အသက္ေဘးက လြတ္ေျမာက္ေစတဲ့ သမၺဳေဒၶဂါထာေတာ္အစြမ္း (လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀ ေက်ာ္က ျဖစ္ရပ္မွန္)

အသက္ေဘးက လြတ္ေျမာက္ေစတဲ့ သမၺဳေဒၶဂါထာေတာ္အစြမ္း (လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀ ေက်ာ္က ျဖစ္ရပ္မွန္)

အခ်ိန္မွာ မြန္းလြဲသုံးနာရီခန႔္ အခ်ိန္ျဖစ္ေပသည္။

တိတိက်က်ဆိုရလွ်င္ ၁၉၇၇ ခုႏွစ္၊ ဇြန္လ ၁၅ ရက္၊ မြန္းလြဲ သုံးနာရီခန႔္ အခ်ိန္ျဖစ္ေပသည္။ စစ္ေတြၿမိဳ႕ရွိ ရခိုင္ျပည္နယ္ တရား႐ုံးတြင္ ႐ုံးကိစၥမ်ား ေဆာင္ ႐ြက္ၿပီးေနာက္ ကြၽန္ေတာ္သည္ မိမိ တာဝန္ထမ္းေဆာင္ရာ

ေပါက္ေတာၿမိဳ႕သို႔ ျပန္ရန္ အတြက္ ျပည္နယ္တရား႐ုံးမွ ေမာ္ေတာ္ဘုတ္ ဆိပ္ကမ္းရွိရာ ဆပ္႐ိုးက်ေခ်ာင္းဘက္သို႔ ဆိုက္ကားျဖင့္ လာခဲ့သည္။ လမ္းတြင္ပင္ မိုးသည္ တဖြဲဖြဲ႐ြာစျပဳေနၿပီျဖစ္သည္။

ဆပ္႐ိုးက်ေခ်ာင္းရွိ ဘုတ္ဆိပ္ (ေမာ္ေတာ္ဘုတ္ဆိပ္ကမ္း)သို႔ ေရာက္လာေသာအခါ မိုးသာမက ေလျပင္းတိုက္စျပဳေလၿပီ။ မိုးဦးေလဦးမို႔ မိုးလည္းသည္း၍ ေလလည္း ထန္တတ္ပါသည္။ တစ္နာရီ မိုင္ ၄၀ ႏႈန္းဟူသည္ ဘဂၤလားပင္လယ္ေအာ္ႏွင့္ ကပ္လ်က္ရွိေသာ စစ္ေတြၿမိဳ႕အဖို႔ တိုက္ ႐ိုးတိုက္စဥ္ပင္။

ကြၽန္ေတာ္သည္ မိုးလည္း႐ြာ၊ ေလလည္း တိုက္ေနသည့္ၾကားမွပင္ ေပါက္ေတာၿမိဳ႕သို႔ ထြက္ခြာမည့္ စန္းစန္း ဘုတ္ေပၚသို႔ တက္ေရာက္ခဲ့ပါသည္။ စန္း စန္းဘုတ္ ဟူသည္မွာ စန္းစန္းဟုေခၚ ေသာ ေမာ္ေတာ္ဘုတ္၏ အမည္ျဖစ္ သည္။

စစ္ေတြႏွင့္ ေပါက္ေတာအၾကား ေန႔တိုင္းေျပးဆြဲေနေသာ ေမာ္ေတာ္ဘုတ္ ျဖစ္ပါသည္။ ေမာ္ေတာ္ဘုတ္မွာ ေပါက္ ေတာသို႔ လိုက္ပါ မည့္ ခရီးသည္အျပည့္ ႏွင့္ ျဖစ္ေနေတာ့သည္။

စန္းစန္းဘုတ္သည္ မိုးေလးတဖြဲ ဖြဲအၾကားတြင္ ဆပ္႐ိုးက်ေခ်ာင္းအတြင္း စတင္ခုတ္ေမာင္း လ်က္ရွိသည္။ မိနစ္ ၂၀ ၾကာ ေသာအခါ ဆပ္႐ိုးက် ေခ်ာင္းမွ ထြက္ခြာေတာ့သည္။

