၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္

ဦးေဇာ္ေဘာက္ဟာ သူလုပ္ခဲ့တဲ့ လက္သမားလုပ္ခေတြနဲ႔ ယိုယြင္းေနတဲ့ သူ႔အိမ္ကို တိုက္အိမ္အျဖစ္ ေျပာင္းလဲဖုိ႔ လုပ္ေနပါတယ္။ အေၾကာင္းကေတာ့ သူ႔သားသမီး ၃ ေယာက္နဲ႔အတူ သူတို႔မိသားစု ပတ္ဝန္းက်င္ၾကားမွာ မ်က္ႏွာပန္းလွေစခ်င္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ သ႔ူအိမ္ကို ႀကိဳစားတည္ေဆာက္လာတာဟာ ၾသဂုတ္လ ၃၁ ရက္ဆိုရင္ သြပ္မိုးတပ္ၿပီး အေခ်ာတပ္ဖို႔သာ က်န္ပါေတာ့တယ္။ ဒါေၾကာင့္ ျမန္ျမန္ၿပီးႏိုင္သမွ် သူႀကိဳးစားေနပါတယ္။သူႀကိဳးစားေနပါတယ္။

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 1

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 2

ကခ်င္ရဲ႕ ႐ုိးရာဓေလ့ဟာ ကိုယ့္အသိုင္းအဝိုင္းက အိမ္အသစ္ေဆာက္ရင္ သြားေရာက္ဝိုင္းကူလုပ္ေပးရတဲ့ ဓေလ့ရွိပါတယ္။ ဒါေၾကာင့္ ရြာသားေတြက ဦးေဇာ္ေဘာက္ရဲ႕ အိမ္ၿပီးေစဖို႔ အဲဒီေန႔မွာ အားႀကိဳးမာန္တက္ ဝိုင္းဝန္းလုပ္ေဆာင္ၾကပါတယ္။

အဲဒီေန႔မနက္ပိုင္းကေတာ့ ေမာ္ဟိတ္ရြာမွာ သာသာယာယာရွိေနပါတယ္။ ဒါေပမဲ့ ၁ဝ နာရီခြဲေက်ာ္ေက်ာ္ဝန္းက်င္ေရာက္ေတာ့ ဦးေဇာ္ေဘာက္ အိမ္ေခါင္မိုးေပၚမွာရွိေနတုန္း တိုက္ပြဲမရွိဘဲ လက္နက္ႀကီးသံေတြ စၾကားရပါေတာ့တယ္။

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 3

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 4
“လက္နက္ႀကီးသံ ၂ ခ်က္ၾကားေတာ့ အိမ္ေအာက္ကို တစ္ခါတည္းဆင္းၿပီး မိန္းမေတြနဲ႔ ကေလးေတြကို တစ္ေနရာထဲ စုမေနၾကနဲ႔။ အိမ္ထဲမွာ ပုန္းေနဆိုၿပီး သူတို႔ကို ေျပာတယ္။ ၿပီးေတာ့ အိမ္ေနာက္ေဖးက ကတုတ္က်င္းထဲ မိုးကာခင္းၿပီးေတာ့ အဲအေပၚမွာ တင္ဖို႔ လႊစာသြားထည့္ေနတုန္း အဲမွာ လက္နက္ႀကီးက အိမ္ထဲက်လာတာပဲ” လို႔ ဦးေဇာ္ေဘာက္က ျပန္ေျပာျပပါတယ္။

အိမ္ေပၚကေန က်တဲ့လက္နက္ႀကီးေၾကာင့္ အိမ္ထဲမွာပုန္းခိုေနတဲ့ ဦးေဇာ္ေဘာက္ရဲ႕ အငယ္ဆံုးသားျဖစ္သူ (ေဇာ္ခြန္လတ္ ၈ ႏွစ္)၊ သမီးျဖစ္သူ (နန္မြန္းပန္ ၁၄ ႏွစ္)နဲ႔ ဦးေဇာ္ေဘာက္တို႔ အိမ္မွာ တူတူလာေရာက္ပုန္းခိုေနတဲ့ လုဆန္နဲ႔ ၅ လသားအရြယ္ စုစုေပါင္း ၄ ေယာက္က ပြဲခ်င္းၿပီး ေသဆံုးခဲ့ပါတယ္။

