ဆောမြို့၌ ခြေလျင်ခရီးဖြင့် ခရီးဝေးကွာစွာ ကျောင်းတတ်ရသည့် ကျောင်းသား ကျောင်းသူများအတွက် စက်ဘီးများလှူဒါန်
ဆောမြို့၌ ခြေလျင်ခရီးဖြင့် ခရီးဝေးကွာစွာ ကျောင်းတတ်ရသည့် ကျောင်းသား ကျောင်းသူများအတွက် စက်ဘီးများလှူဒါန် 1
ဆောမြို့၌ ခြေလျင်ခရီးဖြင့် ခရီးဝေးကွာစွာ ကျောင်းတတ်ရသည့် ကျောင်းသား ကျောင်းသူများအတွက် စက်ဘီးများလှူဒါန် 2
Unicode Versionဖြင့်ဖတ်ရန်
ဂန့်ဂေါခရိုင် ဆောမြို့ အ.ထ.ကကျောင်းနှင့် အမှတ်(၂) မူလွန်ကျောင်းတို့တွင် ခြေလျင်ခရီးဖြင့် ခရီးဝေးကွာစွာ ကျောင်းတက်သွားလာရသည့် ကျေးရွာများမှ ကျောင်းသား ကျောင်းသူများအတွက် Lesswalk.org မှ လှူဒါန်းသော စက်ဘီး ၅၃ စီးကို ဆောမြို့ အခြေခံပညာ အထက်တန်းကျောင်း (သီဟသူရညိုအေး)ခန်းမ၌ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆောမြို့၌ ခြေလျင်ခရီးဖြင့် ခရီးဝေးကွာစွာ ကျောင်းတတ်ရသည့် ကျောင်းသား ကျောင်းသူများအတွက် စက်ဘီးများလှူဒါန် 1
အခမ်းအနားတွင် အညာကတင်း၊ မင်းလယ်၊ ခွင်းချောင်း၊ လယ်ရင်း၊ ဖြူတွင်းကျင်း၊ အင်းချောင်း၊ ရင်းခေါ်ကျေးရွာတို့မှ အ.ထ.ကနှင့် အမှတ်(၂) မူလွန်ကျောင်းတို့တွင် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူ ၅၃ ဦးကို စက်ဘီးများ ပေးအပ်လှူဒါန်းခဲ့သည်။
ဆောမြို့၌ ခြေလျင်ခရီးဖြင့် ခရီးဝေးကွာစွာ ကျောင်းတတ်ရသည့် ကျောင်းသား ကျောင်းသူများအတွက် စက်ဘီးများလှူဒါန် 2
အခမ်းအနားသို့ အလှူရှင် Lesswalk.org ကိုယ်စား ယောလူငယ်အဖွဲ့ဗဟိုဉက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။Lesswalk.org
Be the first to comment
Leave a Reply
Your email address will not be published.
*