ဆပ္႐ိုးက်ေခ်ာင္း မွထြက္ခြာသည္ႏွင့္ ေလးၿမိဳ႕ၿမိဳ႕ဝႏွင့္ ဘဂၤလား ပင္လယ္ေအာ္ဆုံရာသို႔ ေရာက္ ရွိေတာ့သည္။ မိုးလည္း သည္းလာ၍ ေလတိုက္ႏႈန္းသည္ ျပင္းထန္လာသည္။

ဘဂၤလားပင္လယ္ေအာ္ျဖစ္၍ လႈိင္းေလလည္း ႀကီးလာၿပီး ပတ္ဝန္း က်င္တစ္ဝိုက္ မွာလည္း မိုးသားတိမ္တိုက္မ်ားျဖင့္ မည္းေမွာင္လ်က္ရွိေတာ့သည္။ မနီးမေဝးရွိ ဖ႐ုံကာကြၽန္းစုမ်ား (ေျမငူကြၽန္းမ်ား)ကိုပင္

မျမင္ရေတာ့။ ေလရွင္းေတာင္ မီးျပတိုက္ ဟူသည္ မည္သည့္ေနရာသို႔ ေရာက္ေနသည္ကို မသိ။ တစ္သက္လုံး ရန္ကုန္တြင္ ေနထိုင္ ႀကီးျပင္းခဲ့ရေသာ ကြၽန္ေတာ့္အဖို႔ ဘဂၤလားပင္လယ္ေအာ္တြင္ စန္းစန္းဘုတ္ကို စီးၿပီး မုန္တိုင္းႏွင့္ ႀကဳံေတြ႕ေနရေခ် ၿပီတကား။

စက္ဆရာသည္ ေမာ္ေတာ္ဘုတ္ကို ေမာင္းႏွင္ေနေသာ္လည္း ေမာ္ေတာ္ဘုတ္ သည္ ေ႐ြ႕လ်ားေနသည္ဟု မထင္ရေပ။ မိုးသည္း၍ ေလထန္ေနေသာ အေျခအေနတြင္ သဘာဝအတိုင္း လႈိင္းက တိုက္ခတ္လာေတာ့သည္။ ေမာ္ေတာ္ဘုတ္မွာ လႈိင္းဒဏ္၊ ေလဒဏ္၊ မိုးဒဏ္တို႔အၾကား အလူးအလွိမ့္ခံေနရသည္။

လႈိင္းလုံးေရာက္လာေသာအခါ ေမာ္ေတာ္ဘုတ္ကို ေျမႇာက္၍ ပစ္တင္လိုက္သလို ျဖစ္သြားၿပီး လႈိင္းလုံးလြန္သြားေသာ အခါ ေမာ္ေတာ္ဘုတ္ကို ေအာက္သို႔ျပန္၍ ပစ္ခ်လိုက္သကဲ့သို႔ ျဖစ္ကာ ကြၽန္ေတာ့္အဖို႔ ရင္ထဲတြင္ ေအးခနဲ၊ စိမ့္ခနဲ ျဖစ္သြား ေတာ့သည္။

တစ္ခါတစ္ရံ ေလွႏွစ္ဖက္လုံးမွ တျဖန္းျဖန္းျဖင့္ လႈိင္း႐ိုက္ပုတ္သံသည္ သစ္သားျဖင့္ျပဳလုပ္ထားေသာ ေမာ္ေတာ္ ဘုတ္အား ႏွစ္ျခမ္း ကြဲသြားေစေတာ့ မည္ လားဟုေတြးထင္ရသည္။ ေလွအလယ္မွ ေပါက္ၿပီး ဒယ္အိုးနစ္မ်ား နစ္သြားေလ မည္လား ဟု လည္း စိုးရိမ္ေနမိေတာ့သည္။

ဤကဲ့သို႔ မိုးသဲသဲမဲမဲ႐ြာေနစဥ္ ေမာ္ေတာ္ဘုတ္၏ တစ္ဖက္တစ္ခ်က္တြင္ ရွိေသာ မိုးေရကာ ဖ်င္မ်ားကို လိပ္တင္ ထားၾက သည္။ မိုးေရကာဖ်င္ကို လိပ္ထား ေသာေၾကာင့္ ေလွႏွင့္ခရီးသည္မ်ား

