝ လို႔ေျပာတယ္တဲ့။ ေနာက္ ၂ ရက္ေလာက္မွာ သတင္းထြက္လာေတာ့ အေမ ဒီေကာင္မေလးက ပိုက္ဆံေတြ လိမ္ၿပီး ထြက္ေျပးလာတာလို႔ ေျပာတယ္ေပါ့ေနာ္။ အေမကလည္း မသိဘူး။ က်မက ဌာနဆိုင္ရာ အဖြဲ႕အစည္းအသိကို လွမ္းၿပီးေတာ့ အေၾကာင္းၾကားတာေပါ့ေနာ္၊ ေျပာရရင္။ ရဲစခန္းေတာ့ အေၾကာင္းမၾကားဘူး။ ဒါေပမယ့္ နယ္ေျမခံကို အေၾကာင္းၾကားတယ္။ အေၾကာင္းၾကားေတာ့ ရဲက ဘာေျပာလဲဆိုေတာ့ ဘာမွ က်ေနာ္တို႔မွာ လုပ္ပိုင္ခြင့္မရွိဘူးတဲ့။ ဟိုဘက္ကလာၿပီး အမႈမဖြင့္တဲ့အတြက္တဲ့။ ဒါေပမယ့္ ေစာင့္ေတာ့ ေစာင့္ၾကည့္ေပးပါတဲ့။ ၆ ရက္ေန႔ ေန႔ခင္း ၂ နာရီေလာက္မွာ အဲဒီေကာင္မေလးေတြ ထြက္ေျပးတယ္ဆိုတဲ့ အသံၾကားတယ္”

ေငြလိမ္ခံရသူ အလုပ္သမားေတြအတြက္ ကိုးရီးယားႏိုင္ငံထဲမွာ အမႈဖြင့္ၿပီးျဖစ္သလို ေရွ႕ဆက္ၿပီး လိုအပ္တာေတြကို ေဆာင္႐ြက္ဖို႔ ျမန္မာျပည္တြင္းကို အေၾကာင္းၾကားထားၿပီးျဖစ္တယ္လို႔ ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး အလုပ္သမားေရးရာ သံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္ က RFA ကို ေျပာပါတယ္။

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 4

“က်ေနာ္ရထားတဲ့ အမႈဖြင့္ထားတဲ့ လက္ခံစာေတြစုၿပီးေတာ့ မနက္ေစာေစာ သံအမတ္ႀကီးကို တင္ျပဖို႔ရာအတြက္ စာ႐ိုက္ၿပီးေတာ့ ႐ုံးမွာဝင္ၿပီး စာတင္ခဲ့တယ္ခင္ဗ်။ သံအမတ္ႀကီးကတဆင့္ ျမန္မာႏိုင္ငံတြင္းမွာရွိတဲ့ ႏိုင္ငံျခားေရးရယ္၊ ျပည္ထဲေရးရယ္၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ အဲဒီဝန္ႀကီးဌာနေတြကို အမႈဖြင့္ေဆာင္႐ြက္ၿပီးစီးေၾကာင္းဆိုတာေလးကို တင္ျပဖို႔ရာအတြက္ က်ေနာ္ သံအမတ္ႀကီးဆီကို တင္ခဲ့ပါတယ္။

လက္ရွိအေနအထားကေတာ့ က်ေနာ္တို႔သံ႐ုံးအေနနဲ႔ ျပည္တြင္းကို သတင္းပို႔ထားၿပီးေတာ့ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြ လိုအပ္သလို ပူးေပါင္းေဆာင္႐ြက္ဖို႔ဆိုၿပီးေတာ့ တင္ျပထားတာရွိပါတယ္။ ေနာက္ၿပီးေတာ့ ဒီဘက္မွာရွိတဲ့ ရဲဌာနနဲ႔ က်ေနာ္ နည္းနည္းေလးေျပာထားတာ ရွိပါတယ္။ လိုအပ္လို႔ရွိရင္ Interpol ေပါ့။ ႏိုင္ငံတကာရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းၿပီးေတာ့ အမႈတြဲေတြ ဘာေတြ ေပးပို႔လို႔ ရလို႔ရွိရင္လည္း သူတို႔ဆီကေန တိုက္႐ိုက္ေပးပို႔လို႔ရေအာင္ က်ေနာ္ေဆြးေႏြးထားတာေတြ ရွိပါတယ္ခင္ဗ်”

