ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဘာကြောင့်ပြုတ်ကျ သေဆုံးရတာလဲ

ဆိုင်ကယ်လိုက်ပါစီးလာရာ ထီးဖွင့်ဆောင်းရာမှပြုတ်ကျ ဒဏ်ရာရရှိပြီး ဆေးကုသနေစဉ်သေဆုံး

ဇွန်(၁၄)
ရွှေမောင်မောင်(မိတ္တီလာ)

မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့ကန်ကူးတံတား
မိတ္တီလာ-ကျောက်ပန်းတောင်းလမ်းတွင်ဆိုင်ကယ်မောင်းနှင်လာရာ နောက်မှလိုက်ပါလာသူမှမိုးရွာ၍ ထီးဖွင့်ဆောင်းရာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီးထိခိုက်ဒဏ်ရာရရှိသဖြင့်ဆေးရုံတွင်ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်းစုံစမ်းသိရသည်။

ဇွန်(၁၄)ရက်နေ့နံက်(၇း၄၀)အချိန်ခန့်မိတ္တီလာ
မြို့မရဲစခန်းဒုရဲအုပ်စိုးမိုးကျော်မှ တာဝန်မှူးဆောင်ရွက်နေစဉ် မိတ္တီလာ-ကျောက်ပန်းတောင်လမ်း ကန်ကူးတံတားပေါ်တွင် ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးကြည့်ရှု့ရာမိတ္တီလာကျောက်ပန်းတောင်းလမ်း
အနောက်မှ အရှေ့သို့ဆိုင်ကယ်ယာဉ်အမှတ်၅၇ယ/ ××××× SCOPYI အနက်ရောင်အားမိတ္တီလာမြို့နန်းတော်ကုန်းရပ်ကွက်နေ

ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဘာကြောင့်ပြုတ်ကျ သေဆုံးရတာလဲ 1
မနှင်းနုဝေမှမောင်းနှင်ပြီး အလယ်၌တစ်ရပ်ည်းနေ
မစုပြည့်သာ(၂၂)နှစ် ဝိန့်စိန်ရွှေဆိုင် အရောင်းစာရေးလိုက်ပါကာ နောက်ဆုံးတွင် ဒေါ်ခင်သန်းနု(၅၉)နှစ် စက်ချုပ်လုပ်ကိုင်သူတို့ လိုက်ပါစီးလာစဉ် မိုင်တိုင်အမှတ်(၀/၁)နှင့်(၀/၂)ကြားအရောက် နောက်မှလိုက်ပါလာသူဒေါ်ခင်သန်းနုမှမိုးရွာလာ၍ထီးဖွင့်ဆောင်းရာ

ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဘာကြောင့်ပြုတ်ကျ သေဆုံးရတာလဲ 2
ဆိုင်ကယ်အရှိန်ဖြင့် ထီးနောက်သို့လန်သွားရာမှ ဒေါ်ခင်သန်းနုမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျပြီး ဆိုင်ကယ်လဲကျသဖြင့်အလယ်တွင် လိုက်ပါစီးလာသူ မစုပြည့်သာတွင် ဒဏ်ရာမရရှိသော်လည်းဆိုင်ကယ်
မောင်းနှင်သူမနှင်းနုဝေတွင်နံရိုးအောင့်ဒဏ်ရာရရှိပြီးနောက်မှ စီးသူ ဒေါ်ခင်သန်းနုမှာ ဦးခေါင်းနှင့်ကတ္တရာလမ်းရိုက်မိကာ ဦးခေါင်းနောက်စေ့ဖူးရောင်ဝဲမျက် ခုံးပွန်းပဲ့ဒဏ်ရာများရရှိသဖြင့် မိတ္တီလာပြည်သူဆေးရုံသို့ ပို့ဆောင်ပြီးပြင်ပလူနာဌာနတွင် ဆေးကုသ နေစဉ်ရရှိသော ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းစစ်ဆေးတွေ့ရှိချက်များ အရသိရသည်။

ဖြစ်စဉ်အရဆိုင်ကယ်ယာဉ်အားလူအသက်သေဆုံးဒဏ်ရာရသည် အထိ မဆင်မခြင်မောင်းနှင်ခဲ့သူ မနှင်းနုဝေ(၂၄)နှစ်(ဘ)ဦးအောင်မြင့် စက်ချုပ် နန်းတော်ကုန်းရပ်ကွက် မိတ္တီလာမြို့နေသူအား အရေးယူ ပေးရန် ဒုရဲအုပ်စိုးမိုးကျော်၏တိုင်တန်းချက်အရမြို့မရဲစခန်း ယာဉ်(ပ)၂၄/၂၀၂၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈ ဖြင့်အမှုဖွင့် အရေးယူပြီးစစ် ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။