ေရစို သည္ထက္ မိုးေရကာဖ်င္ကို ခ်ထားပါက တိုက္ေနေသာေလကို တြန္းထားသလို ျဖစ္ၿပီး ေလဒဏ္ျဖင့္ ေလွေမွာက္ႏိုင္ေသာ ေၾကာင့္ ျဖစ္သည္။

ထိုအခါ ခရီးသည္မ်ားမွာ မိုးေရ အစိုမခံခ်င္ၾကသျဖင့္ ေလတိုက္ေသာ ဘက္မွ အျခားတစ္ဖက္သို႔ စုၿပဳံၿပီး ေ႐ႊ႕ေျပာင္း ေနရာယူ ၾကျပန္သည္။ ထိုအခါ ေလွသည္ လူမ်ား စုၿပဳံေနရာယူသည္

ဘက္သို႔ ေစာင္းသြားၿပီး ေမွာက္ေတာ့ မည္ကဲ့သို႔ ျဖစ္ေနေတာ့သည္။ ယင္း အေျခအေနမ်ိဳးတြင္ တစ္ဖက္မွ ေလသည္ ပို၍ ျပင္းျပင္းထန္ထန္ တိုက္လိုက္မည္ ဆိုပါက ေလွသည္ မုခ်ေမွာက္မွာျဖစ္ သည္။ ကြၽန္ေတာ္အပါအဝင္ ခရီးသည္ မ်ား၏ ကံၾကမၼာကား မေတြးရဲေအာင္ပင္။

ပင္လယ္ကို ကြၽမ္းလွေအာင္ ရခိုင္သား ပဲ့နင္းသည္ပင္ မ်က္လုံးျပဴးလ်က္ ရွိသည္။ ခရီးသည္မ်ားကို ေရစိုခံၿပီး ေလွ၏ ႏွစ္ဖက္မွ်၍ ေနရာယူၾကရန္ ျမည္တြန္ ေတာက္တီး ေျပာဆိုလ်က္ရွိသည္။

ငါေတာ့ မကယ္ႏိုင္ဘူး ဟုလည္းေျပာဆိုလ်က္ ရွိရာ ေရမကူး တတ္ေသာ ကြၽန္ေတာ့္မွာ အသက္ကို မည္သည့္ေနရာတြင္ ထားရမွန္းပင္ မသိေတာ့ေပ။ ခရီးသည္ ရခိုင္သား အဘိုးႀကီးတစ္ဦး

ကမူ ျပန္လွည့္ျပန္လွည့္ မျဖစ္ပါ မျဖစ္ပါဟု ရခိုင္သံ ဝဲဝဲျဖင့္ ေျပာဆိုလ်က္ရွိသည္။ အမယ္အိုမ်ား၊ အမ်ိဳး သမီးငယ္မ်ားကလည္း ဘုရား ဘုရားျဖင့္ ဘုရားတ လ်က္ရွိၾကေတာ့သည္။

ကြၽန္ေတာ္သည္ ယခင္က မုန္တိုင္းမိၿပီး သေဘၤာပ်က္၍ ခရီးသည္မ်ားဒုကၡ ေရာက္ၾကရေသာ အျဖစ္အပ်က္၊ ဇာတ္လမ္း မ်ား ကို ဖတ္ခဲ့ဖူးပါသည္။ ယခုေတာ့ ကိုယ္ေတြ႕ႀကဳံရေပၿပီ။

ေသေဘးကို ေတြ႕ ေနရေပၿပီ။ ေသရေတာ့မည္ေလာ၊ ေနရဦး မည္ ေလာ ဟူသည္မွာ မိနစ္ပိုင္းအတြင္း အဆုံးအျဖတ္ ခံယူရေပေတာ့မည္။

ေသဒဏ္ စီရင္ခ်က္အမိန႔္အား ဖတ္ၾကားေနသည္ကို နားေထာင္ေနရေသာ တရားခံ ၏ ဘဝႏွင့္ ကြၽန္ေတာ္၏ ဘဝကား တူလွဘိေတာ့ သည္။ ေဒသခံတိုင္းရင္းသား ခရီးသည္မ်ား ကိုယ္ တိုင္က

