ပုသိမ္ၾကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးတစ္ဦး ေနအိမ္အတြင္း ဦးေခါင္းေသနတ္ဒဏ္ရာျဖင့္ေသဆံုးေန

ပုသိမ္ႀကီး ၊ ဇြန္ -၁၂

မႏၲေလးခရိုင္ ပုသိမ္ၾကီးျမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး မ်ိဳးညြန္႕သန္းသည္ ယေန႔ (ဇြန္၁၂ရက္) နံနက္ပိုင္းက ေနအိမ္အတြင္း ဦးေခါင္းေသနတ္မွန္ဒဏ္ရာျဖင့္ ေသဆံုးခဲ႔ေၾကာင္း သက္ဆိုင္ရာရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ပုသိမ္ၾကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးတစ္ဦး ေနအိမ္အတြင္း ဦးေခါင္းေသနတ္ဒဏ္ရာျဖင့္ေသဆံုးေန 1

ရဲမွဴးမ်ိဳးၫြန္႔သန္းသည္ ပုသိမ္ႀကီးၿမိဳ႔နယ္အတြင္း လတ္တေလာျဖစ္ပြားေနေသာ ေအာင္သေျပေက်းရြာအနီး တည္ေဆာက္ေနသည့္ အယ္လ္ဖာဘိလပ္ေျမစက္ရံုစီမံကိန္း ကန္႔ကြက္ဆႏၵျပမူျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ အဓိက ကိုင္တြယ္ထိန္သိမ္းေနရသူျဖစ္သည္။

ယေန႔နံနက္(၂)နာရီဝန္းက်င္က ရဲမွဴးမ်ိဳးညြန္႔သန္းသည္ ပုသိမ္ၾကီးျမိဳ႕မရဲစခန္းအတြင္းရွိ ၄င္း၏ ေနအိမ္၌ ၄င္းကိုင္ေဆာင္အသံုးျပဳသည့္ ေသနတ္ျဖင့္ ပါးစပ္မွေတ့ပစ္ကာ ဦးေခါင္းေနာက္ေစ့ေပါက္ထြက္ ဒဏ္ရာျဖင့္ ေသဆံုးခဲ႔ျခင္းျဖစ္သည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပသည္။

ပုသိမ္ၾကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးတစ္ဦး ေနအိမ္အတြင္း ဦးေခါင္းေသနတ္ဒဏ္ရာျဖင့္ေသဆံုးေန 2

အထက္ တာ၀န္ရွိသူထံ ဖုန္းဆက္သတင္းပို႔ျခင္းမရွိသျဖင့္ ရဲတပ္ဖြဲ႔၀င္အခ်ိဳ႕ ရဲမွဴးမ်ိဳးၫြန္႔သန္း၏ ေနအိမ္သို႔ သြားေရာက္ၾကည့္ရွဳ႔ရာ တံခါးပိတ္ထားလွ်က္ေတြ႕ၿပီး တံခါးဖြ႕ၾကည့္ရာတြင္ ေနအိမ္အိပ္ခန္းအတြင္းရွိ ကုတင္ေျခရင္းတြင္ ဦေခါင္းေသြးထြက္ဒဏ္ရာျဖင့္ ယာလက္တြ ေသနတ္ကိုင္ထားလွ်က္ လဲက်ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့ျချဖစ္သည္ဟု ဆိုသည္။

ရဲမွဴးမ်ိဳးညြန္႕သန္းတြင္ ပိုလီယိုေရာဂါသည္ သမီးတစ္ဦးအပါအ၀င္ ဇနီးႏွင့္သားသမီး(၂)ဦး က်န္ရစ္သည္။

ပုသိမ္ၾကီးျမိဳ႕မ ရဲစခန္းသည္ ေအာင္သေျပေက်းရြာအနီး တည္ေဆာက္မည့္ ဘိလပ္ေျမစက္ရံုစီမံကိန္း ကန္႔ကြက္ဆႏၵျပမူျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ အဓိကကိုင္တြယ္ေနရသည့္ ရဲစခန္းျဖစ္သည္။ ဇြန္(၅)ရက္က ေအာင္သေျပေက်းရြာသားတစ္ဦး ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရျပီး (၃)ရက္အတြင္း အိုးဘိုေထာင္ေဆးရံု၌ ေသဆံုးခဲ႔မူ ျဖစ္စဥ္တြင္လည္း အဆိုပါ ေအာင္သေျပရြာသားကို ပုသိမ္ၾကီးျမိဳ႕နယ္ ရဲစခန္းမွ ဇြန္(၂)ရက္တြင္ ဖမ္းဆီးခဲ႔ျခင္းျဖစ္သည္။

ပုသိမ္ၾကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးတစ္ဦး ေနအိမ္အတြင္း ဦးေခါင္းေသနတ္ဒဏ္ရာျဖင့္ေသဆံုးေန 3

