ဖခင္ရဲ႕ ေဆးဖိုးအတြက္ ဖခင္မသိေအာင္ Sexy Model လုပ္ျဖစ္တဲ့အေၾကာင္း ေျပာျပလာတဲ့ ဖူးပြင့္ခိုင္

ဆက္ဆီက်က် ပံုစံန႔ဲ အမိုက္စား ခႏၶာကိုယ္ေၾကာင့္ တခဏေလးအတြင္းမွာ ပရိသတ္ေတြ အမ်ားအျပားရရွိခဲ့တဲ့ ဆက္ဆီေမာ္ဒယ္ ဖူးပြင့္ခိုင္ တေယာက္ကေတာ့ သူ႔အေနနဲ႔ ဘာေၾကာင့္ ဒီလိုမ်ိဳး အေဖာ္အခြ်တ္ေမာ္ဒယ္ တေယာက္အျဖစ္ လုပ္ကိုင္ေနရလည္း ဆိုတာကိုေတာ့ ေျပာၾကားသြား ခဲ့ပါတယ္။ သူ႔အေနန႔ဲ မိသားစု အေျခအေနေၾကာင့္သာ ဒီလုိလုပ္ေနရတာလို႔ ေျဖၾကားခဲ့ျပီး ဘယ္သူကေတာ့ လုပ္ခ်င္မွာလည္းလို႔ ေျပာၾကားသြား ခဲ့ပါတယ္။

ဖခင္ရဲ႕ ေဆးဖိုးအတြက္ ဖခင္မသိေအာင္ Sexy Model လုပ္ျဖစ္တဲ့အေၾကာင္း ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 1

ဖူးပြင့္ခိုင္ကေတာ့ Sunday နဲ႔ အင္တာဗ်ဴးမွာေတာ့ ဆက္ဆီေမာ္ဒယ္အျဖစ္ ရပ္တည္ေနတာနဲ႔ ပတ္သက္ျပီး “အဲ့လိုပါပဲ။ ကိုယ္ကလည္း ဆက္ဆီေမာ္ဒယ္ဖက္မွာ အားသန္တယ္ေလ။ တဖက္တလွမ္းမွာလည္း မိဘေတြကို လုပ္ေကြ်းႏိုင္ေတာ့ေလ။ တျခားအလုပ္က်ေတာ့လည္း ကိုယ္ပံုစံနဲ႔ လုပ္လို႔မျဖစ္ဘူး။ အေဖကလည္း ေနမေကာင္းေတာ့ေလ။ ဘယ္သူကမ်ား ဆက္ဆီေမာ္ဒယ္လုပ္ျပီး အေဖာ္အခြ်တ္လုပ္ျပီး ရတဲ့ ပိုက္ဆံကို မိဘကို ေထာက္ပံ့ေပးႏိုင္ပါလား။

ဖခင္ရဲ႕ ေဆးဖိုးအတြက္ ဖခင္မသိေအာင္ Sexy Model လုပ္ျဖစ္တဲ့အေၾကာင္း ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 2

ကိုယ္လည္း သူမ်ားေတြလို အဆင္ေျပခ်င္တယ္။ ကိုယ္က ပညာေရးဖက္မွာလည္း အားနည္းေတာ့ ကိုယ္မလုပ္ခ်င္လည္း လုပ္ေနရတယ္။ အေဖအတြက့္လည္း ရွာေပးရတယ္။ အဓိကကေတာ့ အေဖအတြက္ေပါ့ ေဆးဖိုးေတြေပါ့။ အေဖကေတာ့ မသိဘူးေပါ့။ ဒီလိုမ်ိဳး ရွာေကြ်းေနတာက တခ်ိန္က်ရင္ေတာ့ ဆက္ဆီေမာ္ဒယ္အလုပ္ကလဲြျပီး တျခားဟာေတြ လုပ္ႏိုင္ေအာင္ေတာ့ ၾကိဳးစားေနပါတယ္”

ဖခင္ရဲ႕ ေဆးဖိုးအတြက္ ဖခင္မသိေအာင္ Sexy Model လုပ္ျဖစ္တဲ့အေၾကာင္း ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 3

“ေဝဖန္မႈေတြကိုလည္း ညီမ လက္ခံတယ္။ မေကာင္းဘူးလို႔ ေျပာတဲ့သူေတြမ်ားမွ ညီမဘာလိုလည္းဆိုတာ ျပင္ႏိုင္မွာေပါ့။ ဘယ္ေလာက္ပဲ ေျပာပါေစ မေကာင္းတဲ့ဟာေတြမ်ားလာေတာ့ ေခါင္းထဲမထည့္ေတာ့ပါဘူး။ ဒီေခတ္ၾကီးထဲမွာေတာ့ ဆက္ဆီေမာ္ဒယ္ေတြက ေတာ္ေတာ္မ်ားပါတယ္။ ညီမကေတာ့ ဆက္ဆီေမာ္ဒယ္ တေယာက္အေနနဲ႔ ဆက္ျပီးေတာ့ လုပ္သြားမွာပါ”

ဖခင္ရဲ႕ ေဆးဖိုးအတြက္ ဖခင္မသိေအာင္ Sexy Model လုပ္ျဖစ္တဲ့အေၾကာင္း ေျပာျပလာတဲ့ ဖူးပြင့္ခိုင္ 4