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 5

သူငယ္ခ်င္းအုပ္စုလိုက္ ေငြ သိန္း ၅ဝဝ နီးပါးအလိမ္ခံလိုက္ရတဲ့ ကိုစိုးပိုင္ကေတာ့ ကိုးရီးယားဘဏ္ေတြကေန ေငြေခ်းၿပီး ျမန္မာျပည္ကို လႊဲတဲ့ေငြေတြကိုမွ အလိမ္ခံလိုက္ရတာျဖစ္တဲ့အတြက္ ေငြဆုံး႐ုံတင္မက နံမည္ပါပ်က္ရလို႔ တရားခံကို အျမန္ဆုံးမိေစခ်င္တယ္လို႔ ေျပာပါတယ္။

“အားလုံးေပါင္း ျမန္မာေငြ က်ပ္ သိန္း ၅ဝဝ နီးပါးေလာက္ေတာ့ရွိတယ္။ က်ေနာ့္ပိုက္ဆံေတြလည္းပါတာေပါ့။ အဓိကေတာ့ က်ေနာ့္သူငယ္ခ်င္းေတြက ဒီကိုးရီးယားႏိုင္ငံမွာ ဘဏ္ကေန ပိုက္ဆံေခ်းၿပီးေတာ့ အိမ္ေတြ ၿခံေတြဝယ္ဖို႔အတြက္ ဟိုဟာျဖစ္ၾကတာ။ သူငယ္ခ်င္းေတြအားလုံး လႊဲလိုက္တဲ့အခ်ိန္မွာ ပါသြားတာ။ အဓိက ကေတာ့ ပိုက္ဆံပါသြားတဲ့အျပင္ က်ေနာ္တို႔ကေတာ့ နာမည္ပ်က္ရတာေပါ့”

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 6

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 7

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 8

ေငြအလိမ္ခံရသူေတြထဲက ၁၂ ေယာက္ဟာ ေတာင္ကိုးရီးယားႏိုင္ငံက သက္ဆိုင္ရာအပိုင္ ရဲစခန္းေတြမွာ ကိုယ္တိုင္ အမႈဖြင့္ထားၿပီးျဖစ္ပါတယ္။ ျပည္တြင္းက ႏိုင္ငံျခားေရးဝန္ႀကီးဌာနလို၊ ရဲတပ္ဖြဲ႕လို၊ လူဝင္မႈႀကီးၾကပ္ေရးလို သက္ဆိုင္ရာဝန္ႀကီးဌာနေတြကိုလည္း ပူးေပါင္းေဆာင္႐ြက္ဖို႔ အေၾကာင္းၾကားထား႐ုံမက ႏိုင္ငံတကာရဲတပ္ဖြဲ႕နဲ႔ပါ လိုအပ္ရင္ လိုအပ္သလို ခ်ိတ္ဆက္ေဆာင္႐ြက္မွာျဖစ္တဲ့အတြက္ လိမ္လည္သူကို မိမယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ျမန္မာသံ႐ုံးအလုပ္သမားေရးရာ သံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က ေျပာပါတယ္။viralnewsmyanmar

 

Unicode Versionျဖင့္ဖတ္ရန္

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တောင်ကိုးရီးယားနိုင်ငံနေ မြန်မာနိုင်ငံသား အလုပ်သမားတွေဆီကနေ ကိုရီးယားဝမ်ငွေ သိန်း ၂ဝဝဝ ကျော်လောက် လိမ်လည်မှုနဲ့ ပတ်သက်ပြီး လိမ်လည်သူကို ဖမ်းမိရေးအတွက် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားထားပြီးဖြစ်သလို လိုအပ်ရင် နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့ ကိုးရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောကြားလိုက်ပါတယ်။

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 1

စိုးယုယုနှင်း လို့ အမည်ခံထားတဲ့ မြန်မာအမျိုးသမီးတဦးက ငွေကြေးလွှဲပြောင်းမှုနဲ့ လေယာဉ်လက်မှတ်ဝန်ဆောင်မှုလုပ်ငန်းဆိုပြီး ဖေ့စ်ဘွတ်မှာ စာမျက်နှာဖွင့်ပြီး ဆက်သွယ်လာသူတွေထံက ငွေကြေးတွေ လွှဲပြောင်း ရယူပြီးတဲ့နောက် အဆက်အသွယ်ဖြတ်တောက်ကာ လိမ်လည်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအမျိုးသမီးဟာ မြောက်ဥက္ကလာမြို့နယ်ထဲက အိမ်တအိမ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက တည်းခိုသွားခဲ့တယ်လို့ အိမ်ရှင်ဖြစ်သူ ဒေါ်စန်းလှကပြောပါတယ်။