ေၾကာက္စရာေဘးအျဖစ္ ထိတ္လန႔္ေၾကာက္ ႐ြံ႕ေနေသာ၊ ဘုရားတေနေသာ အမူအရာမ်ားကို ျပသလ်က္ရွိရာ ကြၽန္ေတာ့္အဖို႔ အမွန္တကယ္ ေသ ရေတာ့မည့္သူ၊ ေသဒဏ္စီရင္ခ်က္ အမိန႔္ကို ကိုယ္ တိုင္နာခံေနရသူ (တရားခံ) သဖြယ္ ခံစားေနရေတာ့ သည္။

ထိုအခါမွ ကြၽန္ေတာ္သည္ ဟိုအေဝးတစ္ ေနရာတြင္ရွိၾကေသာ မိဘႏွစ္ပါးကို သတိရလာ သည္။ ရန္ကုန္တြင္ရွိၾကေသာ ဇနီးႏွင့္ သားသမီး မ်ားကိုလည္း သတိရလာသည္။ ေသခါနီးမွ မိဘ ႏွင့္ဇနီး၊

သားသမီးမ်ားကို လြမ္းေနမိေတာ့သည္။ မိဘမ်ားကို သတိရျခင္းကား ျမင္းမိုရ္ေတာင္ဦး မကက်ဴးသည့္ ေက်းဇူးႀကီးလွ မိႏွင့္ဖ တို႔ျဖစ္ေသာ ေၾကာင့္။ ဇနီးႏွင့္ သားသမီးတို႔ကို သတိရလာျခင္

း ကား သံေယာဇဥ္တည္းဟူေသာ အပူမီးေၾကာင့္။ မ်ားမ်ားခ်စ္ေလ မ်ားမ်ားဒုကၡႀကီးမားေလ ဟူေသာ တရားေတာ္၏ အဆုံးအမသည္ ေျပာမယုံ၊ ႀကဳံ မွသိ ျဖစ္ရေခ်ၿပီ။

မိဘကို သတိရလိုက္၊ ဇနီးႏွင့္ သား သမီးမ်ားကို သတိရလိုက္ျဖင့္ ေသခါနီးျဖစ္ေသာ ကြၽန္ေတာ္၏ လႈပ္ရွားေနေသာ စိတ္တို႔သည္ ေဆာက္တည္ရာမရ ျဖစ္လ်က္ရွိေခ်ၿပီ။ ကြၽန္ေတာ္ ၏ လစာကို ေမွ်ာ္ေနၾကေသာ ဇနီးႏွင့္သမီး၊ သား တို႔သည္ လစာအစား နာေရးသတင္းကိုသာ ၾကား ၾကရေပေတာ့မည္။

ကြၽန္ေတာ္သည္ ဆုံးျဖတ္ခ်က္တစ္ခုကို ခ် မွတ္လိုက္ေတာ့သည္။ သည္မိုးႏွင့္ သည္ေလႏွင့္ သည္လႈိင္းတို႔အၾကားတြင္ စကၠဴေလွငယ္ေလးသ ဖြယ္ အလူးအလွိမ့္ခံေနရေသာ

ဤေမာ္ေတာ္ဘုတ္ ေလးမွာ အခ်ိန္မေ႐ြး တိမ္းေမွာက္သြားႏိုင္သည္။ ေသျခင္းတရားကို ရင္ဆိုင္႐ုံမွ တစ္ပါး တျခားမရွိ။ တစ္ဘဝတြင္ တစ္ခါေတာ့ ေသၾကမည္သာ။ မေသမီ ရတနာသုံးပါးကို ယုံယုံၾကည္ၾကည္ ႏွလုံးသြင္းသြား ရန္သာရွိေတာ့သည္။

ကြၽန္ေတာ္သည္ မ်က္စိကို စုံမွိတ္ကာ သမၺဳေဒၶ ဘုရားရွိခိုးဂါထာေတာ္ႀကီးကို အႀကိမ္ ႀကိမ္႐ြတ္ေနမိေတာ့သည္။ ကြၽန္ေတာ္ ၏ ေၾကာက္ စိတ္သည္ မည္မွ်ႀကီးမားေနသနည္းဆိုေသာ္ ကြၽန္ေတာ္႐ြတ္ေနေသာ

