စံခ်ိန္​တင္​ ၉ ​ေပ အရွည္​႐ွိတဲ့ ဧရာမငါးခူတ​ေကာင္​ကိုဖမ္​းမိ

ငါးဖမ္​းမယ္​ဆိုရင္​ ဘာျဖစ္​မယ္​မွန္​း၊ ဘယ္​လိုငါးမ်ိဳးဖမ္​းမိမယ္​မွန္​း ႀကိဳမသိႏိုင္​တာ သဘာဝပါ။ ဒါ​ေပမဲ့ ကံဇာတာထူးကဲတဲ့​ေန႔​ေတြက်ရင္​​ေတာ့ ငါးဖမ္​းသမား​ေတြဟာ ဧရာမငါးႀကီး​ေတြနဲ႔ ထူးထူးျခားျခား ငါးအမ်ိဳးအစား​ေတြကို ဖမ္​းဆီးရတတ္​​ေလ့႐ွိပါတယ္​။

Benjamin Grunder ဆိုတဲ့ တံငါသည္​ႀကီး အီတလီနိင္​ငံက River Po ျမစ္​ထဲမွာ ဧရာမငါးခူ ငါးမ်ိဳးတ​ေကာင္​ကို ဖမ္​းမိႏိုင္​ခဲ့ပါတယ္​။ ဒီသတင္​းကို Apost သတင္​းဝက္​ဘ္​ဆိုက္​က​ေဖာ္​ျပသြားခဲ့တာပါ။ Apost ရဲ႕ အတည္​ျပဳခ်က္​အရ အဲ့ဒီ ငါးခူငါးႀကီးဟာ အ႐ွည္​အ​ေနနဲ႔ စံခ်ိန္​တင္​ ၉​ေပအထိ႐ွိခဲ့​တာျဖစ္​ၿပီး ၂၈၄ ​ေပါင္​အထိ အၾကမ္​းဖ်ဥ္​း အ​ေလးခ်ိန္​စီးမယ္​လို႔ ခန္​႔မွန္​းထားရ​ေၾကာင္​း သိရပါတယ္​။

စံခ်ိန္​တင္​ ၉ ​ေပ အရွည္​႐ွိတဲ့ ဧရာမငါးခူတ​ေကာင္​ကိုဖမ္​းမိ 1

ငါးခူငါးႀကီးရဲ႕အရြယ္​အစားဟာ ယံုႏိုင္​ဖြယ္​ရာမ႐ွိ​ေအာင္​ႀကီးမားလြန္​းတာ​ေၾကာင္​့ ငါးခူႀကီးနဲ႔တံငါသည္​ႀကီးကိုတြဲဖက္​႐ိုက္​ကူးထားတဲ့ ဓာတ္​ပံုကိုျမင္​ရင္​ ႐ုပ္​႐ွင္​အထူးျပဳလုပ္​ခ်က္​နဲ႔ျပဳလုပ္​ထားသလား​ေတာင္​ ထင္​မွတ္​​ေအာက္​​ေမ့စရာပါ။ ငါးႀကီးဟာတံငါသည္​ႀကီးထက္​ပိုႀကီး​ေနတာျဖစ္​ပါတယ္​။

Apost သတင္​းဝက္​ဘ္​ဆိုက္​ရဲ႕​ေဖာ္​ျပခ်က္​အရ Benjamin ဟာ အစဦးပထမ ဒီငါးႀကီးကိုမိသြားခ်ိန္​မွာ​ေတာ့ စိတ္​ထဲမွာထူးထူးဆန္​းဆန္​းခံစားခဲ့ရ​ေပမဲ့ သစ္​ပင္​ရဲ႕အျမစ္​ကိုသာ ခ်ိတ္​မိတယ္​လို႔ယူဆ​ေနခဲ့တာပါ။ အလြန္​ေလးလံ​လြန္​းတ့့ဲ့အရာႀကီးျဖစ္​တာ​ေၾကာင္​့ မလႈပ္​မ႐ွက္​ရပ္​​ေနၿပီး သစ္​ပင္​ကိုခ်ိတ္​မိတယ္​ထင္​ခဲ့ရာက​ေန အဲ့ဒီအရာႀကီးကတျဖည္​းျဖည္​း​ေရြ႕လာတယ္​လို႔ သူကဆိုပါတယ္​။