“အဲဒီကလေးမလေးက သြဂုတ်လ ၂၉ ရက်နေ့ ၁ နာရီခွဲလောက်ကိုရောက်လာတယ်။ အဘွားအိမ်မှာ ခဏတည်းမယ်ဆိုတော့။ အဘွားကလည်း အေးပေါ့၊ ကလေးတွေနဲ့ သူငယ်ချင်းဆိုတော့ သိတယ်။ သူတို့ပြန်သွားတာတော့ စက်တင်ဘာ ၆ ရက်နေ့။ အဘွားကမေးတော့ သူတို့ သူငယ်ချင်းတယောက်ဆီက ပိုက်ဆံ သိန်း ရဝဝ လောက် ခြေချော်လက်ချော်ဖြစ်လာတယ်။ အဲလိုပြောတယ်။ စာရွက်ပြောင်မှာ လက်မှတ်ထိုးပြီးတော့။ အဲဒါ။ အဲဒါပဲ သိတယ် “

သတင်းမီဒီယာတွေကြောင့် အဲဒီအမျိုးသမီးကို ငွေလိမ်လည်သူလို့ သိတဲ့အတွက် အာဏာပိုင်တချို့ကို သတင်းပေးပေမယ့် တိုင်ကြားတဲ့သူမရှိတာကြောင့် ဘာမှလုပ်လို့မရဘူးလို့ အိမ်ရှင်ရဲ့သမီးဖြစ်သူက ပြောပါတယ်။

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 3

“၂၉ ရက်နေ့ညမှာနော်။ ည ၁ နာရီမှာ လေဆိပ်ကနေ ကျမတို့ အမေပိုင်တဲ့ခြံထဲကို လိုက်ပို့တယ်။ ပြီးတော့ အပေါ်ထပ်မှာ တည်းတယ်။ ၁ ရက်နေ့ကျတော့ ကျမက အဲဒီအိမ်ကို အမေနေမကောင်းလို့ ည ၁၂ နာရီခွဲကြီးမှာ သွားတော့ သူတို့တွေ ဘယ်ကလဲဆိုတော့ အဲလိုပဲ ကိုးရီးယားကနေတဲ့ အချင်းချင်းပိုက်ဆံတွေ ချေးငှားပြီး ပြန်မဆပ်နိုင်လို့ သိန်း ရဝဝ လို့ပြောတယ်တဲ့။ နောက် ၂ ရက်လောက်မှာ သတင်းထွက်လာတော့ အမေ ဒီကောင်မလေးက ပိုက်ဆံတွေ လိမ်ပြီး ထွက်ပြေးလာတာလို့ ပြောတယ်ပေါ့နော်။ အမေကလည်း မသိဘူး။ ကျမက ဌာနဆိုင်ရာ အဖွဲ့အစည်းအသိကို လှမ်းပြီးတော့ အကြောင်းကြားတာပေါ့နော်၊ ပြောရရင်။ ရဲစခန်းတော့ အကြောင်းမကြားဘူး။ ဒါပေမယ့် နယ်မြေခံကို အကြောင်းကြားတယ်။ အကြောင်းကြားတော့ ရဲက ဘာပြောလဲဆိုတော့ ဘာမှ ကျနော်တို့မှာ လုပ်ပိုင်ခွင့်မရှိဘူးတဲ့။ ဟိုဘက်ကလာပြီး အမှုမဖွင့်တဲ့အတွက်တဲ့။ ဒါပေမယ့် စောင့်တော့ စောင့်ကြည့်ပေးပါတဲ့။ ၆ ရက်နေ့ နေ့ခင်း ၂ နာရီလောက်မှာ အဲဒီကောင်မလေးတွေ ထွက်ပြေးတယ်ဆိုတဲ့ အသံကြားတယ်”

ငွေလိမ်ခံရသူ အလုပ်သမားတွေအတွက် ကိုးရီးယားနိုင်ငံထဲမှာ အမှုဖွင့်ပြီးဖြစ်သလို ရှေ့ဆက်ပြီး လိုအပ်တာတွေကို ဆောင်ရွက်ဖို့ မြန်မာပြည်တွင်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံး အလုပ်သမားရေးရာ သံအရာရှိ ဦးဇေယျာတင်ဝင်းထင် က RFA ကို ပြောပါတယ်။

