Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္

ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ Myanmar International Series ၾကက္ေတာင္ၿပိဳင္ပြဲကို စက္တင္ဘာ ၁၀ ရက္ နံနက္ ၉ နာရီမွစတင္ကာ ရန္ကုန္ၿမိဳ႕ က်ဳံးႀကီးလမ္းရွိ အမ်ိဳးသားၾကက္ေတာင္အားကစားခန္းမ၌ က်င္းပမည္ျဖစ္သည္။

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 1

ယင္းၿပိဳင္ပြဲတြင္ အေရွ႕ေတာင္အာရွ၊ အာရွႏွင့္ ဥေရာပႏိုင္ငံမ်ားမွ ကစားသမား ၁၃၇ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ျမန္မာၾကက္ေတာင္အဖြဲ႕မွာမူ ၁၃ ဦးျဖင့္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။ ယခုၿပိဳင္ပြဲတြင္ တစ္ဦးခ်င္းအမ်ိဳးသားၿပိဳင္ပြဲ၊ အမ်ိဳးသမီးၿပိဳင္ပြဲ၊ ႏွစ္ေယာက္တြဲ အမ်ိဳးသားၿပိဳင္ပြဲ၊ အမ်ိဳးသမီးၿပိဳင္ပြဲ၊ အမ်ိဳးသား+အမ်ိဳးသမီးႏွစ္ေယာက္တြဲၿပိဳင္ပြဲတို႔ ပါဝင္မည္ျဖစ္ၿပီး International Series ၾကက္ေတာင္ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုမ်ားစြာ ရယူဖူးသည့္ သက္ထားသူဇာသည္ အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲတြင္ ဆီဒင္သတ္မွတ္ခ်က္ (၁) ရရွိထားသည္။

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 2

ၿပိဳင္ပြဲပထမေန႔တြင္ အမ်ိဳးသားတစ္ဦးခ်င္းၿပိဳင္ပြဲသာ က်င္းပမည္ျဖစ္ၿပီး ျမန္မာကစားသမားမ်ားအနက္ ခ်မ္းဝင္းဦးႏွင့္ ေဟာင္ပန္ဆန္ (တ႐ုတ္တိုင္ေပ)၊ မင္းထက္ေကာင္းႏွင့္ မာနီဂန္ဒန္ (အိႏၵိယ)၊ ေအာင္မ်ိဳးထူးႏွင့္ လင္ရိရွန္ (မေလးရွား)၊ သူရိန္ႏွင့္ ေကာင္ခ်ီခတ္ (မေလးရွား)၊ ဘုန္းျပည့္ႏိုင္ႏွင့္ ရွီရန္ရွာ (အိႏၵိယ)၊ ေဇာ္လင္းထူးႏွင့္ ဟိုင္ကယ္ (မေလးရွား)တို႔ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ ျမန္မာၾကက္ေတာင္ကစား သမားမ်ားသည္ ၿပိဳင္ပြဲအမ်ိဳးအစားငါးမ်ိဳးစလုံးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 3

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 4

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 5

ၿပိဳင္ပြဲဝင္မည့္ ျမန္မာၾကက္ေတာင္အသင္းတြင္ အမ်ိဳးသား-ခ်မ္းဝင္းဦး၊ ေအာင္မ်ိဳးထူး၊ ဟိန္းစည္သူတိုး၊ မင္းထက္ေကာင္း၊ ဘုန္းျပည့္ႏိုင္၊ သူရိန္၊ ေဇာ္လင္းထူး၊ အမ်ိဳးသမီး-သက္ထားသူဇာ၊ ခိုင္သၪၨာ၊ တြယ္တာဦး၊သင္းသင္းစံ၊ ရီရီလြင္ႏွင့္ ဇြန္မ်ိဳးသက္တို႔ ပါဝင္သည္။ ယင္းၿပိဳင္ပြဲကို စက္တင္ဘာ ၁၅ ရက္အထိ က်င္းပမည္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစတင္ကာ ျပည္ပၿပိဳင္ပြဲမ်ား၌ ေအာင္ျမင္မႈမ်ားရထားသည့္ သက္ထားသူဇာသည္ ၃၂ ဦးအဆင့္မွ စတင္ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ညီျမတ္ေသာ္တာ

 

Unicode Versionျဖင့္ဖတ္ရန္

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီမှစတင်ကာ ရန်ကုန်မြို့ ကျုံးကြီးလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 1

ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ၊ အာရှနှင့် ဥရောပနိုင်ငံများမှ ကစားသမား ၁၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာကြက်တောင်အဖွဲ့မှာမူ ၁၃ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် တစ်ဦးချင်းအမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်ပြီး International Series ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆုများစွာ ရယူဖူးသည့် သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆီဒင်သတ်မှတ်ချက် (၁) ရရှိထားသည်။

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 7

ပြိုင်ပွဲပထမနေ့တွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲသာ ကျင်းပမည်ဖြစ်ပြီး မြန်မာကစားသမားများအနက် ချမ်းဝင်းဦးနှင့် ဟောင်ပန်ဆန် (တရုတ်တိုင်ပေ)၊ မင်းထက်ကောင်းနှင့် မာနီဂန်ဒန် (အိန္ဒိယ)၊ အောင်မျိုးထူးနှင့် လင်ရိရှန် (မလေးရှား)၊ သူရိန်နှင့် ကောင်ချီခတ် (မလေးရှား)၊ ဘုန်းပြည့်နိုင်နှင့် ရှီရန်ရှာ (အိန္ဒိယ)၊ ဇော်လင်းထူးနှင့် ဟိုင်ကယ် (မလေးရှား)တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာကြက်တောင်ကစား သမားများသည် ပြိုင်ပွဲအမျိုးအစားငါးမျိုးစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 3

Myanmar International Series 2019 ၾကက္ေတာင္ၿပိဳင္ပြဲ မနက္ျဖန္ စတင္မည္ 2

ပြိုင်ပွဲဝင်မည့် မြန်မာကြက်တောင်အသင်းတွင် အမျိုးသား-ချမ်းဝင်းဦး၊ အောင်မျိုးထူး၊ ဟိန်းစည်သူတိုး၊ မင်းထက်ကောင်း၊ ဘုန်းပြည့်နိုင်၊ သူရိန်၊ ဇော်လင်းထူး၊ အမျိုးသမီး-သက်ထားသူဇာ၊ ခိုင်သဉ္ဇာ၊ တွယ်တာဦး၊သင်းသင်းစံ၊ ရီရီလွင်နှင့် ဇွန်မျိုးသက်တို့ ပါဝင်သည်။ ယင်းပြိုင်ပွဲကို စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ပြည်ပပြိုင်ပွဲများ၌ အောင်မြင်မှုများရထားသည့် သက်ထားသူဇာသည် ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ညီမြတ်သော်တာ

Be the first to comment

Leave a Reply

Your email address will not be published.


*