(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ

ထိုင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ အာရွႏိုင္ငံေပါင္း (၁၅)ႏိုင္ငံေက်ာ္မွ ႏိုင္ငံကိုယ္စားျပဳ စားဖိုမွဴးမ်ား ပါ၀င္ယွဥ္ၿပိဳင္ခဲ့ရာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနျဖင့္ ျမန္မာႏိုင္ငံ စားဖိုမွဴးမ်ားအသင္းမွ ေရႊဆင္ရုပ္ထုဆုနွင့္ ေရႊ၊ ေငြ၊ ေၾကးတံဆိပ္မ်ား ရရွိခဲ့ေၾကာင္း သိရသည္။

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 1

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 2

“ကြ်န္ေတာ္တို႔ ထုိင္းႏိုင္ငံမွာ သြားေရာက္ယွဥ္ျပိဳင္တာ အသင္းလိုက္ အေကာင္းဆုံးဆုအေနနဲ႔ ေရႊဆင္ရုပ္ထုကို ရခဲ့ပါတယ္။ ျပိဳင္ပြဲမွာ ေတာင္ကိုရီးယား၊ ထုိင္း၊ ထိုင္၀မ္၊ မေလးရွား၊ အင္ဒိုနီးရွားနဲ႔ ဗီယက္နမ္ တုိ႔ကို ေက်ာ္ျဖတ္ၿပီးမွ ၉၂ မွတ္နဲ႔ ေရႊတံဆိပ္ကိုရခဲ့တာပါ။ ျပိဳင္ပြဲက free style ျဖစ္တဲ့အတြက္ ဂ်ပန္အစားအစာနဲ႔ ယွဥ္ၿပိဳင္ခဲ့ရာမွာ ေဆာ့အရသာ အထူးေကာင္းမြန္တာေၾကာင့္ နုိင္ငံအတြက္ ေရႊဆင္ရုပ္ထုႀကီးကို သယ္ေဆာင္ႏိုင္ခဲ့ပါၿပီ။ ၿပီးေတာ့ တစ္ဦးခ်င္း ျပိဳင္ပြဲေတြမွာလည္း ေရႊ၊ ေငြနဲ႔ ေၾကးတံဆိပ္ဆုလည္း ရရွိခဲ့တယ္”ဟု ျမန္မာႏိုင္ငံ စားဖိုမွဴးမ်ားအသင္းမွ ေနျပည္ေတာ္ စားဖိုမွဴးမ်ားအသင္းဥကၠ႒ ဦးမ်ိဳးေက်ာ္သူက ေျပာသည္။

အဆိုပါ (၂၅)ၾကိမ္ေျမာက္ Thailand International Culinary 2019 အစားအေသာက္ ခ်က္ျပဳတ္ၿပိဳင္ပြဲကို စက္တင္ဘာ ၄ ရက္မွ ၇ ရက္ထိ က်င္းပခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံကိုယ္စားျပဳအျဖစ္ Food and Hotel Thailand ျပပြဲၾကီးတြင္ ယွဥ္ျပိဳင္ခဲ့ျခင္းျဖစ္ရာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအျဖစ္ ျမန္စားဖိုမွဴးမ်ားအသင္းမွ စားဖိုမွဴး ဦးမ်ိဳးေက်ာ္သူ (Chef Romeo Thu)၊ စားဖိုမွဴး ရစ္၀မ္ (Chef Rizwan) နွင့္ စားဖိုမွဴး ေအာင္မ်ိဳးေဆြတို႔က ဂ်ပန္အစားအစာတြင္ ထူးကဲေသာ ေဆာ့အရသာျဖင့္ အာရွမွႏိုင္ငံႀကီးမ်ားနွင့္ ေဒသတြင္းနုိင္ငံမ်ားမွ အသင္းမ်ားကို ေက်ာ္ျဖတ္၍ ေရႊဆင္ရုပ္ထုၾကီးကို ဆြတ္ခူးရရွိခဲ့ျခင္းျဖစ္ၿပီး အျခားတစ္ဦးခ်င္း ျပိဳင္ပြဲမ်ားတြင္လည္း ျမန္မာႏိုင္ငံ စားဖိုမွဴးမ်ားအသင္းမွ ေရႊ(၅)ခု၊ ေငြ(၁)ခု၊ ေၾကး(၁)ခုျဖင့္ ဆုမ်ားအသီးသီး ရရွိခဲ့ေၾကာင္း သိရသည္။