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 5

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 6

“အဲဒီ ေသသြားတဲ့ ၅ လသားအရြယ္က သားအမိ ႏွစ္ယာက္လည္း ကြ်န္ေတာ္ရဲ႕ တဝမ္းကြဲညီမပဲ။ သူက ကြ်န္ေတာ္တို႔ အိမ္ေအာက္နားက အိမ္မွာေနတာ။ လက္နက္ႀကီးသံေၾကာက္လုိ႔ဆိုၿပီး ကြ်န္ေတာ္တို႔အိမ္မွာ တက္ပုန္းေနတာ။ အဲထဲ သူတို႔ ႏွစ္ယာက္လည္း ပါသြားတယ္” လို႔ ဦးေဇာ္ေဘာက္က ေျပာျပပါတယ္။

ဦးေဇာ္ေဘာက္ရဲ႕ သားနဲ႔သမီးအပါအဝင္ ၄ ေယာက္က လက္နက္ႀကီးက်တဲ့ေနရာကေန ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ၿပီး သူ႔ရဲ႕အမ်ဳိးသမီးျဖစ္သူ ေဒၚထြယ္ဂ်ာ(၃၄ ႏွစ္)ကေတာ့ ကြက္ခို္င္ေဆး႐ံုအေရာက္မွာ ထပ္ၿပီး ေသဆံုးသြားခဲ့ပါတယ္။

ဦးေဇာ္ေဘာက္က “လက္နက္ႀကီး အဲလိုက်ေတာ့ အျပင္မွာေနတဲ့ ေယာက္ဖလည္း ထိၿပီး လဲသြားတယ္။ သူ႔ကို သြားထူတယ္။ ၿပီးေတာ့ ျပန္လဲက်သြားတယ္။ အထဲၾကည့္ေတာ့ ကြ်န္ေတာ့္သားက အျပင္ကို ထြက္ေျပးလာေသးတယ္။ လက္နက္ႀကီးထိလို႔ ေသြးပူေနေတာ့ သူခ်က္ခ်င္းမလဲေသးဘူး။ ေျပးလာၿပီးေတာ့ ျပန္ေမွာက္သြားတယ္။ အထဲကို ျပန္ဝင္ၾကည့္ေတာ့ အကုန္လံုးက ေသြးေတြနဲ႔ ေမွာက္ေနၾကၿပီ” လို႔ ဦးေဇာ္ေဘာက္က ဆုိပါတယ္။

လက္နက္ႀကီးေတြ ရြာထဲက်လာလို႔ ရြာသားေတြဟာ ေၾကာက္လန္႔ၿပီး အခ်ဳိ႕က ကတုတ္က်င္းထဲမွာ ပုန္းခိုေနၾကသလို၊ အခ်ဳိ႕က အိမ္ထဲေတြမွာ စုေပါင္းၿပီး ပုန္းခိုေနၾကပါတယ္။ အဲဒီအခ်ိန္ ဦးေဇာ္ေဘာက္တို႔ကို လက္နက္ႀကီးထိမွန္တယ္ဆိုတာ ဘယ္သူကမွ မသိၾကေသးပါဘူး။

“အားလံုးကေၾကာက္လို႔ အိမ္ထဲကေန မထြက္ရဲဘူးေလ။ ဒါမဲ့ ကြ်န္ေတာ္တို႔ လူေတြထိမွာဆိုးလို႔ဆိုၿပီး လိုက္ၾကည့္ေတာ့ သူ႔အိမ္ထိသြားမွန္းသိတာ။ လူမႈကူညီေရးအသင္းကားေတြကလည္း ေခၚမရဘူး။ ဖုန္းလိုင္းေတြကလည္း မမိဘူး။ အဲဒါနဲ႔ ရြာထဲက ကားေတြနဲ႔ပဲ အဲလူနာေတြကို ေဆး႐ံုပို႔လိုက္ရတယ္” လို႔ ေမာ္ဟိတ္ရြာရဲ႕ အက်ဳိးေတာ္ေဆာင္ လုခြန္က ေျပာပါတယ္။

အဲဒီေန႔တစ္မနက္ခင္းလံုးဟာ တုိက္ပြဲျဖစ္ပြားျခင္းမရွိဘဲ လက္နက္ႀကီးေတြ ပစ္ခတ္လို႔ ေမာ္ဟိတ္ရြာထဲ လက္နက္ႀကီး ၄ လံုးေလာက္က်ခဲ့ၿပီး ၂ လံုးက ေနအိမ္ထိမွန္ခဲ့လို႔ ၅ ဦးေသဆံုးၿပီး ၃ ဦး ဒဏ္ရာရခဲ့ပါတယ္။