သမၺဳေဒၶဂါထာေတာ္သည္ မဆုံးႏိုင္ ေတာ့ေပ။ အိုးနင္းခြက္နင္း၊ ကေပါက္တိ ကေပါက္ခ်ာ၊ ေျပာင္းတိေျပာင္းျပန္ ျဖစ္လ်က္ရွိ ေခ်ၿပီ။

ကြၽန္ေတာ္သည္ ေသျခင္းတရားကို ရင္ဆိုင္ ရန္ ရဲရဲႀကီး ဆုံးျဖတ္ကာ စိတ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစားရျပန္သည္။ သမၺဳေဒၶဂါထာေတာ္ႀကီးကို အစမွအဆုံး မွန္မွန္ကန္ကန္ျဖစ္ရန္ ႀကိဳးစား၍ ႐ြတ္ ဖတ္ေလသည္။ အႀကိမ္ႀကိမ္အခါခါ ႐ြတ္ဖတ္ခဲ့ေလ ေတာ့သည္။

အံ့ဖြယ္ေကာင္းေလစြ၊ ထိုကဲ့သို႔ ႐ြတ္ဖတ္ၿပီး နာရီဝက္ခန႔္အၾကာတြင္ ႀကဳံေတြ႕ေနရေသာ ေဘး အႏၲရာယ္အေျခအေနသည္ အနည္းငယ္ ေျပာင္း လဲသြားေပသည္။ ဘဂၤလားပင္လယ္ေအာ္ကို

ျဖတ္ ၍ေမာင္းႏွင္ေနေသာ ေမာ္ေတာ္ဘုတ္သည္ ဘဂၤလား ပင္လယ္ေအာ္ကို ေက်ာ္လြန္ၿပီး ေလးၿမိဳ႕ ျမစ္အတြင္း သို႔ ေရာက္ရွိလာေတာ့သည္။ ပင္လယ္ မွာထက္ျမစ္ အတြင္း ခုတ္ေမာင္းရျခင္းက ေမာ္ေတာ္ ဘုတ္ငယ္ အဖို႔ပို၍ အဆင္ေျပလွသည္။

ထို႔ျပင္ ေလးၿမိဳ႕ျမစ္အတြင္း ဝင္လာေသာ အခါ အနီးအနားတြင္ရွိၾကေသာ ဖ႐ုံကာကြၽန္းစု မ်ားသည္ ဘဂၤလားပင္လယ္ ေအာ္မွ တိုက္ခတ္လာ ေသာေလမ်ားကို အလိုအေလ်ာက္ အကာအကြယ္ ေပးလ်က္ရွိေတာ့သည္။

မိုးသက္ေလသည္ လည္း ၿငိမ္သက္စျပဳလာေတာ့သည္။ စက္ေမာင္းသမားႏွင့္ ပဲ့နင္းတို႔၏ မ်က္ႏွာတြင္ စိုးရိမ္သည့္ လကၡဏာ ကို မျမင္ရ ေတာ့။ ခရီးသည္အဘိုးအို အဘြားအိုမ်ား

သည္ပင္ ၿပဳံးရယ္စျပဳလာၾကၿပီျဖစ္သည္။ ထိုအခါ မွပင္ ေသေဘးမွ လြတ္ေျမာက္ ၿပီဟု ကြၽန္ေတာ္လည္း မိမိကိုယ္ကို ဆုံးျဖတ္ခ်က္ခ်လိုက္ေလေတာ့သည္။

ဤအေတြ႕အႀကဳံအား ကြၽန္ေတာ္၏ ဘဝ တြင္ ေမ့ေပ်ာက္၍မရႏိုင္ေသာ အေတြ႕အႀကဳံေလး တစ္ရပ္ပင္ ျဖစ္သည္။ ဝန္ထမ္းဘဝ၏ ဘဝတစ္ေကြ႕ အေတြ႕အႀကဳံေလး တစ္ရပ္ပင္ ျဖစ္ပါေတာ့သည္။

