Taxi ပေါ်တွင် ပုန်းအောင်း လိုက်ပါလာပြီး ခရီးသည်အား ပစ္စည်းလု၍ ဓားဖြင့်ထိုးမှု တရားခံများ မိပါပြီ



Taxi ပေါ်တွင် ပုန်းအောင်း လိုက်ပါလာပြီး ခရီးသည်အား ပစ္စည်းလု၍ ဓားဖြင့်ထိုးမှု တရားခံများ မိပါပြီ 1











Taxi ပေါ်တွင် ပုန်းအောင်း လိုက်ပါလာပြီး ခရီးသည်အား ပစ္စည်းလု၍ ဓားဖြင့်ထိုးမှု တရားခံများ မိပါပြီ 2




 

Unicode Versionဖြင့်ဖတ်ရန်

 

၂.၇.၂၀၁၉ ရက်နေ့ ၀၂၀၀ အချိန်တွင် တရားလို ဦး—-သည် တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ် ကွက်၊ ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်း ထောင့်မှ (၁၃) ရပ်ကွက်၊ ဂရုဏာ(၄) လမ်း၊ အမှတ်(၇၁၈) လမ်းရှိ ၎င်း၏ နေအိမ်သို့ ငွေ( ၂၀၀၀ိ/-) ကျပ်ဖြင့် တက္ကစီ ငှား၍ ပြန်လာ ခဲ့ကြောင်း၊

၎င်းကားခေါင်းခန်း ၌ ခပ်ဝဝ လူငယ်တစ်ဦး ပါဝင်ကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာ လမ်းမကြီး၊ ကညနရုံးရှေ့ အရောက်တွင် တက္ကစီယာဉ် ၏ နောက်ခန်း၌ ပုန်းအောင်း လိုက်ပါလာသော လူငယ်(၂) ဦးမှာ

Taxi ပေါ်တွင် ပုန်းအောင်း လိုက်ပါလာပြီး ခရီးသည်အား ပစ္စည်းလု၍ ဓားဖြင့်ထိုးမှု တရားခံများ မိပါပြီ 1

၎င်း၏ လည်ပင်းအား သိုင်းဖက်ကာ ဓားမြှောင်ဖြင့် ထောက်၍ “မင်းမှာ ပါလာသည့် ပစ္စည်းတွေ ထုတ်ပေး” ဟု ပြောဆိုသဖြင့် ဘောင်းဘီအိတ် အတွင်းမှ ငွေ (၃၀၀၀၀၀ိ/-) ကျပ် အား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် “ဒီငွေတွေယူပြီး ငါ့ကိုဘာမှ မလုပ်ပါနဲ့ ဒီမှာဘဲ ဆင်းကျန်ခဲ့မယ်” ဟုပြောဆို ရာ ဖုန်းနှင့် နာရီ ပါပေး ရန် ပြောဆို ခဲ့ကြကြောင်း၊ မပေးနိုင်ကြောင်း ငြင်းဆန်ရာ

တရားလို ၏ ယာဘက် ပေါင်အား (၂) ချက်၊ ယာဘက်ဂျိုင်းနှင့် လည်ပင်းတို့ အား (၁) ချက်စီ ထိုး၍ စုစုပေါင်း (၂၀၀၀၀၀၀ိ/-) ကျပ် တန်ဖိုး ရှိ SAMSUNG အမျိုးအစား ဖုန်း(၂) လုံးနှင့် လက်ပတ်နာရီ အား လုယူပြီး

သင်္ဃန်းမြို့နယ်၊ သုဝဏ္ဏ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စု တံတား အဆင်း၊ ပန်းဈေးတန်း အနီးတွင် ကားပေါ်မှ တွန်းချ ထားခဲ့ကြောင်း သိရှိ ရသည်။

ယခုအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ၊ စံပြ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းနှင့် ယခုကဲ့သို့ ငွေနှင့် ပစ္စည်းများ လုယူကာ ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့ သူများအား အရေးယူပေးပါရန် သုဝဏ္ဏနယ်မြေရဲစခန်း (ပ) ၅၇၂/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့် ထားကြောင်း သိရှိ ရပါသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးက အမှုမှ တရားခံများ အား အမြန်ဖော်ထုတ် ဖမ်းဆီး ဆောင်ရွက် သွားရန် ညွှန်ကြားချက် အရ

၅.၇.၂၀၁၉ ရက် နေ့ ၂၁၀၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း အကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ရဲအကူ ဌာနခွဲနှင့် အုပ်ချုပ်မှု ဌာနခွဲမှ တပ်ဖွဲ့ဝင်များသည်

တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၃) ရပ်ကွက် နှင့် (၂၆) ရပ်ကွက် နေ တိုးတိုးအောင် (ခ) ဇော်ဇော် နှင့် မျိုးသက် တို့ဖြစ်ကြောင်း စုံစမ်း သိရှိရသဖြင့် နေအိမ် သို့ လိုက်လံ ဖမ်းဆီး ခဲ့သည်။

ဖမ်းဆီးရမိသူ တိုးတိုးအောင်(ခ) ဇော်ဇော် နှင့် မျိုးသက် တို (၂) ဦးအား အသေးစိတ် စစ်ဆေးရာ ၎င်းတို့(၂) ဦးသည် တက္ကစီခ မရသေးသဖြင့် လုယက်မှု ကျူးလွန်ရန် တိုင်ပင်ခဲ့ကြကြောင်း၊

Taxi ပေါ်တွင် ပုန်းအောင်း လိုက်ပါလာပြီး ခရီးသည်အား ပစ္စည်းလု၍ ဓားဖြင့်ထိုးမှု တရားခံများ မိပါပြီ 2

၎င်းနောက် အမှုတွင် ပူးပေါင်းပါဝင်သူ ဇေယျာမျိုးအောင်၊ အတာ(ခ) ဘိုချိုပု တို့နှင့် အတူ ၂.၇.၂၀၁၉ ရက်နေ့ ၀၂၀၀ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် တက္ကစီငှား နေသော အမျိုးသား တစ်ဦးအား တင်ဆောင်ကာ

သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း အရောက်တွင် ၎င်း အမျိုးသားထံမှ လုယက်မှု ကျူးလွန်ခဲ့ကြောင်းနှင့် ပြည်ထောင်စု ပန်းခြံအနီးရှိ ပန်းဈေးတန်း အနီး၌ ကားပေါ်မှ တွန်းချထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပါသည်။

စစ်ဆေး ပေါ်ပေါက်ချက် အရ ပါဆုံးသက်သေခံ ပစ္စည်းများကို ပြန်လည် သိမ်းဆည်း ရရှိရေး ဆောင်ရွက် လျက် ရှိပြီး

ပြစ်မှု ကျူးလွန်ရာ တွင် ပူးပေါင်း ပါဝင်သူ ဇေယျာမျိုးအောင် နှင့် အတာ(ခ) ဘိုချိုပု ပါ (၄)ဦးအား ဖမ်းဆီးကာ ဥပဒေနှင့် အညီ အမြန်ဆုံး တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ရန်ကုန်တိုင်းရဲတပ်ဖွဲ့

Be the first to comment

Leave a Reply

Your email address will not be published.


*