၁ လတာ အပစ္ရပ္မယ္လို႔ မဟာမိတ္ ၃ ဖြဲ႔ေၾကညာ

မုိင္း႐ူေကာ၊ ေရႊဖီေျမ
စက္တင္ဘာ ၉ ရက္၊ လား႐ႈိး

မဟာမိတ္ ၃ ဖြဲ႔ျဖစ္တဲ့ ကိုးကန္႔တပ္မေတာ္၊ တအာင္းတပ္မေတာ္နဲ႔ ရခိုင္တပ္မေတာ္တုိ႔ ၃ ဖြဲ႔ဟာ ဒီေန႔ စက္တင္ဘာလ ၉ ရက္ကစၿပီး လာမယ့္ ေအာက္တုိဘာလ ၈ ရက္အထိ ၁ လတာ အပစ္ရပ္ထားမယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့ တုိက္ပြဲေတြကုိ ရပ္တန္႔ၿပီး ေတြ႔ဆံုေဆြးေႏြးညႇိႏႈိင္းေရးလုပ္ငန္းေတြ လက္ေတြ႔က်က် ေဆာင္ရြက္ႏိုင္ဖို႔ တစ္ဖက္သတ္အပစ္အခတ္ ရပ္စဲတာျဖစ္တယ္လုိ႔ ဒီေန႔ထုတ္ျပန္လုိက္တဲ့ ေၾကညာခ်က္ထဲမွာေေဖာ္ျပထားပါတယ္

၁ လတာ အပစ္ရပ္မယ္လို႔ မဟာမိတ္ ၃ ဖြဲ႔ေၾကညာ 1

ဒါေပမဲ့ တစ္ဖက္သတ္အပစ္ရပ္ထားတဲ့ ၁ လအတြင္းမွာ တပ္မေတာ္ဖက္က စစ္ဆင္ေရး၊ စစ္ေရးလႈပ္ရွားမႈ၊ လက္နက္ႀကီးပစ္ခတ္မႈ၊ စုၿပံဳပစ္ခတ္မႈ၊ တုိက္ေလယာဥ္ေတြနဲ႔ ပစ္ခတ္မႈေတြ လုပ္လာမယ္ဆိုရင္ ေနရာအခ်ိန္မေရြး ျပန္လည္တံု႔ျပန္သြားမွာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ဆက္လက္ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃၁ ရက္က က်ိဳင္းတံုၿမိဳ႕မွာ ကခ်င္တပ္မေတာ္(KIA)အပါအဝင္ ၎တုိ႔မဟာမိတ္ ၃ ဖြဲ႔နဲ႔ အစိုးရဖက္က ၿငိမ္းခ်မ္းေရးေကာ္မရွင္တုိ႔ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္မွာဘဲ တပ္မေတာ္ဖက္ကလဲ အျပည္ျပည္ဆုိင္ရာ ၿငိမ္းခ်မ္းေရးေန႔ျဖစ္တဲ့ စက္တင္ဘာလ ၂၁ ရက္အထိ အပစ္ရပ္မယ္ဆုိၿပီး ထုတ္ျပန္ထားပါတယ္။

၁ လတာ အပစ္ရပ္မယ္လို႔ မဟာမိတ္ ၃ ဖြဲ႔ေၾကညာ 2

တပ္မေတာ္ဘက္က စတင္ၿပီး တစ္ဖက္သတ္အပစ္ရပ္ခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၁ ရက္ကေန ၂ဝ၁၉ ခု ၾသဂုတ္လ ၇ ရက္အထိ တပ္မေတာ္နဲ႔ AA တပ္အၾကား တုိက္ပြဲ(၃၄၅)ႀကိမ္၊ MNDAA နဲ႔ (၂၅)ႀကိမ္၊ TNLA နဲ႔ (၆၂)ႀကိမ္အထိ ျဖစ္ပြားခဲ့တယ္လုိ႔ မဟာမိတ္ ၃ ဖြဲ႔က ၾသဂုတ္လ ၁၇ ရက္မွာ ထုတ္ျပန္ထားပါတယ္။