အိမ္ေျခ ၁၃ဝ ေလာက္ရွိတဲ့ ဒီေမာ္ဟိတ္ရြာဟာ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိသလို လက္နက္ကိုင္ေတြလည္း သြားလာတာေတြမရွိတာေၾကာင့္ အရင္က ေအးခ်မ္းတယ္လို႔ ရြာသားေတြက ဆိုၾကပါတယ္။ ဒါေပမဲ့ အဲဒီလက္နက္ႀကီးေၾကာင့္ ခုခ်ိန္ထိ ရြာသားေတြဟာ ထိတ္လန္႔ေနၾကဆဲျဖစ္ေနတယ္လို႔ ေျပာၾကပါတယ္။

“ကြ်န္ေတာ္တို႔ရြာမွာ တိုက္ပြဲလည္း မျဖစ္ဘူး။ အဲဒါကို လက္နက္ႀကီးေတြနဲ႔ပဲ ပစ္တာ။ ၿပီးေတာ့ လက္နက္ႀကီးက်တဲ့ အလံုးတိုင္းကို လုိက္ၾကည့္မယ္ဆိုရင္ လမ္းေၾကာင္းက တစ္တန္းထဲျဖစ္ေနတယ္။ အဲေတာ့ လက္နက္ႀကီးက ရည္ရြယ္ခ်က္ရွိရွိ ပစ္ခတ္တယ္လို႔ ေျပာလို႔ရတယ္။ ပစ္လာတဲ့ ေနရာေတြကို ၾကည့္ခ်င္းအားျဖင့္ ဘယ္သူပစ္တာလဲဆိုတာေတာ့ တပ္အပ္မေျပာရင္ေတာင္ ဘယ္သူလဲဆိုတာ ကြ်န္ေတာ္တို႔သိတယ္။ ပစ္တဲ့လူေတြလည္း သူတုိ႔ကို သူတို႔သိလိမ့္မယ္” လို႔ လုခြန္က ဆက္ေျပာပါတယ္။

ဒီလိုပဲ က်န္တဲ့ရြာသားေတြကလည္း လက္နက္ႀကီးပစ္လာတဲ့ဘက္ကို ညႊန္ျပၿပီး ဘယ္သူပစ္တာျဖစ္လဲဆိုတာ မွန္းဆလို႔ရေၾကာင္း ေျပာျပပါတယ္။

လက္နက္ႀကီးပစ္သူဟာ ဘယ္သူျဖစ္ျဖစ္ အခုေတာ့ ေပ်ာ္ရႊင္ဖြယ္ေကာင္းခဲ့တဲ့ ဦးေဇာ္ေဘာက္ရဲ႕ မိသားစုဘဝကဟာ ၿပိဳလဲသြားခဲ့ၿပီျဖစ္ပါတယ္။ သူ႔မိသားစုေတြ ေနထိုင္ဖို႔ ႀကိဳးစားတည္ေဆာက္လာတဲ့ သူရဲ႕ေနအိမ္အသစ္ဟာ သူနဲ႔က်န္ရွိေနတဲ့ သူ႔သားနဲ႔အတူ ၂ ေယာက္သာ ေနထိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 7

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 8

“အိမ္္ကေတာ့ ဆက္ေဆာက္ရမွာပဲေလ။ အဲေလာက္ထိၿပီးထားမွေတာ့ ဒီတိုင္းထားလို႔လည္း မရဘူးေလ။ ေဆာက္လက္စနဲ႔ ျပန္ေတာ့ေဆာက္ရမွာပဲ” လို႔ ဦးေဇာ္ေဘာက္က ေျပာပါတယ္။

