ေရွ႕တန္းတြင္ စစ္ေၾကာင္းမွဴးအား စစ္သည္တစ္ဦးမွသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ ေနရာတြင္ေသဆံုး ၊ တပ္ၾကပ္တစ္ဦးဒဏ္ရာရ

၂၀၁၉ စက္တင္ဘာ ၈

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ႏွင့္ ၁၄ မိုင္ခန္႔အကြာ ပန္ဆိုင္းၿမိဳ႕အနီး နမ့္ေတာင္းရြာအနီး ဘုန္းႀကီးေက်ာင္းတြင္ နယ္ေျမလံုျခံဳေရး ျဖန္႕ခြဲအေျချပဳတာဝန္ထမ္းေဆာင္ေနေသာ ေရွ႕တန္းအမွတ္ (၉၉) တပ္မဌာနခ်ဳပ္လက္ေအာက္ခံ ေရွ႕တန္းအမွတ္ (၁၄) ေျချမန္တပ္ရင္းမွ စစ္ေၾကာင္း (၂) မွဴး ၊ ဒုတပ္ရင္းမွဴး ၊ ဗိုလ္မွဴးေနလင္းေအာင္ ( ၃၇) ႏွစ္အား တပ္သား စိုးသက္ေဇာ္မွ စက္တင္ဘာလ ၈ ရက္ေန႕မနက္ ၀၂: ၁၅ ခ်ိန္ခန္႔တြင္ ၎ကိုင္ေဆာင္ေသာ အမ္ေအ-၃ ေသနတ္ျဖင့္ပစ္ခတ္ရာ ဒုတပ္ရင္းမွဴးမွာေနရာတြင္ေသဆံုးသြားခဲ့ၿပီး တပ္ၾကပ္ဝင္းကိုမွာ ညာရင္အံု၌ လက္ပစ္ဗံုးစထိမွန္ ဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားမွသတင္းေပးပို႕ခ်က္အရသိရွိရ ။

ျဖစ္စဥ္မွာ တပ္စိတ္လိုက္ျဖန္႕ခြဲအေျချပဳအနားယူေနစဥ္ တပ္သားစိုးသက္ေဇာ္သည္ ေညအခ်ိန္ သနတ္ျဖင့္မိုးေထာင္ေဖာက္ကာ လက္ပစ္ဗံုးတစ္လံုးပစ္ေပါက္ေဖါက္ခြဲမႈျဖစ္ၿပီး ေပါက္ကြဲသံၾကားသျဖင့္ ဒုတပ္ရင္မွဴး ၊ ဗိုလ္မွဴးေနလင္းေအာင္သည္ အခင္းျဖစ္သည့္ေနရာသို႕ေရာက္အလာ သစ္ပင္အကြယ္မွေန၍ စိုးသက္ေဇာ္မွေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ညာရင္အံု ၁ ခ်က္ ၊ ဘယ္ညႇပ္႐ိုး ၁ ခ်က္ ၊ ညာဘက္ေနာက္ေၾကာ ၁ ခ်က္ထိမွန္ကာ ရရွိဒဏ္ရာျဖင့္ ဝ၂:၂၅ ခ်ိန္တြင္ေသဆံုးသြားေၾကာင္းသတင္းရရွိသည္ ။။

ေရွ႕တန္းတြင္ စစ္ေၾကာင္းမွဴးအား စစ္သည္တစ္ဦးမွသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ ေနရာတြင္ေသဆံုး ၊ တပ္ၾကပ္တစ္ဦးဒဏ္ရာရ 1

ျပစ္မႈက်ဴးလြန္သည့္စစ္သည္မွာ ဖ်ားနာေန၍ အနားေပးထားေသာစစ္သည္ တစ္ဦးျဖစ္ၿပီး ၎အား စစ္စည္းကမ္းအရအေရးယူေဆာင္ရြက္ႏိုင္ေရးအတြက္ ရတလ (၇၉) မွ ၊ ယာယီရင္းမွဴး ၊ မွဴး ေအာင္ေဇယ်ာဝင္းမွ ပြိဳင့္ ၁၃၃၄ စခန္းတြင္ ပဏာမစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္းသိရွိရ။

ေသဆံုးသြားေသာ ဗိုလ္မွဴးေနလင္းေအာင္၏ႂကြင္းက်န္႐ုပ္ကလပ္အား မူဆယ္ၿမိဳ႕ ၊ ၿမိဳ႕မစုေပါင္းသုသာန္တြင္ ယေန႕ ၁၃:၀၀ ခ်ိန္ခန္႕တြင္ သၿဂိဳလ္ၿပီးစီးခဲ့ေၾကာင္း သတင္းရရွိပါသည္ ။