၁ လတာ အပစ္ရပ္မယ္လို႔ မဟာမိတ္ ၃ ဖြဲ႔ေၾကညာ 3

အစုိးရနဲ႔ ေျမာက္ပုိင္းမဟာမိတ္ KIA,TNLA,MNDAA,AA ၄ ဖြဲ႔အၾကား ၂ဝ၁၉ ခုႏွစ္ထဲမွာ ေဖေဖာ္ဝါရီ ၂၅ ရက္က တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕မွာတႀကိမ္၊ ဧၿပီလ ၃ဝ ရက္က ရွမ္းျပည္နယ္ေျမာက္ပုိင္း မူဆယ္မွာတႀကိမ္၊ ဇြန္လ ၃၀ ရက္က ရွမ္းျပည္နယ္အေရွ႕ပုိင္း မိုင္းလားမွာတႀကိမ္နဲ႔ ၾသဂုတ္လ ၃၁ ရက္ က်ဳိင္းတံုမွာတႀကိမ္ စုစုေပါင္း ၄ ႀကိမ္ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီ ျဖစ္ပါတယ္။shwepheemyaynews

 

Unicode Versionျဖင့္ဖတ္ရန္

 

မိုင်းရူကော၊ ရွှေဖီမြေ
စက်တင်ဘာ ၉ ရက်၊ လားရှိုး

မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော်၊ တအာင်းတပ်မတော်နဲ့ ရခိုင်တပ်မတော်တို့ ၃ ဖွဲ့ဟာ ဒီနေ့ စက်တင်ဘာလ ၉ ရက်ကစပြီး လာမယ့် အောက်တိုဘာလ ၈ ရက်အထိ ၁ လတာ အပစ်ရပ်ထားမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းတွေ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ဖို့ တစ်ဖက်သတ်အပစ်အခတ် ရပ်စဲတာဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

၁ လတာ အပစ္ရပ္မယ္လို႔ မဟာမိတ္ ၃ ဖြဲ႔ေၾကညာ 1

ဒါပေမဲ့ တစ်ဖက်သတ်အပစ်ရပ်ထားတဲ့ ၁ လအတွင်းမှာ တပ်မတော်ဖက်က စစ်ဆင်ရေး၊ စစ်ရေးလှုပ်ရှားမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စုပြုံပစ်ခတ်မှု၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်လာမယ်ဆိုရင် နေရာအချိန်မရွေး ပြန်လည်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်က ကျိုင်းတုံမြို့မှာ ကချင်တပ်မတော်(KIA)အပါအဝင် ၎င်းတို့မဟာမိတ် ၃ ဖွဲ့နဲ့ အစိုးရဖက်က ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာဘဲ တပ်မတော်ဖက်ကလဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၁ ရက်အထိ အပစ်ရပ်မယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

၁ လတာ အပစ္ရပ္မယ္လို႔ မဟာမိတ္ ၃ ဖြဲ႔ေၾကညာ 5

တပ်မတော်ဘက်က စတင်ပြီး တစ်ဖက်သတ်အပစ်ရပ်ခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကနေ ၂ဝ၁၉ ခု သြဂုတ်လ ၇ ရက်အထိ တပ်မတော်နဲ့ AA တပ်အကြား တိုက်ပွဲ(၃၄၅)ကြိမ်၊ MNDAA နဲ့ (၂၅)ကြိမ်၊ TNLA နဲ့ (၆၂)ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ မဟာမိတ် ၃ ဖွဲ့က သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၁ လတာ အပစ္ရပ္မယ္လို႔ မဟာမိတ္ ၃ ဖြဲ႔ေၾကညာ 3

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် KIA,TNLA,MNDAA,AA ၄ ဖွဲ့အကြား ၂ဝ၁၉ ခုနှစ်ထဲမှာ ဖေဖော်ဝါရီ ၂၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာတကြိမ်၊ ဧပြီလ ၃ဝ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှာတကြိမ်၊ ဇွန်လ ၃၀ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမှာတကြိမ်နဲ့ သြဂုတ်လ ၃၁ ရက် ကျိုင်းတုံမှာတကြိမ် စုစုပေါင်း ၄ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီ ဖြစ်ပါတယ်။shwepheemyaynews

Be the first to comment

Leave a Reply

Your email address will not be published.


*