ကစ္ကစ္အတြက္ တစ္လ ၁ သိန္း ရာသက္ပန္ လွဴဒါန္းမယ့္ ခင္ရူပတို႔ ဇနီးေမာင္ႏွံ

ဇာတ္ကားေတြထဲမွာ မ်က္နွာေျပာင္ေျပာင္နဲ႔ စေနာက္ျပီး ပရိသတ္ေတြကို ေပ်ာ္ရႊင္ေအာင္ ဖန္တီးေပးခဲ့ဖူးတဲ့ သရုပ္ေဆာင္ ကစ္ကစ္ကေတာ့ လက္ရွိမွာ က်န္းမာေရးအေျခအေနေၾကာင့္ ေဆးရံုတက္ေနရတာပဲ ျဖစ္ပါတယ္။

 

ကစ္ကစ္အတြက္ တစ္လ ၁ သိန္း ရာသက္ပန္ လွဴဒါန္းမယ့္ ခင္ရူပတို႔ ဇနီးေမာင္ႏွံ 1

လတ္တေလာမွာေတာ့ ေသမင္းကို အံတုျပီး အသက္ဆက္ေနတဲ့ ကစ္ကစ္အတြက္ ထာဝရအလွဴရွင္တစ္ဦးက မလွဴဒါန္းျဖစ္ေတာ့တာေၾကာင့္ အခက္အခဲျဖစ္ေနတဲ့ ကစ္ကစ္အတြက္ ခင္ရူပတို႔ ဇနီးေမာင္နွံက တစ္လ (၁)သိန္းနဲ႔ ရာသက္ပန္ ေပးလွဴသြားမယ္လု႔ိ သိရပါတယ္။အားနည္းတဲ့သူကို ကူညီတတ္တဲ့ ခင္ရူပတို႔ ဇနီးေမာင္နွံရဲ႕အလွူကေတာ့ တကယ့္ကို ပီတိျဖစ္စရာေကာင္းလွပါတယ္။

ကစ္ကစ္အတြက္ တစ္လ ၁ သိန္း ရာသက္ပန္ လွဴဒါန္းမယ့္ ခင္ရူပတို႔ ဇနီးေမာင္ႏွံ 2

သရုပ္ေဆာင္ ကစ္ကစ္ကို ထာဝရအလွဴရွင္တစ္ဦးအျဖစ္ ေစာင့္ေရွာက္ေနတဲ့ ခင္ရူပကေတာ့ “မကစ္ရဲ႕ ထာ၀ရ အလွဴရွင္ တစ္ဦးျဖစ္သူ သည္ အေၾကာင္းေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလွဴဒါန္းျဖစ္ပါေသာေၾကာင့္ အခ်ိန္မွီ ထပ္မံ ရွာေဖြခဲ့ ရာေမာ္ဒယ္ နွင့္ သ႐ုပ္ေဆာင္ ညီမေလး ခင္႐ူပ တို႔ ဇနီးေမာင္နွံသည္ မကစ္ ေက်ာက္ကပ္ ေဆးအလွဴအတြက္ လစဥ္ ၁ လ (တစ္သိ္န္း) ေပးလွဴရန္ ရာသက္ပန္ ဆံုးျဖတ္ခ်က္ခ်ၿပီးေပးလွဴလိုက္တဲ့အတြက္ အထူးေက်းဇူးတင္ ဂုဏ္ျပဳပါသည္ ဒီထက္မကေသာ သာယာေပ်ာ္ရႊင္ေသာ အိမ္ေထာင္ေရး နွင့္ ႀကီးပြားတိုးတက္မႈ အေပါင္းကို

ကစ္ကစ္အတြက္ တစ္လ ၁ သိန္း ရာသက္ပန္ လွဴဒါန္းမယ့္ ခင္ရူပတို႔ ဇနီးေမာင္ႏွံ 3

ခံစား စံစားနိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ရွင္ မကစ္ အတြက္ ထာ၀ရ အလွဴရွင္ စာရင္း အား ထပ္မံ ျဖည့္စြက္ တင္ျပေပးလိုက္ပါသည္ 1/ အကို ေသာ္ဇင္ Cote Gyi 2/ အကိုရဲထိုက္ ဇနီးေမာင္နွံ Ye Htike Kyaw 3/ ေဒါက္တာ ၿဖိဳးစည္သူ 4/ ခိုင္မြန္တို႔ ဇနီးေမာင္နွံ Khaing Mon 5/ အကိုေတဇာ Tayzar Aung Lwin 6/ကိုေမာင္သန္႔ Maung Maung Thant 7/မမ စန္း San San Lwin 8/Rose Rose Khin MeeMee Win 9/Khin kyaw Khin Kyaw Zaw 10/ ခင္႐ူပ Khin Yupa 11/ ခင္သဇင္

