Victoria ေလး႐ုံးခ်ိန္းမွာ လာေရာက္ဝန္းရံေပးၾကဖို႔ ေမတၱာရပ္ခံေတာင္းဆိုလိုက္တဲ့ သကၠမိုးညိဳ

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္ေန႔တြင္ ဗစ္တိုးရီးယားေလးအမႈကို ဒကၡိဏခ႐ိုင္တရား႐ုံးတြင္ သက္ေသထြက္ခ်က္ ယူေတာ့မွာျဖစ္ေၾကာင္းသိရွိရပါသည္။ ဗစ္တိုးရီးယားေလးအမႈဟာ အခု႐ုံးခ်ိန္းသည္ အေရးႀကီးေသာ ႐ုံးခ်ိန္းျဖစ္ေၾကာင္းႏွင့္ မိမိကိုယ္တိုင္႐ုန္းကန္ၿပီး စုထားသမွ် အားအင္ေတြကိုအသုံးျပဳၿပီး ႐ုံးခ်ိန္းတြင္ မိဘျပည္သူမ်ားအားလုံး ဝန္းရံေပးၾကဖို႔ ေတာင္းဆိုထားတာကိုေတြ႕ရွိရသည္။

ဦးသကၠမိုးညိဳ၏ေျပာၾကားခ်က္မ်ားမွာ-

သဘက္ခါ (၁၁.၉၂၀၁၈) မွာ ဗစ္တိုးရီးယားေလးကို ဒကၡိဏ ခရိုင္ တရားရံုးမွာ သက္ေသ ထြက္ခ်က္ ယူေတာ့မွာပါ။

Victoria ေလး႐ုံးခ်ိန္းမွာ လာေရာက္ဝန္းရံေပးၾကဖို႔ ေမတၱာရပ္ခံေတာင္းဆိုလိုက္တဲ့ သကၠမိုးညိဳ 1

ခါတိုင္း ရံုးခ်ိန္းေတြ မတိုင္ခင္မွာ ကၽြန္ေတာ္ ခပ္လွိ်ဳလွ်ိဳေလးေနၿပီး ခပ္ဖြြေဖြေလးပဲ ေရးပါတယ္။ ေနာက္ ရံုးခ်ိန္း အၿပီးမွာမွ ရံုးခ်ိန္းမွာ ျဖစ္ပ်က္ခဲ့တာကို ရီဗ်ဴးသေဘာမ်ိဳးေရးပါတယ္။ (ဒါေၾကာင့္ တခ်ိဳ႕က သမီးေလး အမွဳ ေသြးေအးသြားၾကၿပီလား ေမးၾကပါတယ္) အမွန္က ကိုယ္တိုင္ရုန္းလို႕ ရတဲ့ အခ်ိန္မွာ သတင္းဆက္ ျပတ္မသြားရုံေလးေရးၿပီးေတာ့ ကိုယ္တိုင္ ရုန္းေနၾကတာပါ။ ေဘးကို အကူမေတာင္းခဲ့ပါ။ အႏၱရာယ္လည္း ေရွာင္ရင္းေပါ့ေလ

အခု ရံုးခ်ိန္း (၁၁.၉.၁၉) မွာေတာ့ ကိုယ္တိုင္လည္း ရုန္းရမယ့္ အျပင္ ေဘးက ညာသံေပး အားေပးတာလည္း လိုေနပါၿပီ။ ဒါေၾကာင့္ ၀န္းရံၾကပါလို႕ (မေတာင္းဆိုစဖူး) ေတာင္းဆိုခ်င္ပါတယ္

သမီးေလးဟာ အမွဳရဲ႕ အလယ္မွာ ရိွေနတဲ့ ဆံုခ်က္ တခု ျဖစ္တဲ့အျပင္ တကယ္တမ္း နစ္နာခဲ့သူလည္း ျဖစ္ပါတယ္။ သမီးေလးအတြက္ အေရးအႀကီးဆံုးအခ်ိန္ဟာ အခု ရံုးခ်ိန္းပါ။ ဒီရံုးခ်ိန္းမွာ ဘာတခုမွ လြဲေခ်ာ္လို႕ မရတဲ့အျပင္ သမီးေလးအေပၚမွာ ဘာဖိအားေတြမွ ရိွမေနဖို႕ ေစာင့္ၾကည့္၀န္းရံသူေတြက ေဖးမေပးဖို႕ အေရးႀကီးလွပါတယ္။

Victoria ေလး႐ုံးခ်ိန္းမွာ လာေရာက္ဝန္းရံေပးၾကဖို႔ ေမတၱာရပ္ခံေတာင္းဆိုလိုက္တဲ့ သကၠမိုးညိဳ 2

အခုရံုးခ်ိန္းမွာ ရႏိုင္သမွ် ၀န္းရံမွဳေတြ ကၽြန္ေတာ္ လိုခ်င္ပါတယ္။ ေမတၱာရပ္ခံ ေတာင္းဆိုခ်င္ပါတယ္။ သမီးေလးရဲ႕ မိခင္၊ သမီးေလး ေဖေဖ၊ သမီးေလး အဘြားၿပီး အခု သမီးေလး အလွည့္ပါ။ ဒါၿပီးရင္ ကိုယ့္ဘက္က သက္ေသ မရိွေတာ့ပါဘူး။ ကံၾကမၼာအေပၚမွာ ပံုၿပီး ေစာင့္ေနရံုပါပဲ။