ထို႔ျပင္ပို၍ ေျပာဆိုလိုသည္။ ဝန္ခံလိုသည္ မွာ အျခားမဟုတ္။ ယင္းေန႔(၁၅-၆-၇၇) ရက္မွစ၍ ယေန႔ထက္တိုင္ ကြၽန္ေတာ္ သည္ သမၺဳ ေဒၶအ႒ဝီသၪၥ အစခ်ီဘုရားရွိခိုးဂါထာေတာ္ႀကီးကို ေန႔စဥ္မျပတ္ ယုံယုံၾကည္ၾကည္ ႐ြတ္ဆိုလ်က္ရွိသည္ ဟူေသာ အခ်က္ပင္ျဖစ္ေပသတည္း။

ေမာင္ဉာဏ္စိန္၊ မေနာမယဂမၻီရဂ်ာနယ္

 

Unicode Version ျဖင့္ဖတ္ရန္

 

အသက်ဘေးက လွတ်မြောက်စေတဲ့ သမ္ဗုဒ္ဓေဂါထာတော်အစွမ်း (လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က ဖြစ်ရပ်မှန်)

အချိန်မှာ မွန်းလွဲသုံးနာရီခန့် အချိန်ဖြစ်ပေသည်။

တိတိကျကျဆိုရလျှင် ၁၉၇၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ မွန်းလွဲ သုံးနာရီခန့် အချိန်ဖြစ်ပေသည်။ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် တရားရုံးတွင် ရုံးကိစ္စများ ဆောင် ရွက်ပြီးနောက် ကျွန်တော်သည် မိမိ တာဝန်ထမ်းဆောင်ရာ

ပေါက်တောမြို့သို့ ပြန်ရန် အတွက် ပြည်နယ်တရားရုံးမှ မော်တော်ဘုတ် ဆိပ်ကမ်းရှိရာ ဆပ်ရိုးကျချောင်းဘက်သို့ ဆိုက်ကားဖြင့် လာခဲ့သည်။ လမ်းတွင်ပင် မိုးသည် တဖွဲဖွဲရွာစပြုနေပြီဖြစ်သည်။

ဆပ်ရိုးကျချောင်းရှိ ဘုတ်ဆိပ် (မော်တော်ဘုတ်ဆိပ်ကမ်း)သို့ ရောက်လာသောအခါ မိုးသာမက လေပြင်းတိုက်စပြုလေပြီ။ မိုးဦးလေဦးမို့ မိုးလည်းသည်း၍ လေလည်း ထန်တတ်ပါသည်။ တစ်နာရီ မိုင် ၄၀ နှုန်းဟူသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ်လျက်ရှိသော စစ်တွေမြို့အဖို့ တိုက် ရိုးတိုက်စဉ်ပင်။

ကျွန်တော်သည် မိုးလည်းရွာ၊ လေလည်း တိုက်နေသည့်ကြားမှပင် ပေါက်တောမြို့သို့ ထွက်ခွာမည့် စန်းစန်း ဘုတ်ပေါ်သို့ တက်ရောက်ခဲ့ပါသည်။ စန်း စန်းဘုတ် ဟူသည်မှာ စန်းစန်းဟုခေါ် သော မော်တော်ဘုတ်၏ အမည်ဖြစ် သည်။

စစ်တွေနှင့် ပေါက်တောအကြား နေ့တိုင်းပြေးဆွဲနေသော မော်တော်ဘုတ် ဖြစ်ပါသည်။ မော်တော်ဘုတ်မှာ ပေါက် တောသို့ လိုက်ပါ မည့် ခရီးသည်အပြည့် နှင့် ဖြစ်နေတော့သည်။

စန်းစန်းဘုတ်သည် မိုးလေးတဖွဲ ဖွဲအကြားတွင် ဆပ်ရိုးကျချောင်းအတွင်း စတင်ခုတ်မောင်း လျက်ရှိသည်။ မိနစ် ၂၀ ကြာ သောအခါ ဆပ်ရိုးကျ ချောင်းမှ ထွက်ခွာတော့သည်။

ဆပ်ရိုးကျချောင်း မှထွက်ခွာသည်နှင့် လေးမြို့မြို့ဝနှင့် ဘင်္ဂလား ပင်လယ်အော်ဆုံရာသို့ ရောက် ရှိတော့သည်။ မိုးလည်း သည်းလာ၍ လေတိုက်နှုန်းသည် ပြင်းထန်လာသည်။