ကစ္ကစ္အတြက္ တစ္လ ၁ သိန္း ရာသက္ပန္ လွဴဒါန္းမယ့္ ခင္ရူပတို႔ ဇနီးေမာင္ႏွံ 4

အေရးေပၚ ။ ။ အလွဴရွင္ ၁၂ ဦးရွာေဖြခဲ့ရာ ေနာက္ထပ္တစ္ဦးသည္လည္း ဆက္သြယ္ရ်္ မရေတာ့ပါေသာေၾကာင့္ အေရးတႀကီး လိုအပ္ေနေၾကာင္း မ်ွေဝပါရေစရွင္ (ထာ၀ရ အလွဴရွင္ ျဖစ္လိုသူမ်ားသည္ မကစ္ သက္ရွိထင္ရွား ရွိစဥ္ ကာလ အထိ ၁ လ လွ်င္ ၁ သိန္းက်ပ္ လစဥ္ မပ်က္မကြက္ေပးလွဴရမွာ ျဖစ္သည့္ အတြက္

ေသခ်ာ စဥ္းစား ဆံုးျဖတ္ၿပီးမွ သာလ်ွင္ ထာဝရ အလွဴရွင္ အျဖစ္ လွဴဒါန္းရန္ ဆံုးျဖတ္ေပးပါရန္ အထူး ေမတၱာ ရပ္ခံ ပါရေစရွင္ မဟုတ္ရင္ လူနာ အတြက္ အခက္အခဲေလးေတြ ျဖစ္လာလို႔ပါ ေစတနာ ေမတၱာအား အထူးေလးစား တန္ဖိုးထားလ်ွက္

ခင္သဇင္ ” ဆိုျပီး အလွဴရွင္တစ္ဦး ထပ္လိုေနတဲ့အေၾကာင္းနဲ႔ ကစ္ကစ္ သက္ရွိထင္ရွားရွိစဥ္ကာလေတြမွာ တကယ္လွဴဒါန္းႏိုင္မွ လွဴၾကဖို႔ ေျပာထားတာပါ။မိုမိုေလးခ်စ္ပရိသတ္ေတြလည္း အလွဴရွင္ေနာက္တစ္ဦး အျမန္ဆံုး ရွာေဖြေတြ႔ရွိဖို႔နဲ႔ ကစ္ကစ္ရဲ႕က်န္းမာေရး ေကာင္းမြန္လာဖို႔ ဆုေတာင္းစကားေလးေတြ ေျပာသြားခဲ့ၾကပါဦးေနာ္။Momolay

Unicode Version

ဇာတ်ကားတွေထဲမှာ မျက်နှာပြောင်ပြောင်နဲ့ စနောက်ပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ဖူးတဲ့ သရုပ်ဆောင် ကစ်ကစ်ကတော့ လက်ရှိမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သေမင်းကို အံတုပြီး အသက်ဆက်နေတဲ့ ကစ်ကစ်အတွက် ထာဝရအလှူရှင်တစ်ဦးက မလှူဒါန်းဖြစ်တော့တာကြောင့် အခက်အခဲဖြစ်နေတဲ့ ကစ်ကစ်အတွက် ခင်ရူပတို့ ဇနီးမောင်နှံက တစ်လ (၁)သိန်းနဲ့ ရာသက်ပန် ပေးလှူသွားမယ်လု့ိ သိရပါတယ်။အားနည်းတဲ့သူကို ကူညီတတ်တဲ့ ခင်ရူပတို့ ဇနီးမောင်နှံရဲ့အလှူကတော့ တကယ့်ကို ပီတိဖြစ်စရာကောင်းလှပါတယ်။

