ေၾကာင္ပန္းသီးေပၚခ်ိန္ ေၾကာင္ပန္းၿခဳံပိုင္ရွင္မ်ား ဝင္ေငြေကာင္းရရွိေန

မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးခ႐ိုင္ ငါ့သေရာက္ၿမိဳ႕နယ္ ကန္တိန္အုပ္စုအတြင္းရွိ ေက်း႐ြာမ်ားမွ ေၾကာင္ပန္းၿခဳံပိုင္ရွင္မ်ား ေၾကာင္ပန္းသီးခူေရာင္းခ်ျခင္းျဖင့္ မိသားစုဝင္ေငြ တြက္ေျခကိုက္ေနၾကေၾကာင္း ကန္တိန္ေက်း႐ြာ ေၾကာင္းပန္းခင္း(ၿခဳံ)ပိုင္ရွင္ ေဒၚတင္စိန္မွ ရွင္းျပသည္။

ေၾကာင္ပန္းသီးေပၚခ်ိန္ ေၾကာင္ပန္းၿခဳံပိုင္ရွင္မ်ား ဝင္ေငြေကာင္းရရွိေန 1

ေညာင္ဦးခ႐ိုင္ ငါ့သေရာက္ၿမိဳ႕ရွိ ေက်း႐ြာမ်ားသည္ မိုးရာသီတစ္ခုတည္းသာ အားကိုးအားထားျပဳကာ စိုက္ပ်ိဳးေရးလုပ္ငန္း လုပ္ကိုင္ေနသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ ယာခင္းေတာစပ္မ်ားတြင္ စိုက္ပ်ိဳးထားသည့္ ေၾကာင္ပန္းခင္းမ်ားမွေၾကာင္ပန္းသီးမ်ား ခူးဆြတ္ေရာင္းခ်ျခင္းျဖင့္ မိသားစုဝင္ေငြတြက္ ေျခကိုက္ေနၾကေၾကာင္း တမာခါးေက်း႐ြာ ဦးျမင့္ေသာင္းက ေျပာျပသည္။

ေၾကာင္းပန္းခင္းမ်ားအား ငါ့သေရာက္ၿမိဳ႕နယ္တြင္ ယာခင္းစပ္၊ ေတာစပ္၊ ေခ်ာင္းေကာ ေျမာင္းေကာမ်ားတြင္ ကိုင္းျဖတ္စိုက္ပ်ိဳးထားရာမွ ရွင္သန္ႀကီးထြားလာကာ ေၾကာင္ပန္းသီးေပၚခ်ိန္ျဖစ္သည့္ ဝါေခါင္လ၊ ေတာ္သလင္း၊ သီတင္းကြၽတ္၊ တန္ေဆာင္မုန္းလမ်ားတြင္ ခူးဆြတ္ေရာင္းခ်ၾကေၾကာင္း ေၾကာင္ပန္းသီးၿခဳံ တစ္ခါခူးၿပီးလွ်င္ ေနာက္ထပ္ဆယ္ရက္ၾကာမွ ျပန္လည္ခူးဆြတ္ရေၾကာင္း ခူးၿပီးသား ေၾကာင္ပန္သီးမ်ားအား မ်ားလာလွ်င္ ပြဲစားမ်ားကို ဖုံးဆက္အေၾကာင္းၾကားျခင္းျဖင့္ လာေရာက္သိမ္းယူ ေငြေပးေခ်းေၾကာင္း ေၾကာင္ပန္းခင္း(ၿခဳံ)ပိုင္ရွင္မ်ားက ရွင္းျပသည္။

ေၾကာင္ပန္းသီးေပၚခ်ိန္ ေၾကာင္ပန္းၿခဳံပိုင္ရွင္မ်ား ဝင္ေငြေကာင္းရရွိေန 2

လူတစ္ေယာက္ ေၾကာင္ပန္းသီး တစ္ရက္ခူးလွ်င္ တစ္တင္းေက်ာ္ရွိေၾကာင္း ျပန္ေရာင္းလွ်င္ တစ္ေယာက္ ေငြတစ္ေသာင္းေက်ာ္ ရရွိေၾကာင္း ေၾကာင္ပန္းခင္း (ၿခဳံ)တစ္ဧကေက်ာ္ပိုင္ဆိုင္သည့္ ကန္တိန္ေက်း႐ြာ ေဒၚတင္စိန္က ေျပာျပသည္။

ငါ့သေရာက္ၿမိဳ႕တြင္ ေၾကာင္ပန္းသီး ခူးဆြတ္ေရာင္းခ်သည့္ ေၾကာင္ပန္းၿခဳံပိုင္ရွင္မ်ား ခူးဆြတ္ၿပီးခ်ိန္တြင္ ေၾကာင္ပန္းသီး အစိုတစ္ျပည္လွ်င္ ၇၀ဝ က်ပ္ ေရာင္းခ်ရၿပီး၊ ေၾကာင္ပန္းသီး တစ္ပိႆာလွ်င္ (အေျခာက္ ) က်ပ္ ၅၄၀ဝ ေရာင္းခ်ရေၾကာင္းသိရသည္။