စံခ်ိန္​တင္​ ၉ ​ေပ အရွည္​႐ွိတဲ့ ဧရာမငါးခူတ​ေကာင္​ကိုဖမ္​းမိ 2

ငါးႀကီးကို ​ေလွ​ေပၚတင္​ဖို႔ သူဟာ ၄၅ မိနစ္​သာ အခ်ိန္​ယူခဲ့ရၿပီး သူနဲ႔ငါးႀကီးနဲ႔တြဲဖက္ျပီး ​ဓာတ္​ပံုကိုအမိအရ႐ိုက္​ကူးခဲ့ပါတယ္​။ ၿပီး​ေနာက္​မွာ​ေတာ့ Benjamin ဟာ အ​ေတြးအ​ေခၚထူးဆန္​းစြာပဲ အျပဳအမူတခုကိုျပဳလုပ္​ခဲ့ပါတယ္​။

စံခ်ိန္​တင္​ ၉ ​ေပ အရွည္​႐ွိတဲ့ ဧရာမငါးခူတ​ေကာင္​ကိုဖမ္​းမိ 3

အဲ့ဒါက​ေတာ့ သူကငါးခူႀကီးကိုျပန္​လႊတ္​​ေပးလိုက္​တာပါ။ သူဟာ စံခ်ိန္​တင္​ဖို႔၊ကမၻာ​ေက်ာ္​ဖို႔စိတ္​ကူးမ႐ွိခဲ့ဘဲ ငါးခူႀကီးကုိသာ​ေရထဲျပန္​လႊတ္​​ေပးခဲ့ၿပီး သူဟာဒီငါးႀကီးနဲ႔ဆံု​ေတြ႕ခဲ့ဖူး​ေၾကာင္​းမွတ္​တမ္​းမွတ္​ရာကိုသာ ရယူခ်န္​ရစ္​ထားခဲ့တာျဖစ္​ပါတယ္​။ ဘယ္​လိုပဲျဖစ္​ျဖစ္​ သူ႕ရဲ႕ထူးျခားတဲ့လုပ္​ရပ္​​ေၾကာင္​့ ဧရာမငါးခူႀကီးဟာ ​ေနာက္​တရက္အသက္​႐ွင္​သန္​ခြင္​့႐ွိသြားၿပီမဟုတ္​လား။ApannPyay(အပန္းေျပ)

 

Unicode Versionျဖင့္ဖတ္ရန္

 

ငါးဖမ်းမယ်ဆိုရင် ဘာဖြစ်မယ်မှန်း၊ ဘယ်လိုငါးမျိုးဖမ်းမိမယ်မှန်း ကြိုမသိနိုင်တာ သဘာဝပါ။ ဒါပေမဲ့ ကံဇာတာထူးကဲတဲ့နေ့တွေကျရင်တော့ ငါးဖမ်းသမားတွေဟာ ဧရာမငါးကြီးတွေနဲ့ ထူးထူးခြားခြား ငါးအမျိုးအစားတွေကို ဖမ်းဆီးရတတ်လေ့ရှိပါတယ်။

Benjamin Grunder ဆိုတဲ့ တံငါသည်ကြီး အီတလီနိင်ငံက River Po မြစ်ထဲမှာ ဧရာမငါးခူ ငါးမျိုးတကောင်ကို ဖမ်းမိနိုင်ခဲ့ပါတယ်။ ဒီသတင်းကို Apost သတင်းဝက်ဘ်ဆိုက်ကဖော်ပြသွားခဲ့တာပါ။ Apost ရဲ့ အတည်ပြုချက်အရ အဲ့ဒီ ငါးခူငါးကြီးဟာ အရှည်အနေနဲ့ စံချိန်တင် ၉ပေအထိရှိခဲ့တာဖြစ်ပြီး ၂၈၄ ပေါင်အထိ အကြမ်းဖျဉ်း အလေးချိန်စီးမယ်လို့ ခန့်မှန်းထားရကြောင်း သိရပါတယ်။

