မိတၳီလာ၌ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲ စတင္က်င္းပ

မိတၳီလာၿမိဳ႕ ၁၃၆ ႀကိမ္ေျမာက္ သမိုင္းဝင္ ေဖာင္ေတာ္ဦးေစတီ ဗုဒၶပူဇနိယပြဲေတာ္တြင္ ထည့္သြင္းက်င္းပသည့္ ျမန္မာ့႐ိုးရာေလာင္းေလွၿပိဳင္ပြဲ ယေန႔ နံနက္ ၁၀ နာရီက အဆိုပါေစတီေတာ္အနီး ကန္ေရျပင္တြင္ စတင္က်င္းပေၾကာင္း သိရသည္။

မိတၳီလာ၌ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲ စတင္က်င္းပ 1

“ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲကို ဒီေန႔စတင္ က်င္းပျပဳလုပ္တာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲကို စက္တင္ဘာ ၁၄ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး အဲဒီေန႔မွာ ဗိုလ္လုပြဲနဲ႔ ဆုခ်ီးျမႇင့္ပြဲကို က်င္းပမွာပါ။ အႀကီးတန္း ပထမဆု ၅ သိန္း၊ ဒုတိယဆု ၃ သိန္း၊ တတိယဆု ၂ သိန္း၊ အငယ္တန္း ပထမဆု ၃ သိန္း၊ ဒုတိယဆု ၂ သိန္းနဲ႔ တတိယဆု တစ္သိန္းက်ပ္ ဂုဏ္ျပဳဆုေငြ၊ ဆုဖလားနဲ႔ တစ္ဦးခ်င္း ဆုတံဆိပ္ေတြကို ထိုက္ထိုက္တန္တန္ ခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။ ဒီႏွစ္ေတာ့ ထူးထူးျခားျခား အငယ္တန္းၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္အသင္း ၂၂ သင္းအထိ ရွိၿပီးေတာ့ မုန္တိုင္ေက်း႐ြာလို ယခုႏွစ္မွာမွ ေလွၿပိဳင္ပြဲစတင္လာေရာက္ယွဥ္ၿပိဳင္တဲ့ အသင္းသစ္ေတြလည္း ပါဝင္တယ္”ဟု ေလွၿပိဳင္ပြဲက်င္းပေရးေကာ္မတီဥကၠ႒ ဦးေက်ာ္ဆန္းက ေျပာသည္။

မိတၳီလာ၌ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲ စတင္က်င္းပ 2

အဆိုပါ ေလွၿပိဳင္ပြဲတြင္ အႀကီးတန္း ၆ သင္း အငယ္တန္း ၂၂ သင္း စုစုေပါင္း ၂၈ သင္းပါဝင္ယွဥ္ၿပိဳင္ၿပီး ေန႔စဥ္ၿပိဳင္ပြဲစဥ္ ၁၄ ခု ယွဥ္ၿပိဳင္ေလွာ္ခတ္သည့္ပြဲအေရအတြက္ ၂၈ ပြဲေက်ာ္ ရွိမည္ျဖစ္သည္။ ေလွၿပိဳင္ပြဲသို႔ ႏြားစမ္းေတာင္၊ အုတ္ႏွဲဘုတ္၊ အင္းပက္လက္၊ လူးခင္းႀကီး၊ မုန္တိုင္ စသည္ေက်း႐ြာမ်ားႏွင့္ ျမင္းၿခံေဒသတို႔မွ ေလွအသင္းမ်ား ပါဝင္ယွဥ္ၿပိဳင္ၾကၿပီး ေလွၿပိဳင္ပြဲအား ဘုရားပြဲလည္ပတ္သူမ်ားႏွင့္ ေလွၿပိဳင္ပြဲႀကိဳက္ႏွစ္သက္သည့္ လူႀကီးလူငယ္မ်ား စည္ကားသိုက္ၿမိဳက္စြာၾကည့္ရႈအားေပးေၾကာင္း သိရသည္။ခ်မ္းသာ(မိတၳီလာ)

 

Unicode Versionျဖင့္ဖတ္ရန္

 

မိတ္ထီလာမြို့ ၁၃၆ ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပသည့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ယနေ့ နံနက် ၁၀ နာရီက အဆိုပါစေတီတော်အနီး ကန်ရေပြင်တွင် စတင်ကျင်းပကြောင်း သိရသည်။

မိတၳီလာ၌ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲ စတင္က်င္းပ 1

“မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို ဒီနေ့စတင် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အဲဒီနေ့မှာ ဗိုလ်လုပွဲနဲ့ ဆုချီးမြှင့်ပွဲကို ကျင်းပမှာပါ။ အကြီးတန်း ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်း၊ အငယ်တန်း ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်းနဲ့ တတိယဆု တစ်သိန်းကျပ် ဂုဏ်ပြုဆုငွေ၊ ဆုဖလားနဲ့ တစ်ဦးချင်း ဆုတံဆိပ်တွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်တော့ ထူးထူးခြားခြား အငယ်တန်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၂၂ သင်းအထိ ရှိပြီးတော့ မုန်တိုင်ကျေးရွာလို ယခုနှစ်မှာမှ လှေပြိုင်ပွဲစတင်လာရောက်ယှဉ်ပြိုင်တဲ့ အသင်းသစ်တွေလည်း ပါဝင်တယ်”ဟု လှေပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းက ပြောသည်။

မိတၳီလာ၌ျမန္မာ့႐ိုးရာ ေလာင္းေလွၿပိဳင္ပြဲ စတင္က်င္းပ 2

အဆိုပါ လှေပြိုင်ပွဲတွင် အကြီးတန်း ၆ သင်း အငယ်တန်း ၂၂ သင်း စုစုပေါင်း ၂၈ သင်းပါဝင်ယှဉ်ပြိုင်ပြီး နေ့စဉ်ပြိုင်ပွဲစဉ် ၁၄ ခု ယှဉ်ပြိုင်လှော်ခတ်သည့်ပွဲအရေအတွက် ၂၈ ပွဲကျော် ရှိမည်ဖြစ်သည်။ လှေပြိုင်ပွဲသို့ နွားစမ်းတောင်၊ အုတ်နှဲဘုတ်၊ အင်းပက်လက်၊ လူးခင်းကြီး၊ မုန်တိုင် စသည်ကျေးရွာများနှင့် မြင်းခြံဒေသတို့မှ လှေအသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး လှေပြိုင်ပွဲအား ဘုရားပွဲလည်ပတ်သူများနှင့် လှေပြိုင်ပွဲကြိုက်နှစ်သက်သည့် လူကြီးလူငယ်များ စည်ကားသိုက်မြိုက်စွာကြည့်ရှုအားပေးကြောင်း သိရသည်။ချမ်းသာ(မိတ္ထီလာ)

Be the first to comment

Leave a Reply

Your email address will not be published.


*