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 3

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 4

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 5

ဆုရ ျမန္မာႏိုင္ငံ စားဖိုမွဴးမ်ားအသင္းအေနျဖင့္ ယေန႔ နံက္ ၈ နာရီ မိနစ္ ၅၀ တြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိခဲ့ေၾကာင္း သိရသည္။သန္းထိုက္/သန္းစိုး

 

Unicode Versionျဖင့္ဖတ္ရန္

 

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Thailand International Culinary Cup 2019 ပြိုင်ပွဲတွင် အာရှနိုင်ငံပေါင်း (၁၅)နိုင်ငံကျော်မှ နိုင်ငံကိုယ်စားပြု စားဖိုမှူးများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ ရွှေဆင်ရုပ်ထုဆုနှင့် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ရရှိခဲ့ကြောင်း သိရသည်။

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 1

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 4

“ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်တာ အသင်းလိုက် အကောင်းဆုံးဆုအနေနဲ့ ရွှေဆင်ရုပ်ထုကို ရခဲ့ပါတယ်။ ပြိုင်ပွဲမှာ တောင်ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် တို့ကို ကျော်ဖြတ်ပြီးမှ ၉၂ မှတ်နဲ့ ရွှေတံဆိပ်ကိုရခဲ့တာပါ။ ပြိုင်ပွဲက free style ဖြစ်တဲ့အတွက် ဂျပန်အစားအစာနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ဆော့အရသာ အထူးကောင်းမွန်တာကြောင့် နိုင်ငံအတွက် ရွှေဆင်ရုပ်ထုကြီးကို သယ်ဆောင်နိုင်ခဲ့ပါပြီ။ ပြီးတော့ တစ်ဦးချင်း ပြိုင်ပွဲတွေမှာလည်း ရွှေ၊ ငွေနဲ့ ကြေးတံဆိပ်ဆုလည်း ရရှိခဲ့တယ်”ဟု မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ နေပြည်တော် စားဖိုမှူးများအသင်းဥက္ကဋ္ဌ ဦးမျိုးကျော်သူက ပြောသည်။

အဆိုပါ (၂၅)ကြိမ်မြောက် Thailand International Culinary 2019 အစားအသောက် ချက်ပြုတ်ပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်မှ ၇ ရက်ထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံကိုယ်စားပြုအဖြစ် Food and Hotel Thailand ပြပွဲကြီးတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မြန်စားဖိုမှူးများအသင်းမှ စားဖိုမှူး ဦးမျိုးကျော်သူ (Chef Romeo Thu)၊ စားဖိုမှူး ရစ်ဝမ် (Chef Rizwan) နှင့် စားဖိုမှူး အောင်မျိုးဆွေတို့က ဂျပန်အစားအစာတွင် ထူးကဲသော ဆော့အရသာဖြင့် အာရှမှနိုင်ငံကြီးများနှင့် ဒေသတွင်းနိုင်ငံများမှ အသင်းများကို ကျော်ဖြတ်၍ ရွှေဆင်ရုပ်ထုကြီးကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးချင်း ပြိုင်ပွဲများတွင်လည်း မြန်မာနိုင်ငံ စားဖိုမှူးများအသင်းမှ ရွှေ(၅)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် ဆုများအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 5

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 3

(၂၅)ႀကိမ္ေျမာက္ Thailand International Culinary Cup 2019 ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံမွ အျမင့္ဆုံး ေရႊဆင္တံဆိပ္ဆုရရွိ 2

ဆုရ မြန်မာနိုင်ငံ စားဖိုမှူးများအသင်းအနေဖြင့် ယနေ့ နံက် ၈ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။သန်းထိုက်/သန်းစိုး

Be the first to comment

Leave a Reply

Your email address will not be published.


*