ျပင္ဆင္ခ်က္ ။ ေနာက္ဆံုး အတည္ျပဳသတင္းမ်ားအရ Edit ျပင္ဆင္ေရးသားထားပါသည္ ။SiThu Maung

 

Unicode Versionျဖင့္ဖတ္ရန္

 

၂၀၁၉ စက်တင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ၁၄ မိုင်ခန့်အကွာ ပန်ဆိုင်းမြို့အနီး နမ့်တောင်းရွာအနီး ဘုန်းကြီးကျောင်းတွင် နယ်မြေလုံခြုံရေး ဖြန့်ခွဲအခြေပြုတာဝန်ထမ်းဆောင်နေသော ရှေ့တန်းအမှတ် (၉၉) တပ်မဌာနချုပ်လက်အောက်ခံ ရှေ့တန်းအမှတ် (၁၄) ခြေမြန်တပ်ရင်းမှ စစ်ကြောင်း (၂) မှူး ၊ ဒုတပ်ရင်းမှူး ၊ ဗိုလ်မှူးနေလင်းအောင် ( ၃၇) နှစ်အား တပ်သား စိုးသက်ဇော်မှ စက်တင်ဘာလ ၈ ရက်နေ့မနက် ၀၂: ၁၅ ချိန်ခန့်တွင် ၎င်းကိုင်ဆောင်သော အမ်အေ-၃ သေနတ်ဖြင့်ပစ်ခတ်ရာ ဒုတပ်ရင်းမှူးမှာနေရာတွင်သေဆုံးသွားခဲ့ပြီး တပ်ကြပ်ဝင်းကိုမှာ ညာရင်အုံ၌ လက်ပစ်ဗုံးစထိမှန် ဒဏ်ရာရရှိကြောင်း ဒေသခံများမှသတင်းပေးပို့ချက်အရသိရှိရ ။

ဖြစ်စဉ်မှာ တပ်စိတ်လိုက်ဖြန့်ခွဲအခြေပြုအနားယူနေစဉ် တပ်သားစိုးသက်ဇော်သည် ညေအချိန် သနတ်ဖြင့်မိုးထောင်ဖောက်ကာ လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်ဖေါက်ခွဲမှုဖြစ်ပြီး ပေါက်ကွဲသံကြားသဖြင့် ဒုတပ်ရင်မှူး ၊ ဗိုလ်မှူးနေလင်းအောင်သည် အခင်းဖြစ်သည့်နေရာသို့ရောက်အလာ သစ်ပင်အကွယ်မှနေ၍ စိုးသက်ဇော်မှသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် ညာရင်အုံ ၁ ချက် ၊ ဘယ်ညှပ်ရိုး ၁ ချက် ၊ ညာဘက်နောက်ကြော ၁ ချက်ထိမှန်ကာ ရရှိဒဏ်ရာဖြင့် ဝ၂:၂၅ ချိန်တွင်သေဆုံးသွားကြောင်းသတင်းရရှိသည် ။

ေရွ႕တန္းတြင္ စစ္ေၾကာင္းမွဴးအား စစ္သည္တစ္ဦးမွသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ ေနရာတြင္ေသဆံုး ၊ တပ္ၾကပ္တစ္ဦးဒဏ္ရာရ 1

ပြစ်မှုကျူးလွန်သည့်စစ်သည်မှာ ဖျားနာနေ၍ အနားပေးထားသောစစ်သည် တစ်ဦးဖြစ်ပြီး ၎င်းအား စစ်စည်းကမ်းအရအရေးယူဆောင်ရွက်နိုင်ရေးအတွက် ရတလ (၇၉) မှ ၊ ယာယီရင်းမှူး ၊ မှူး အောင်ဇေယျာဝင်းမှ ပွိုင့် ၁၃၃၄ စခန်းတွင် ပဏာမစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရှိရ။

သေဆုံးသွားသော ဗိုလ်မှူးနေလင်းအောင်၏ကြွင်းကျန်ရုပ်ကလပ်အား မူဆယ်မြို့ ၊ မြို့မစုပေါင်းသုသာန်တွင် ယနေ့ ၁၃:၀၀ ချိန်ခန့်တွင် သဂြိုလ်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည် ။

ပြင်ဆင်ချက် ။ နောက်ဆုံး အတည်ပြုသတင်းများအရ Edit ပြင်ဆင်ရေးသားထားပါသည် ။SiThu Maung

Be the first to comment

Leave a Reply

Your email address will not be published.


*