ပရိတ်သတ်တွေရဲ့ ရင်ခုန်သံကို မြန်ဆန်သွားစေမယ့် ရွှေအိမ်စည်ရဲ့ အလှ
ပရိတ်သတ်တွေရဲ့ ရင်ခုန်သံကို မြန်ဆန်သွားစေမယ့် ရွှေအိမ်စည်ရဲ့ အလှ 1
ပရိတ်သတ်တွေရဲ့ ရင်ခုန်သံကို မြန်ဆန်သွားစေမယ့် ရွှေအိမ်စည်ရဲ့ အလှ 2
ပရိတ်သတ်တွေရဲ့ ရင်ခုန်သံကို မြန်ဆန်သွားစေမယ့် ရွှေအိမ်စည်ရဲ့ အလှ 3
ပရိတ်သတ်တွေရဲ့ ရင်ခုန်သံကို မြန်ဆန်သွားစေမယ့် ရွှေအိမ်စည်ရဲ့ အလှ 4
ပရိတ်သတ်တွေရဲ့ ရင်ခုန်သံကို မြန်ဆန်သွားစေမယ့် ရွှေအိမ်စည်ရဲ့ အလှ 5
Unicode Version
မော်ဒယ်၊ သရုပ်ဆောင် ရွှေအိမ်စည်ကတော့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုပါ ရရှိထားသူ ဖြစ်ပါတယ်။ အလှမယ်တစ်ဦးအဖြစ် ပရိသတ်တွေနဲ့ရင်းနှီးမှု စတင်ရရှိခဲ့တဲ့ ရွှေအိမ်စည်က ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်လေးလည်း ဖြစ်ပါတယ်။ ရွှေအိမ်စည်က ကျစ်လျစ်သွယ်လျတဲ့ အမိုက်စား Body လေးကြောင့် မြင်သူတကာရဲ့ ငေးမောခြင်းခံနေရတာပဲ ဖြစ်ပါတယ်။
တစ်နေ့တစ်ခြား ပိုပိုပြီးအလှတွေတိုးလာတဲ့ အိမ်စည်တစ်ယောက် အခုရက်ပိုင်းမှာ သီချင်းဗီဒီယိုနဲ့ ကြော်ငြာလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေပါ ရိုက်ကူးနေရပါတယ်။ အိမ်စည်က အမြဲတမ်းယုံကြည်မှုအပြည့်နဲ့ လန်းနေတတ်သူလေးမို့ သူမရဲ့ဖက်ရှင်တွေကလည်း ဆန်းသစ်နေတာ ဖြစ်ပါတယ်။ အခုလည်း အိမ်စည်က ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ အမိုက်စားဖက်ရှင်လေးနဲ့ ပွဲတက်လာခဲ့ပါတယ်။
စွဲမက်ဖွယ်ကောင်းလောက်အောင် အရမ်းလှနေတဲ့ အိမ်စည်က ” အောင်သီရိ စိန်တိုက် ” ရဲ့ (၅) နှစ်ပြည့်ပွဲ အခမ်းအနားကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အိမ်စည်က ပုရိသတွေရဲ့ ရင်ခုန်သံတွေကို အတိုင်းမသိ မြန်ဆန်သွားအောင် ညို့အားပြင်းတဲ့ အလှတရားတွေနဲ့ ဖမ်းစားခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေအိမ်စည်ရဲ့ အမိုက်စားပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။Myanmarload