ဒါေၾကာင့္ စုထားသမွ် အင္အားေတြ အကုန္ ဒီရံုးခ်ိန္းမွာ လာေရာက္၀န္းရံၾကဖို႕ ေမတၱာရပ္ခံပါတယ္။JusticeForVictoria/သကၠမိုးညိဳ

 

Unicode Versionျဖင့္ဖတ္ရန္

 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဗစ်တိုးရီးယားလေးအမှုကို ဒက္ခိဏခရိုင်တရားရုံးတွင် သက်သေထွက်ချက် ယူတော့မှာဖြစ်ကြောင်းသိရှိရပါသည်။ ဗစ်တိုးရီးယားလေးအမှုဟာ အခုရုံးချိန်းသည် အရေးကြီးသော ရုံးချိန်းဖြစ်ကြောင်းနှင့် မိမိကိုယ်တိုင်ရုန်းကန်ပြီး စုထားသမျှ အားအင်တွေကိုအသုံးပြုပြီး ရုံးချိန်းတွင် မိဘပြည်သူများအားလုံး ဝန်းရံပေးကြဖို့ တောင်းဆိုထားတာကိုတွေ့ရှိရသည်။

ဦးသက္ကမိုးညို၏ပြောကြားချက်များမှာ-

သဘက်ခါ (၁၁.၉၂၀၁၈) မှာ ဗစ်တိုးရီးယားလေးကို ဒက္ခိဏ ခရိုင် တရားရုံးမှာ သက်သေ ထွက်ချက် ယူတော့မှာပါ။

Victoria ေလး႐ုံးခ်ိန္းမွာ လာေရာက္ဝန္းရံေပးၾကဖို႔ ေမတၱာရပ္ခံေတာင္းဆိုလိုက္တဲ့ သကၠမိုးညိဳ 1

ခါတိုင်း ရုံးချိန်းတွေ မတိုင်ခင်မှာ ကျွန်တော် ခပ်လျှိုလျှိုလေးနေပြီး ခပ်ဖွဖွေလေးပဲ ရေးပါတယ်။ နောက် ရုံးချိန်း အပြီးမှာမှ ရုံးချိန်းမှာ ဖြစ်ပျက်ခဲ့တာကို ရီဗျူးသဘောမျိုးရေးပါတယ်။ (ဒါကြောင့် တချို့က သမီးလေး အမှု သွေးအေးသွားကြပြီလား မေးကြပါတယ်) အမှန်က ကိုယ်တိုင်ရုန်းလို့ ရတဲ့ အချိန်မှာ သတင်းဆက် ပြတ်မသွားရုံလေးရေးပြီးတော့ ကိုယ်တိုင် ရုန်းနေကြတာပါ။ ဘေးကို အကူမတောင်းခဲ့ပါ။ အန္တရာယ်လည်း ရှောင်ရင်းပေါ့လေ

အခု ရုံးချိန်း (၁၁.၉.၁၉) မှာတော့ ကိုယ်တိုင်လည်း ရုန်းရမယ့် အပြင် ဘေးက ညာသံပေး အားပေးတာလည်း လိုနေပါပြီ။ ဒါကြောင့် ဝန်းရံကြပါလို့ (မတောင်းဆိုစဖူး) တောင်းဆိုချင်ပါတယ်

သမီးလေးဟာ အမှုရဲ့ အလယ်မှာ ရှိနေတဲ့ ဆုံချက် တခု ဖြစ်တဲ့အပြင် တကယ်တမ်း နစ်နာခဲ့သူလည်း ဖြစ်ပါတယ်။ သမီးလေးအတွက် အရေးအကြီးဆုံးအချိန်ဟာ အခု ရုံးချိန်းပါ။ ဒီရုံးချိန်းမှာ ဘာတခုမှ လွဲချော်လို့ မရတဲ့အပြင် သမီးလေးအပေါ်မှာ ဘာဖိအားတွေမှ ရှိမနေဖို့ စောင့်ကြည့်ဝန်းရံသူတွေက ဖေးမပေးဖို့ အရေးကြီးလှပါတယ်။

Victoria ေလး႐ုံးခ်ိန္းမွာ လာေရာက္ဝန္းရံေပးၾကဖို႔ ေမတၱာရပ္ခံေတာင္းဆိုလိုက္တဲ့ သကၠမိုးညိဳ 2

အခုရုံးချိန်းမှာ ရနိုင်သမျှ ဝန်းရံမှုတွေ ကျွန်တော် လိုချင်ပါတယ်။ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်။ သမီးလေးရဲ့ မိခင်၊ သမီးလေး ဖေဖေ၊ သမီးလေး အဘွားပြီး အခု သမီးလေး အလှည့်ပါ။ ဒါပြီးရင် ကိုယ့်ဘက်က သက်သေ မရှိတော့ပါဘူး။ ကံကြမ္မာအပေါ်မှာ ပုံပြီး စောင့်နေရုံပါပဲ။

ဒါကြောင့် စုထားသမျှ အင်အားတွေ အကုန် ဒီရုံးချိန်းမှာ လာရောက်ဝန်းရံကြဖို့ မေတ္တာရပ်ခံပါတယ်။JusticeForVictoria/သက္ကမိုးညို

Be the first to comment

Leave a Reply

Your email address will not be published.


*