တိုက္ပြဲျဖစ္ရင္ သူတို႔မိသားစု ေဘးလံုၿခံဳဖို႔ ဦးေဇာ္ေဘာက္ဟာ အဲဒီရက္မတိုင္ခင္ တစ္ပတ္အေက်ာ္ကတည္းက ကတုတ္က်င္း တူးထားခဲ့ပါတယ္။ သူလုပ္ထားတဲ့ ကတုတ္က်င္းဟာ သူတို႔မိသားစု ၅ ေယာက္စာအတြက္ လံုလံုၿခံဳၿခံဳ ေနထိုင္လို႔ရတဲ့ ကတုတ္က်င္းတစ္ခုလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ လက္နက္ႀကီးက်ခဲ့တဲ့ ၾသဂုတ္လ ၃၁ ရက္ မနက္ ၁ဝ နာရီခြဲအေက်ာ္ေလာက္မွာ သူတို႔မိသားစုကို ကတုတ္က်င္းထဲ ထည့္ဖို႔ ႀကိဳးစားေနတဲ့ ဦးေဇာ္ေဘာက္တစ္ေယာက္ “ေနာက္ ၅ မိနစ္သာ အခ်ိန္ရခဲ့ရင္ ကြ်န္ေတာ္တို႔ မိသားစုေတြ ဒီလို ျဖစ္သြားမွာ မဟုတ္ဘူး” ဆုိၿပီး ဝမ္းနည္းစြာနဲ႔ ေျပာျပေနပါေတာ့တယ္။မိုင္းအႏိုင္ (ေရႊဖီေျမ)၊ Kan Tar

 

Unicode Versionျဖင့္ဖတ္ရန္

 

ဦးဇော်ဘောက်ဟာ သူလုပ်ခဲ့တဲ့ လက်သမားလုပ်ခတွေနဲ့ ယိုယွင်းနေတဲ့ သူ့အိမ်ကို တိုက်အိမ်အဖြစ် ပြောင်းလဲဖို့ လုပ်နေပါတယ်။ အကြောင်းကတော့ သူ့သားသမီး ၃ ယောက်နဲ့အတူ သူတို့မိသားစု ပတ်ဝန်းကျင်ကြားမှာ မျက်နှာပန်းလှစေချင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သ့ူအိမ်ကို ကြိုစားတည်ဆောက်လာတာဟာ သြဂုတ်လ ၃၁ ရက်ဆိုရင် သွပ်မိုးတပ်ပြီး အချောတပ်ဖို့သာ ကျန်ပါတော့တယ်။ ဒါကြောင့် မြန်မြန်ပြီးနိုင်သမျှ သူကြိုးစားနေပါတယ်။

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 1

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 2

ကချင်ရဲ့ ရိုးရာဓလေ့ဟာ ကိုယ့်အသိုင်းအဝိုင်းက အိမ်အသစ်ဆောက်ရင် သွားရောက်ဝိုင်းကူလုပ်ပေးရတဲ့ ဓလေ့ရှိပါတယ်။ ဒါကြောင့် ရွာသားတွေက ဦးဇော်ဘောက်ရဲ့ အိမ်ပြီးစေဖို့ အဲဒီနေ့မှာ အားကြိုးမာန်တက် ဝိုင်းဝန်းလုပ်ဆောင်ကြပါတယ်။

အဲဒီနေ့မနက်ပိုင်းကတော့ မော်ဟိတ်ရွာမှာ သာသာယာယာရှိနေပါတယ်။ ဒါပေမဲ့ ၁ဝ နာရီခွဲကျော်ကျော်ဝန်းကျင်ရောက်တော့ ဦးဇော်ဘောက် အိမ်ခေါင်မိုးပေါ်မှာရှိနေတုန်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးသံတွေ စကြားရပါတော့တယ်။

“လက်နက်ကြီးသံ ၂ ချက်ကြားတော့ အိမ်အောက်ကို တစ်ခါတည်းဆင်းပြီး မိန်းမတွေနဲ့ ကလေးတွေကို တစ်နေရာထဲ စုမနေကြနဲ့။ အိမ်ထဲမှာ ပုန်းနေဆိုပြီး သူတို့ကို ပြောတယ်။ ပြီးတော့ အိမ်နောက်ဖေးက ကတုတ်ကျင်းထဲ မိုးကာခင်းပြီးတော့ အဲအပေါ်မှာ တင်ဖို့ လွှစာသွားထည့်နေတုန်း အဲမှာ လက်နက်ကြီးက အိမ်ထဲကျလာတာပဲ” လို့ ဦးဇော်ဘောက်က ပြန်ပြောပြပါတယ်။

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 3

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 4

အိမ်ပေါ်ကနေ ကျတဲ့လက်နက်ကြီးကြောင့် အိမ်ထဲမှာပုန်းခိုနေတဲ့ ဦးဇော်ဘောက်ရဲ့ အငယ်ဆုံးသားဖြစ်သူ (ဇော်ခွန်လတ် ၈ နှစ်)၊ သမီးဖြစ်သူ (နန်မွန်းပန် ၁၄ နှစ်)နဲ့ ဦးဇော်ဘောက်တို့ အိမ်မှာ တူတူလာရောက်ပုန်းခိုနေတဲ့ လုဆန်နဲ့ ၅ လသားအရွယ် စုစုပေါင်း ၄ ယောက်က ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