စံခ်ိန္​တင္​ ၉ ​ေပ အရွည္​႐ွိတဲ့ ဧရာမငါးခူတ​ေကာင္​ကိုဖမ္​းမိ 1

ငါးခူငါးကြီးရဲ့အရွယ်အစားဟာ ယုံနိုင်ဖွယ်ရာမရှိအောင်ကြီးမားလွန်းတာကြောင့် ငါးခူကြီးနဲ့တံငါသည်ကြီးကိုတွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုမြင်ရင် ရုပ်ရှင်အထူးပြုလုပ်ချက်နဲ့ပြုလုပ်ထားသလားတောင် ထင်မှတ်အောက်မေ့စရာပါ။ ငါးကြီးဟာတံငါသည်ကြီးထက်ပိုကြီးနေတာဖြစ်ပါတယ်။

Apost သတင်းဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ Benjamin ဟာ အစဦးပထမ ဒီငါးကြီးကိုမိသွားချိန်မှာတော့ စိတ်ထဲမှာထူးထူးဆန်းဆန်းခံစားခဲ့ရပေမဲ့ သစ်ပင်ရဲ့အမြစ်ကိုသာ ချိတ်မိတယ်လို့ယူဆနေခဲ့တာပါ။ အလွန်လေးလံလွန်းတဲ့အရာကြီးဖြစ်တာကြောင့် မလှုပ်မရှက်ရပ်နေပြီး သစ်ပင်ကိုချိတ်မိတယ်ထင်ခဲ့ရာကနေ အဲ့ဒီအရာကြီးကတဖြည်းဖြည်းရွေ့လာတယ်လို့ သူကဆိုပါတယ်။

စံခ်ိန္​တင္​ ၉ ​ေပ အရွည္​႐ွိတဲ့ ဧရာမငါးခူတ​ေကာင္​ကိုဖမ္​းမိ 2

ငါးကြီးကို လှေပေါ်တင်ဖို့ သူဟာ ၄၅ မိနစ်သာ အချိန်ယူခဲ့ရပြီး သူနဲ့ငါးကြီးနဲ့တွဲဖက်ပြီး ဓာတ်ပုံကိုအမိအရရိုက်ကူးခဲ့ပါတယ်။ ပြီးနောက်မှာတော့ Benjamin ဟာ အတွေးအခေါ်ထူးဆန်းစွာပဲ အပြုအမူတခုကိုပြုလုပ်ခဲ့ပါတယ်။

စံခ်ိန္​တင္​ ၉ ​ေပ အရွည္​႐ွိတဲ့ ဧရာမငါးခူတ​ေကာင္​ကိုဖမ္​းမိ 3

အဲ့ဒါကတော့ သူကငါးခူကြီးကိုပြန်လွှတ်ပေးလိုက်တာပါ။ သူဟာ စံချိန်တင်ဖို့၊ကမ္ဘာကျော်ဖို့စိတ်ကူးမရှိခဲ့ဘဲ ငါးခူကြီးကိုသာရေထဲပြန်လွှတ်ပေးခဲ့ပြီး သူဟာဒီငါးကြီးနဲ့ဆုံတွေ့ခဲ့ဖူးကြောင်းမှတ်တမ်းမှတ်ရာကိုသာ ရယူချန်ရစ်ထားခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ထူးခြားတဲ့လုပ်ရပ်ကြောင့် ဧရာမငါးခူကြီးဟာ နောက်တရက်အသက်ရှင်သန်ခွင့်ရှိသွားပြီမဟုတ်လား။ApannPyay(အပန်းပြေ)

Be the first to comment

Leave a Reply

Your email address will not be published.


*