မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား (၄၅၄၆၇၀) ဖမ်းဆီးရမိ
မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား (၄၅၄၆၇၀) ဖမ်းဆီးရမိ 1
Unicode Versionဖြင့်ဖတ်ရန်
မောင်တောမြို့နယ်၌ စက်တင်ဘာ ၆ ရက်တွင် စိတ်ကြွဆေးပြားလေးသိန်း ခွဲကျော် ဖမ်းဆီးရမိကြောင်း သိရသည်။ပူးပေါင်းအဖွဲ့က မောင်တောမြို့နယ် လသာကျေးရွာနေ ဆွေယော့ဒူးယောင်း (၄၀)နှစ်၏ နေအိမ်အား စက်တင်ဘာလ ၆ ရက် ည ၁၀ နာရီတွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ မီးဖိုဆောင်အတွင်း ထင်းပုံအောက်၌ မြေကျင်းတူး၍ ဝှက်ထားသည့် WY စိတ်ကြွဆေးပြား ၈၁၇၀ နှင့် နေအိမ်၏အရှေ့ဘက် ကပ်လျက်ရှိ ၎င်း၏သမီးဖြစ်သူ မမီနာယာ (၂၂) နှစ်၏ နေအိမ်အိပ်ခန်းအတွင်း မြေကျင်းတူး၍ ဝှက်ထားသည့် WY စိတ်ကြွဆေးပြား ၄၄၆၅၀၀ စုစုပေါင်း စိတ်ကြွဆေးပြား ၄၅၄၆၇၀ (၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၉၀၉၃ ဒသမ ၄ သိန်း) ကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား (၄၅၄၆၇၀) ဖမ်းဆီးရမိ 1
စစ်ဆေးဖော်ထုတ်ချက်အရ တစ်ရွာ တည်းနေ ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင် (၄၀) နှစ်နှင့် ၎င်း၏ညီ ဖွေယော့ဇူ အီစ္စလာမ် (၃၈) နှစ်တို့၏ ပစ္စည်းများဖြစ် ကြောင်း သိရှိရ၍ ဆက်လက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ဆီရာဇူအီစ္စလာမ် (ခ)ကိုနိုင်အား ၎င်းနေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ဖွေယော့ဇူအီစ္စလာမ်မှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့သဖြင့် ဆွေယော့ဒူးယောင်း၊ ဆီရာဇူအီစ္စလာမ် (ခ) ကိုနိုင်(ဖမ်းမိ)နှင့် ဖွေယော့ဇူအီစ္စလာမ် (တိမ်းရှောင်)တို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/ ၂၁ ဖြင့် လည်း ကောင်း၊ မမီနာယာအား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ဖြင့် လည်းကောင်း မောင်တောမြို့မရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။Myanmaalinn
Be the first to comment
Leave a Reply
Your email address will not be published.
*