“အဲဒီ သေသွားတဲ့ ၅ လသားအရွယ်က သားအမိ နှစ်ယာက်လည်း ကျွန်တော်ရဲ့ တဝမ်းကွဲညီမပဲ။ သူက ကျွန်တော်တို့ အိမ်အောက်နားက အိမ်မှာနေတာ။ လက်နက်ကြီးသံကြောက်လို့ဆိုပြီး ကျွန်တော်တို့အိမ်မှာ တက်ပုန်းနေတာ။ အဲထဲ သူတို့ နှစ်ယာက်လည်း ပါသွားတယ်” လို့ ဦးဇော်ဘောက်က ပြောပြပါတယ်။

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 5

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 6

ဦးဇော်ဘောက်ရဲ့ သားနဲ့သမီးအပါအဝင် ၄ ယောက်က လက်နက်ကြီးကျတဲ့နေရာကနေ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး သူ့ရဲ့အမျိုးသမီးဖြစ်သူ ဒေါ်ထွယ်ဂျာ(၃၄ နှစ်)ကတော့ ကွက်ခိုင်ဆေးရုံအရောက်မှာ ထပ်ပြီး သေဆုံးသွားခဲ့ပါတယ်။

ဦးဇော်ဘောက်က “လက်နက်ကြီး အဲလိုကျတော့ အပြင်မှာနေတဲ့ ယောက်ဖလည်း ထိပြီး လဲသွားတယ်။ သူ့ကို သွားထူတယ်။ ပြီးတော့ ပြန်လဲကျသွားတယ်။ အထဲကြည့်တော့ ကျွန်တော့်သားက အပြင်ကို ထွက်ပြေးလာသေးတယ်။ လက်နက်ကြီးထိလို့ သွေးပူနေတော့ သူချက်ချင်းမလဲသေးဘူး။ ပြေးလာပြီးတော့ ပြန်မှောက်သွားတယ်။ အထဲကို ပြန်ဝင်ကြည့်တော့ အကုန်လုံးက သွေးတွေနဲ့ မှောက်နေကြပြီ” လို့ ဦးဇော်ဘောက်က ဆိုပါတယ်။

လက်နက်ကြီးတွေ ရွာထဲကျလာလို့ ရွာသားတွေဟာ ကြောက်လန့်ပြီး အချို့က ကတုတ်ကျင်းထဲမှာ ပုန်းခိုနေကြသလို၊ အချို့က အိမ်ထဲတွေမှာ စုပေါင်းပြီး ပုန်းခိုနေကြပါတယ်။ အဲဒီအချိန် ဦးဇော်ဘောက်တို့ကို လက်နက်ကြီးထိမှန်တယ်ဆိုတာ ဘယ်သူကမှ မသိကြသေးပါဘူး။

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 7

၅ မိနစ္သာ ျပင္ဆင္ခြင့္ အခ်ိန္ရခဲ့ရင္ 8

“အားလုံးကကြောက်လို့ အိမ်ထဲကနေ မထွက်ရဲဘူးလေ။ ဒါမဲ့ ကျွန်တော်တို့ လူတွေထိမှာဆိုးလို့ဆိုပြီး လိုက်ကြည့်တော့ သူ့အိမ်ထိသွားမှန်းသိတာ။ လူမှုကူညီရေးအသင်းကားတွေကလည်း ခေါ်မရဘူး။ ဖုန်းလိုင်းတွေကလည်း မမိဘူး။ အဲဒါနဲ့ ရွာထဲက ကားတွေနဲ့ပဲ အဲလူနာတွေကို ဆေးရုံပို့လိုက်ရတယ်” လို့ မော်ဟိတ်ရွာရဲ့ အကျိုးတော်ဆောင် လုခွန်က ပြောပါတယ်။

အဲဒီနေ့တစ်မနက်ခင်းလုံးဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေ ပစ်ခတ်လို့ မော်ဟိတ်ရွာထဲ လက်နက်ကြီး ၄ လုံးလောက်ကျခဲ့ပြီး ၂ လုံးက နေအိမ်ထိမှန်ခဲ့လို့ ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