လက္ရွိအခ်စ္ေရးနဲ႔ ပတ္သက္ျပီး ပရိသတ္ေတြ ထင္ေနၾကတဲ့အေပၚမွာေတာ့ “အဲ့ဒါကေတာ့ ေကာလဟာလေပါ့။ အဲ့လိုေျပာလိုက္ရင္လည္း လိမ္တာ ျဖစ္ဦးမယ္။ သူနဲ႔ကေတာ့ ရည္းစားပံုစံ မဟုတ္ပါဘူး။ သူကလည္း သူ႔လမ္းသူ ေလွ်ာက္တယ္။ ကုိယ္ကလည္း ကိုယ့္လမ္းကိုယ္ ေလွ်ာက္တယ္။ ဘာမွ ျပသာနာမရွိပါဘူး။ အခ်စ္ေရးနဲ႔ ပတ္သက္ရင္ေတာ့ ညီမက အရမ္းခ်စ္တတ္တယ္။ သစၥာကလည္း ရွိတယ္။ ကိုယ့္ကို ဦးေဆာင္ေပးတဲ့ ေယာက်ာ္းေလးကိုပဲ တန္ဖိုးထားပါတယ္” ဟုေျပာၾကားသြား ခဲ့ပါတယ္။Nanmalgyi

Unicode Version

ဆက်ဆီကျကျ ပုံစံနဲ့ အမိုက်စား ခန္ဓာကိုယ်ကြောင့် တခဏလေးအတွင်းမှာ ပရိသတ်တွေ အများအပြားရရှိခဲ့တဲ့ ဆက်ဆီမော်ဒယ် ဖူးပွင့်ခိုင် တယောက်ကတော့ သူ့အနေနဲ့ ဘာကြောင့် ဒီလိုမျိုး အဖော်အချွတ်မော်ဒယ် တယောက်အဖြစ် လုပ်ကိုင်နေရလည်း ဆိုတာကိုတော့ ပြောကြားသွား ခဲ့ပါတယ်။ သူ့အနေနဲ့ မိသားစု အခြေအနေကြောင့်သာ ဒီလိုလုပ်နေရတာလို့ ဖြေကြားခဲ့ပြီး ဘယ်သူကတော့ လုပ်ချင်မှာလည်းလို့ ပြောကြားသွား ခဲ့ပါတယ်။

ဖူးပွင့်ခိုင်ကတော့ Sunday နဲ့ အင်တာဗျူးမှာတော့ ဆက်ဆီမော်ဒယ်အဖြစ် ရပ်တည်နေတာနဲ့ ပတ်သက်ပြီး “အဲ့လိုပါပဲ။ ကိုယ်ကလည်း ဆက်ဆီမော်ဒယ်ဖက်မှာ အားသန်တယ်လေ။ တဖက်တလှမ်းမှာလည်း မိဘတွေကို လုပ်ကျွေးနိုင်တော့လေ။ တခြားအလုပ်ကျတော့လည်း ကိုယ်ပုံစံနဲ့ လုပ်လို့မဖြစ်ဘူး။ အဖေကလည်း နေမကောင်းတော့လေ။ ဘယ်သူကများ ဆက်ဆီမော်ဒယ်လုပ်ပြီး အဖော်အချွတ်လုပ်ပြီး ရတဲ့ ပိုက်ဆံကို မိဘကို ထောက်ပံ့ပေးနိုင်ပါလား။

ကိုယ်လည်း သူများတွေလို အဆင်ပြေချင်တယ်။ ကိုယ်က ပညာရေးဖက်မှာလည်း အားနည်းတော့ ကိုယ်မလုပ်ချင်လည်း လုပ်နေရတယ်။ အဖေအတွက့်လည်း ရှာပေးရတယ်။ အဓိကကတော့ အဖေအတွက်ပေါ့ ဆေးဖိုးတွေပေါ့။ အဖေကတော့ မသိဘူးပေါ့။ ဒီလိုမျိုး ရှာကျွေးနေတာက တချိန်ကျရင်တော့ ဆက်ဆီမော်ဒယ်အလုပ်ကလွဲပြီး တခြားဟာတွေ လုပ်နိုင်အောင်တော့ ကြိုးစားနေပါတယ်”

“ဝေဖန်မှုတွေကိုလည်း ညီမ လက်ခံတယ်။ မကောင်းဘူးလို့ ပြောတဲ့သူတွေများမှ ညီမဘာလိုလည်းဆိုတာ ပြင်နိုင်မှာပေါ့။ ဘယ်လောက်ပဲ ပြောပါစေ မကောင်းတဲ့ဟာတွေများလာတော့ ခေါင်းထဲမထည့်တော့ပါဘူး။ ဒီခေတ်ကြီးထဲမှာတော့ ဆက်ဆီမော်ဒယ်တွေက တော်တော်များပါတယ်။ ညီမကတော့ ဆက်ဆီမော်ဒယ် တယောက်အနေနဲ့ ဆက်ပြီးတော့ လုပ်သွားမှာပါ”

လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ထင်နေကြတဲ့အပေါ်မှာတော့ “အဲ့ဒါကတော့ ကောလဟာလပေါ့။ အဲ့လိုပြောလိုက်ရင်လည်း လိမ်တာ ဖြစ်ဦးမယ်။ သူနဲ့ကတော့ ရည်းစားပုံစံ မဟုတ်ပါဘူး။ သူကလည်း သူ့လမ်းသူ လျှောက်တယ်။ ကိုယ်ကလည်း ကိုယ့်လမ်းကိုယ် လျှောက်တယ်။ ဘာမှ ပြသာနာမရှိပါဘူး။ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ ညီမက အရမ်းချစ်တတ်တယ်။ သစ္စာကလည်း ရှိတယ်။ ကိုယ့်ကို ဦးဆောင်ပေးတဲ့ ယောကျာ်းလေးကိုပဲ တန်ဖိုးထားပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။Nanmalgyi