ငါ့သေရာက္ၿမိဳ႕ထြက္ ေၾကာင္ပန္းသီးမ်ားအား ပခုကၠဴၿမိဳ႕၊ မႏၲေလးၿမိဳ႕မ်ားမွ ပြဲစားမ်ား လာေရာက္ဝယ္ယူၾကေၾကာင္း ေၾကာင္ပန္းသီး ရသေလာက္ သိမ္းႀကဳံးဝယ္ယူျခင္းေၾကာင့္ ေၾကာင္ပန္းသီးအခင္းပိုင္ၾကသည့္ အခင္းရွင္မ်ားမိသားစု ဝင္ေငြတဘက္တလမ္းမွ ဝင္ေနေသာေၾကာင့္ ယာခင္းစပ္၊ ေခ်ာင္းေျမာင္းအစပ္မ်ားတြင္ ေၾကာင္ပန္းပင္မ်ား ပိုမိုစိုက္ပ်ိဳးသင့္ေၾကာင္းႏွင့္ ေၾကာင္ပန္းဧကဝက္ စိုက္ပ်ိဳးလွ်င္ ေၾကာင္းပန္းသီးဖိုး ဆယ္သိန္းေက်ာ္စုမိေၾကာင္း ေဒၚတင္စိန္မွရွင္းျပ၍သိရသည္။ေမာင္ေမာင္ထိန္(ေက်ာက္ပန္းေတာင္း)

 

Unicode Versionျဖင့္ဖတ္ရန္

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် ကန်တိန်အုပ်စုအတွင်းရှိ ကျေးရွာများမှ ကြောင်ပန်းခြုံပိုင်ရှင်များ ကြောင်ပန်းသီးခူရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ကန်တိန်ကျေးရွာ ကြောင်းပန်းခင်း(ခြုံ)ပိုင်ရှင် ဒေါ်တင်စိန်မှ ရှင်းပြသည်။

ေၾကာင္ပန္းသီးေပၚခ်ိန္ ေၾကာင္ပန္းၿခဳံပိုင္ရွင္မ်ား ဝင္ေငြေကာင္းရရွိေန 1

ညောင်ဦးခရိုင် ငါ့သရောက်မြို့ရှိ ကျေးရွာများသည် မိုးရာသီတစ်ခုတည်းသာ အားကိုးအားထားပြုကာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် မြို့တစ်မြို့ဖြစ်ကာ ယာခင်းတောစပ်များတွင် စိုက်ပျိုးထားသည့် ကြောင်ပန်းခင်းများမှကြောင်ပန်းသီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတွက် ခြေကိုက်နေကြကြောင်း တမာခါးကျေးရွာ ဦးမြင့်သောင်းက ပြောပြသည်။

ကြောင်းပန်းခင်းများအား ငါ့သရောက်မြို့နယ်တွင် ယာခင်းစပ်၊ တောစပ်၊ ချောင်းကော မြောင်းကောများတွင် ကိုင်းဖြတ်စိုက်ပျိုးထားရာမှ ရှင်သန်ကြီးထွားလာကာ ကြောင်ပန်းသီးပေါ်ချိန်ဖြစ်သည့် ဝါခေါင်လ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ခူးဆွတ်ရောင်းချကြကြောင်း ကြောင်ပန်းသီးခြုံ တစ်ခါခူးပြီးလျှင် နောက်ထပ်ဆယ်ရက်ကြာမှ ပြန်လည်ခူးဆွတ်ရကြောင်း ခူးပြီးသား ကြောင်ပန်သီးများအား များလာလျှင် ပွဲစားများကို ဖုံးဆက်အကြောင်းကြားခြင်းဖြင့် လာရောက်သိမ်းယူ ငွေပေးချေးကြောင်း ကြောင်ပန်းခင်း(ခြုံ)ပိုင်ရှင်များက ရှင်းပြသည်။

လူတစ်ယောက် ကြောင်ပန်းသီး တစ်ရက်ခူးလျှင် တစ်တင်းကျော်ရှိကြောင်း ပြန်ရောင်းလျှင် တစ်ယောက် ငွေတစ်သောင်းကျော် ရရှိကြောင်း ကြောင်ပန်းခင်း (ခြုံ)တစ်ဧကကျော်ပိုင်ဆိုင်သည့် ကန်တိန်ကျေးရွာ ဒေါ်တင်စိန်က ပြောပြသည်။

ေၾကာင္ပန္းသီးေပၚခ်ိန္ ေၾကာင္ပန္းၿခဳံပိုင္ရွင္မ်ား ဝင္ေငြေကာင္းရရွိေန 2

ငါ့သရောက်မြို့တွင် ကြောင်ပန်းသီး ခူးဆွတ်ရောင်းချသည့် ကြောင်ပန်းခြုံပိုင်ရှင်များ ခူးဆွတ်ပြီးချိန်တွင် ကြောင်ပန်းသီး အစိုတစ်ပြည်လျှင် ၇၀ဝ ကျပ် ရောင်းချရပြီး၊ ကြောင်ပန်းသီး တစ်ပိဿာလျှင် (အခြောက် ) ကျပ် ၅၄၀ဝ ရောင်းချရကြောင်းသိရသည်။

ငါ့သရောက်မြို့ထွက် ကြောင်ပန်းသီးများအား ပခုက္ကူမြို့၊ မန္တလေးမြို့များမှ ပွဲစားများ လာရောက်ဝယ်ယူကြကြောင်း ကြောင်ပန်းသီး ရသလောက် သိမ်းကြုံးဝယ်ယူခြင်းကြောင့် ကြောင်ပန်းသီးအခင်းပိုင်ကြသည့် အခင်းရှင်များမိသားစု ဝင်ငွေတဘက်တလမ်းမှ ဝင်နေသောကြောင့် ယာခင်းစပ်၊ ချောင်းမြောင်းအစပ်များတွင် ကြောင်ပန်းပင်များ ပိုမိုစိုက်ပျိုးသင့်ကြောင်းနှင့် ကြောင်ပန်းဧကဝက် စိုက်ပျိုးလျှင် ကြောင်းပန်းသီးဖိုး ဆယ်သိန်းကျော်စုမိကြောင်း ဒေါ်တင်စိန်မှရှင်းပြ၍သိရသည်။မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

Be the first to comment

Leave a Reply

Your email address will not be published.


*