အိမ်ခြေ ၁၃ဝ လောက်ရှိတဲ့ ဒီမော်ဟိတ်ရွာဟာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို လက်နက်ကိုင်တွေလည်း သွားလာတာတွေမရှိတာကြောင့် အရင်က အေးချမ်းတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ ဒါပေမဲ့ အဲဒီလက်နက်ကြီးကြောင့် ခုချိန်ထိ ရွာသားတွေဟာ ထိတ်လန့်နေကြဆဲဖြစ်နေတယ်လို့ ပြောကြပါတယ်။

“ကျွန်တော်တို့ရွာမှာ တိုက်ပွဲလည်း မဖြစ်ဘူး။ အဲဒါကို လက်နက်ကြီးတွေနဲ့ပဲ ပစ်တာ။ ပြီးတော့ လက်နက်ကြီးကျတဲ့ အလုံးတိုင်းကို လိုက်ကြည့်မယ်ဆိုရင် လမ်းကြောင်းက တစ်တန်းထဲဖြစ်နေတယ်။ အဲတော့ လက်နက်ကြီးက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တယ်လို့ ပြောလို့ရတယ်။ ပစ်လာတဲ့ နေရာတွေကို ကြည့်ချင်းအားဖြင့် ဘယ်သူပစ်တာလဲဆိုတာတော့ တပ်အပ်မပြောရင်တောင် ဘယ်သူလဲဆိုတာ ကျွန်တော်တို့သိတယ်။ ပစ်တဲ့လူတွေလည်း သူတို့ကို သူတို့သိလိမ့်မယ်” လို့ လုခွန်က ဆက်ပြောပါတယ်။

ဒီလိုပဲ ကျန်တဲ့ရွာသားတွေကလည်း လက်နက်ကြီးပစ်လာတဲ့ဘက်ကို ညွှန်ပြပြီး ဘယ်သူပစ်တာဖြစ်လဲဆိုတာ မှန်းဆလို့ရကြောင်း ပြောပြပါတယ်။

လက်နက်ကြီးပစ်သူဟာ ဘယ်သူဖြစ်ဖြစ် အခုတော့ ပျော်ရွှင်ဖွယ်ကောင်းခဲ့တဲ့ ဦးဇော်ဘောက်ရဲ့ မိသားစုဘဝကဟာ ပြိုလဲသွားခဲ့ပြီဖြစ်ပါတယ်။ သူ့မိသားစုတွေ နေထိုင်ဖို့ ကြိုးစားတည်ဆောက်လာတဲ့ သူရဲ့နေအိမ်အသစ်ဟာ သူနဲ့ကျန်ရှိနေတဲ့ သူ့သားနဲ့အတူ ၂ ယောက်သာ နေထိုင်သွားရတော့မှာ ဖြစ်ပါတယ်။

“အိမ်ကတော့ ဆက်ဆောက်ရမှာပဲလေ။ အဲလောက်ထိပြီးထားမှတော့ ဒီတိုင်းထားလို့လည်း မရဘူးလေ။ ဆောက်လက်စနဲ့ ပြန်တော့ဆောက်ရမှာပဲ” လို့ ဦးဇော်ဘောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ရင် သူတို့မိသားစု ဘေးလုံခြုံဖို့ ဦးဇော်ဘောက်ဟာ အဲဒီရက်မတိုင်ခင် တစ်ပတ်အကျော်ကတည်းက ကတုတ်ကျင်း တူးထားခဲ့ပါတယ်။ သူလုပ်ထားတဲ့ ကတုတ်ကျင်းဟာ သူတို့မိသားစု ၅ ယောက်စာအတွက် လုံလုံခြုံခြုံ နေထိုင်လို့ရတဲ့ ကတုတ်ကျင်းတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် လက်နက်ကြီးကျခဲ့တဲ့ သြဂုတ်လ ၃၁ ရက် မနက် ၁ဝ နာရီခွဲအကျော်လောက်မှာ သူတို့မိသားစုကို ကတုတ်ကျင်းထဲ ထည့်ဖို့ ကြိုးစားနေတဲ့ ဦးဇော်ဘောက်တစ်ယောက် “နောက် ၅ မိနစ်သာ အချိန်ရခဲ့ရင် ကျွန်တော်တို့ မိသားစုတွေ ဒီလို ဖြစ်သွားမှာ မဟုတ်ဘူး” ဆိုပြီး ဝမ်းနည်းစွာနဲ့ ပြောပြနေပါတော့တယ်။မိုင်းအနိုင် (ရွှေဖီမြေ)၊ Kan Tar

Be the first to comment

Leave a Reply

Your email address will not be published.


*