Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင်


Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင် 1



Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင် 2



Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင် 3


Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင် 4


Video ကြည့်ရန်

 

Unicode Versionဖြင့်ဖတ်ရန်

 

၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲကြီးကတော့ ခုဆိုရင် Final အဆင့်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်…ပြိုင်ပွဲဝင်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒီပြိုင်ပွဲကြီးမှာ ဒိုင်တွေအဖြစ် မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ မင်းသမီး ခိုင်သင်းကြည်နဲ့ အတူအစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ်အမှတ်ပေးကြတာပဲ ဖြစ်ပါတယ်…မြန်မာပြည်က များစွာသော ပါရမီရှင်များပါဝင်ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲကြီးဟာ ပြည်တွင်းက ရုပ်သံအစီအစဉ်တွေက လူကြိုက်များတဲ့ အစီအစဉ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်…

Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင် 1

ဒီပြိုင်ပွဲကြီးမှာ မသန်သော်လည်း စွမ်းတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဟာ သူ့ရဲ့ အစွမ်းအစတွေကို ပြသပြီး Final အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်…သူကတော့ မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား ဝင်းစန်းအောင်ပဲ ဖြစ်ပါတယ်…ဝင်းစန်းအောင်ဟာ ရေကူး၊ ဝှီးချဲဘတ်စကက်ဘော၊ အလေးမ၊ သံလုံးသံပြားပစ်၊ ဝှီးချဲကြက်တောင် စတဲ့ မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားတဦးဖြစ်ပြီး အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၈ ခုလောက် ရရှိထားခဲ့သူတစ်ဦးဖြစ်ပြီး မသန်စွမ်းပေမဲ့ နိုင်ငံ့ဂုဏ်ကို ဆောင်ထားနိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်…

ဆီမီးဖိုင်နယ်အဆင့်မှာ ပရိသတ်ကပေးတဲ့ မဲအများဆုံးကို ရရှိပြီး နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ…. ရော့ခ်ကာကြီး ဇော်ဝင်းထွဋ်ရဲ့….

Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင် 2

“ဒါဟာချစ်ဗိမာန်လို့ ကိုယ်ထင်ပေမယ့်….. အလွမ်းအဆွေးများရဲ့ထောင်ချောက်ပဲ… ..ထုံကြိုင်မွှေးပျံသော ချစ်ရနံ့များဟာ… အဆိပ်ငွေ့များလိုသတ်နေပြီ”
“ရန်သူကြီးတစ်ယောက်လို ထင်နေပြီလား….. အမုန်းလက်နက်တွေ ကိုင်စွဲထား… သိပ်တင်းမာပြင်းထန်နေသူမင်းလေးရဲ့… အိုး… ဆက်ဆံရေးတွေကျဲနေပြီ…” ဆိုတဲ့

“အချစ်တဲ့လား” သီချင်းကို သီဆိုဖျော်ဖြေ ပြိုင်ပွဲဝင်သွားတာပါ….ပြီးတော့ ကီးဘုတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်သွားတာနော်… လုံးဝကို အသံက ရော့ခ်ကာတစ်ယောက်လိုပဲ….

Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင် 3

ဒီ ဆီမီးဖိုင်နယ်အဆင့်ကို စုစုပေါင်း ၅ ယောက်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီးတော့ ပြိုင်ပွဲဝင်တွေဟာ မိမိတို့ စွမ်းရည်ကို ပြသပြီး အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်..ဒီအထဲမှာမှ မဲပေးတဲ့အချိန်မှာ ဝင်းစန်းအောင်က ဖိုင်နယ်အဆင့်ကို လွတ်လွတ်ကျွတ်ကျွတ်မဲအများဆုံးနဲ့ တက်လှမ်းနိုင်ခဲ့တာပါ…ဖိုင်နယ်အဆင့်မှာ ၂ ယောက်တည်း ယှဉ်ပြိုင်ရမှာ ဖြစ်ပြီးတော့ ဝင်းစန်းအောင်နဲ့ အတူ ယှဉ်ပြိုင်ရမဲ့သူကတော့ ဇော်နိုင်ဝင်းပဲ ဖြစ်ပါတယ်…

Myanmar Got Talent မှာပရိသတ်ပေးတဲ့မဲနဲ့ Final ရောက်သွားတဲ့ ဝင်းစန်းအောင် 4

ပရိသတ်ကြီးရေ မသန်ပေမဲ့ စွမ်းတဲ့ နိုင်ငံဂုဏ်ဆောင် အားကစားသမားကြီးရဲ့ အသံပါဝါ ဘယ်လောက်ကောင်းလဲဆိုတာ သူဆီမီးဖိုင်နယ်မှာ ပြိုင်ပွဲဝင်ခဲ့တဲ့ ဗီဒီယိုလေးထဲမှာ ကြည့်ရှုကြည့်ပါနော်…အောက်မှာ ဖော်ပြပေးထားပါတယ်။HW (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)/Myanmar’s Got Talent

Be the first to comment

Leave a Reply

Your email address will not be published.


*