“ကျနော်ရထားတဲ့ အမှုဖွင့်ထားတဲ့ လက်ခံစာတွေစုပြီးတော့ မနက်စောစော သံအမတ်ကြီးကို တင်ပြဖို့ရာအတွက် စာရိုက်ပြီးတော့ ရုံးမှာဝင်ပြီး စာတင်ခဲ့တယ်ခင်ဗျ။ သံအမတ်ကြီးကတဆင့် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံခြားရေးရယ်၊ ပြည်ထဲရေးရယ်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အဲဒီဝန်ကြီးဌာနတွေကို အမှုဖွင့်ဆောင်ရွက်ပြီးစီးကြောင်းဆိုတာလေးကို တင်ပြဖို့ရာအတွက် ကျနော် သံအမတ်ကြီးဆီကို တင်ခဲ့ပါတယ်။

လက်ရှိအနေအထားကတော့ ကျနော်တို့သံရုံးအနေနဲ့ ပြည်တွင်းကို သတင်းပို့ထားပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့ တင်ပြထားတာရှိပါတယ်။ နောက်ပြီးတော့ ဒီဘက်မှာရှိတဲ့ ရဲဌာနနဲ့ ကျနော် နည်းနည်းလေးပြောထားတာ ရှိပါတယ်။ လိုအပ်လို့ရှိရင် Interpol ပေါ့။ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ အမှုတွဲတွေ ဘာတွေ ပေးပို့လို့ ရလို့ရှိရင်လည်း သူတို့ဆီကနေ တိုက်ရိုက်ပေးပို့လို့ရအောင် ကျနော်ဆွေးနွေးထားတာတွေ ရှိပါတယ်ခင်ဗျ”

သူငယ်ချင်းအုပ်စုလိုက် ငွေ သိန်း ၅ဝဝ နီးပါးအလိမ်ခံလိုက်ရတဲ့ ကိုစိုးပိုင်ကတော့ ကိုးရီးယားဘဏ်တွေကနေ ငွေချေးပြီး မြန်မာပြည်ကို လွှဲတဲ့ငွေတွေကိုမှ အလိမ်ခံလိုက်ရတာဖြစ်တဲ့အတွက် ငွေဆုံးရုံတင်မက နံမည်ပါပျက်ရလို့ တရားခံကို အမြန်ဆုံးမိစေချင်တယ်လို့ ပြောပါတယ်။

“အားလုံးပေါင်း မြန်မာငွေ ကျပ် သိန်း ၅ဝဝ နီးပါးလောက်တော့ရှိတယ်။ ကျနော့်ပိုက်ဆံတွေလည်းပါတာပေါ့။ အဓိကတော့ ကျနော့်သူငယ်ချင်းတွေက ဒီကိုးရီးယားနိုင်ငံမှာ ဘဏ်ကနေ ပိုက်ဆံချေးပြီးတော့ အိမ်တွေ ခြံတွေဝယ်ဖို့အတွက် ဟိုဟာဖြစ်ကြတာ။ သူငယ်ချင်းတွေအားလုံး လွှဲလိုက်တဲ့အချိန်မှာ ပါသွားတာ။ အဓိက ကတော့ ပိုက်ဆံပါသွားတဲ့အပြင် ကျနော်တို့ကတော့ နာမည်ပျက်ရတာပေါ့”

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 6

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 7

ကိုရီးယားဝမ္ေငြ သိန္း ၂ဝဝဝ ေက်ာ္ေငြလိမ္ေျပးမႉ အင္တာပိုကို အကူအညီေတာင္းမည္ 8

ငွေအလိမ်ခံရသူတွေထဲက ၁၂ ယောက်ဟာ တောင်ကိုးရီးယားနိုင်ငံက သက်ဆိုင်ရာအပိုင် ရဲစခန်းတွေမှာ ကိုယ်တိုင် အမှုဖွင့်ထားပြီးဖြစ်ပါတယ်။ ပြည်တွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနလို၊ ရဲတပ်ဖွဲ့လို၊ လူဝင်မှုကြီးကြပ်ရေးလို သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားထားရုံမက နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ပါ လိုအပ်ရင် လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်မှာဖြစ်တဲ့အတွက် လိမ်လည်သူကို မိမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာသံရုံးအလုပ်သမားရေးရာ သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။viralnewsmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*