ေထာင္တြင္း ေသဆံုးခဲ႔သည့္ ေအာင္သေျပေက်းရြာသားမွာ အရက္ေၾကာင္ေသဆံုးျခင္းျဖစ္ေၾကာင္း ေထာင္အာဏာပိုင္ႏွင့္ ရဲတပ္ဖြဲ႕ဘက္က ထုတ္ေဖာ္ေျပာဆိုထားျပီး ေသဆံုးသူ၏ မိသားစုဝင္မ်ားကမူ အေလာင္းတြင္ ျပတ္ရွဒဏ္ရာမ်ား ေသြးထြက္ဒဏ္ရာမ်ား ေတြ႔ရွိသည္ဟု ဆိုသည္။

ထိုသို႔ အခ်ဳပ္က်ေနသူ ေထာင္အတြင္း ေသဆံုးခဲ႔မူႏွင့္ပတ္သက္၍ အက်ဥ္းဦးစီးဌာနက အျဖစ္မွန္ေပၚေပါက္ေရး အဖြဲ႕ဖြဲ႕ကာ စံုစမ္းစစ္ေဆးေနေၾကာင္း ထုတ္ျပန္ထားသည္။ အမ္တီ

 

Unicode Version ျဖင့္ဖတ္ရန္

 

ပုသိမ်ကြီး ၊ ဇွန် -၁၂

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွန့်သန်းသည် ယနေ့ (ဇွန်၁၂ရက်) နံနက်ပိုင်းက နေအိမ်အတွင်း ဦးခေါင်းသေနတ်မှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရဲမှူးမျိုးညွန့်သန်းသည် ပုသိမ်ကြီးမြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေသော အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမူဖြစ်စဉ်များနှင့်ပတ်သက်၍ အဓိက ကိုင်တွယ်ထိန်သိမ်းနေရသူဖြစ်သည်။

ယနေ့နံနက်(၂)နာရီဝန်းကျင်က ရဲမှူးမျိုးညွန့်သန်းသည် ပုသိမ်ကြီးမြို့မရဲစခန်းအတွင်းရှိ ၄င်း၏ နေအိမ်၌ ၄င်းကိုင်ဆောင်အသုံးပြုသည့် သေနတ်ဖြင့် ပါးစပ်မှတေ့ပစ်ကာ ဦးခေါင်းနောက်စေ့ပေါက်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အထက် တာဝန်ရှိသူထံ ဖုန်းဆက်သတင်းပို့ခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့ဝင်အချို့ ရဲမှူးမျိုးညွန့်သန်း၏ နေအိမ်သို့ သွားရောက်ကြည့်ရှု့ရာ တံခါးပိတ်ထားလျှက်တွေ့ပြီး တံခါးဖွ့ကြည့်ရာတွင် နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်ခြေရင်းတွင် ဦခေါင်းသွေးထွက်ဒဏ်ရာဖြင့် ယာလက်တွ သေနတ်ကိုင်ထားလျှက် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြဖြစ်သည်ဟု ဆိုသည်။

ရဲမှူးမျိုးညွန့်သန်းတွင် ပိုလီယိုရောဂါသည် သမီးတစ်ဦးအပါအဝင် ဇနီးနှင့်သားသမီး(၂)ဦး ကျန်ရစ်သည်။

ပုသိမ်ကြီးမြို့မ ရဲစခန်းသည် အောင်သပြေကျေးရွာအနီး တည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမူဖြစ်စဉ်များနှင့်ပတ်သက်၍ အဓိကကိုင်တွယ်နေရသည့် ရဲစခန်းဖြစ်သည်။ ဇွန်(၅)ရက်က အောင်သပြေကျေးရွာသားတစ်ဦး ဖမ်းဆီးချုပ်နှောင်ခံရပြီး (၃)ရက်အတွင်း အိုးဘိုထောင်ဆေးရုံ၌ သေဆုံးခဲ့မူ ဖြစ်စဉ်တွင်လည်း အဆိုပါ အောင်သပြေရွာသားကို ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှ ဇွန်(၂)ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထောင်တွင်း သေဆုံးခဲ့သည့် အောင်သပြေကျေးရွာသားမှာ အရက်ကြောင်သေဆုံးခြင်းဖြစ်ကြောင်း ထောင်အာဏာပိုင်နှင့် ရဲတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုထားပြီး သေဆုံးသူ၏ မိသားစုဝင်များကမူ အလောင်းတွင် ပြတ်ရှဒဏ်ရာများ သွေးထွက်ဒဏ်ရာများ တွေ့ရှိသည်ဟု ဆိုသည်။

ထိုသို့ အချုပ်ကျနေသူ ထောင်အတွင်း သေဆုံးခဲ့မူနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနက အဖြစ်မှန်ပေါ်ပေါက်ရေး အဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားသည်။ အမ်တီ။

Be the first to comment

Leave a Reply

Your email address will not be published.


*