သရုပ်ဆောင် ကစ်ကစ်ကို ထာဝရအလှူရှင်တစ်ဦးအဖြစ် စောင့်ရှောက်နေတဲ့ ခင်ရူပကတော့ “မကစ်ရဲ့ ထာဝရ အလှူရှင် တစ်ဦးဖြစ်သူ သည် အကြောင်းကြောင်းအမျိုးမျိုးကြောင့် မလှူဒါန်းဖြစ်ပါသောကြောင့် အချိန်မှီ ထပ်မံ ရှာဖွေခဲ့ ရာမော်ဒယ် နှင့် သရုပ်ဆောင် ညီမလေး ခင်ရူပ တို့ ဇနီးမောင်နှံသည် မကစ် ကျောက်ကပ် ဆေးအလှူအတွက် လစဉ် ၁ လ (တစ်သိန်း) ပေးလှူရန် ရာသက်ပန် ဆုံးဖြတ်ချက်ချပြီးပေးလှူလိုက်တဲ့အတွက် အထူးကျေးဇူးတင် ဂုဏ်ပြုပါသည် ဒီထက်မကသော သာယာပျော်ရွှင်သော အိမ်ထောင်ရေး နှင့် ကြီးပွားတိုးတက်မှု အပေါင်းကို

ခံစား စံစားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် မကစ် အတွက် ထာဝရ အလှူရှင် စာရင်း အား ထပ်မံ ဖြည့်စွက် တင်ပြပေးလိုက်ပါသည် 1/ အကို သော်ဇင် Cote Gyi 2/ အကိုရဲထိုက် ဇနီးမောင်နှံ Ye Htike Kyaw 3/ ဒေါက်တာ ဖြိုးစည်သူ 4/ ခိုင်မွန်တို့ ဇနီးမောင်နှံ Khaing Mon 5/ အကိုတေဇာ Tayzar Aung Lwin 6/ကိုမောင်သန့် Maung Maung Thant 7/မမ စန်း San San Lwin 8/Rose Rose Khin MeeMee Win 9/Khin kyaw Khin Kyaw Zaw 10/ ခင်ရူပ Khin Yupa 11/ ခင်သဇင်

အရေးပေါ် ။ ။ အလှူရှင် ၁၂ ဦးရှာဖွေခဲ့ရာ နောက်ထပ်တစ်ဦးသည်လည်း ဆက်သွယ်ရျ် မရတော့ပါသောကြောင့် အရေးတကြီး လိုအပ်နေကြောင်း မျှဝေပါရစေရှင် (ထာဝရ အလှူရှင် ဖြစ်လိုသူများသည် မကစ် သက်ရှိထင်ရှား ရှိစဉ် ကာလ အထိ ၁ လ လျှင် ၁ သိန်းကျပ် လစဉ် မပျက်မကွက်ပေးလှူရမှာ ဖြစ်သည့် အတွက်

သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ သာလျှင် ထာဝရ အလှူရှင် အဖြစ် လှူဒါန်းရန် ဆုံးဖြတ်ပေးပါရန် အထူး မေတ္တာ ရပ်ခံ ပါရစေရှင် မဟုတ်ရင် လူနာ အတွက် အခက်အခဲလေးတွေ ဖြစ်လာလို့ပါ စေတနာ မေတ္တာအား အထူးလေးစား တန်ဖိုးထားလျှက်

ခင်သဇင် ” ဆိုပြီး အလှူရှင်တစ်ဦး ထပ်လိုနေတဲ့အကြောင်းနဲ့ ကစ်ကစ် သက်ရှိထင်ရှားရှိစဉ်ကာလတွေမှာ တကယ်လှူဒါန်းနိုင်မှ လှူကြဖို့ ပြောထားတာပါ။မိုမိုလေးချစ်ပရိသတ်တွေလည်း အလှူရှင်နောက်တစ်ဦး အမြန်ဆုံး ရှာဖွေတွေ့ရှိဖို့နဲ့ ကစ်ကစ်ရဲ့ကျန်းမာရေး ကောင်းမွန်လာဖို့ ဆုတောင်းစကားလေးတွေ ပြောသွားခဲ့ကြပါဦးနော်။Momolay

Be the first to comment

Leave a Reply

Your email address will not be published.


*