ဘင်္ဂလားပင်လယ်အော်ဖြစ်၍ လှိုင်းလေလည်း ကြီးလာပြီး ပတ်ဝန်း ကျင်တစ်ဝိုက် မှာလည်း မိုးသားတိမ်တိုက်များဖြင့် မည်းမှောင်လျက်ရှိတော့သည်။ မနီးမဝေးရှိ ဖရုံကာကျွန်းစုများ (မြေငူကျွန်းများ)ကိုပင်

မမြင်ရတော့။ လေရှင်းတောင် မီးပြတိုက် ဟူသည် မည်သည့်နေရာသို့ ရောက်နေသည်ကို မသိ။ တစ်သက်လုံး ရန်ကုန်တွင် နေထိုင် ကြီးပြင်းခဲ့ရသော ကျွန်တော့်အဖို့ ဘင်္ဂလားပင်လယ်အော်တွင် စန်းစန်းဘုတ်ကို စီးပြီး မုန်တိုင်းနှင့် ကြုံတွေ့နေရချေ ပြီတကား။

စက်ဆရာသည် မော်တော်ဘုတ်ကို မောင်းနှင်နေသော်လည်း မော်တော်ဘုတ် သည် ရွေ့လျားနေသည်ဟု မထင်ရပေ။ မိုးသည်း၍ လေထန်နေသော အခြေအနေတွင် သဘာဝအတိုင်း လှိုင်းက တိုက်ခတ်လာတော့သည်။ မော်တော်ဘုတ်မှာ လှိုင်းဒဏ်၊ လေဒဏ်၊ မိုးဒဏ်တို့အကြား အလူးအလှိမ့်ခံနေရသည်။

လှိုင်းလုံးရောက်လာသောအခါ မော်တော်ဘုတ်ကို မြှောက်၍ ပစ်တင်လိုက်သလို ဖြစ်သွားပြီး လှိုင်းလုံးလွန်သွားသော အခါ မော်တော်ဘုတ်ကို အောက်သို့ပြန်၍ ပစ်ချလိုက်သကဲ့သို့ ဖြစ်ကာ ကျွန်တော့်အဖို့ ရင်ထဲတွင် အေးခနဲ၊ စိမ့်ခနဲ ဖြစ်သွား တော့သည်။

တစ်ခါတစ်ရံ လှေနှစ်ဖက်လုံးမှ တဖြန်းဖြန်းဖြင့် လှိုင်းရိုက်ပုတ်သံသည် သစ်သားဖြင့်ပြုလုပ်ထားသော မော်တော် ဘုတ်အား နှစ်ခြမ်း ကွဲသွားစေတော့ မည် လားဟုတွေးထင်ရသည်။ လှေအလယ်မှ ပေါက်ပြီး ဒယ်အိုးနစ်များ နစ်သွားလေ မည်လား ဟု လည်း စိုးရိမ်နေမိတော့သည်။

ဤကဲ့သို့ မိုးသဲသဲမဲမဲရွာနေစဉ် မော်တော်ဘုတ်၏ တစ်ဖက်တစ်ချက်တွင် ရှိသော မိုးရေကာ ဖျင်များကို လိပ်တင် ထားကြ သည်။ မိုးရေကာဖျင်ကို လိပ်ထား သောကြောင့် လှေနှင့်ခရီးသည်များ

ရေစို သည်ထက် မိုးရေကာဖျင်ကို ချထားပါက တိုက်နေသောလေကို တွန်းထားသလို ဖြစ်ပြီး လေဒဏ်ဖြင့် လှေမှောက်နိုင်သော ကြောင့် ဖြစ်သည်။

ထိုအခါ ခရီးသည်များမှာ မိုးရေ အစိုမခံချင်ကြသဖြင့် လေတိုက်သော ဘက်မှ အခြားတစ်ဖက်သို့ စုပြုံပြီး ရွှေ့ပြောင်း နေရာယူ ကြပြန်သည်။ ထိုအခါ လှေသည် လူများ စုပြုံနေရာယူသည်

ဘက်သို့ စောင်းသွားပြီး မှောက်တော့ မည်ကဲ့သို့ ဖြစ်နေတော့သည်။ ယင်း အခြေအနေမျိုးတွင် တစ်ဖက်မှ လေသည် ပို၍ ပြင်းပြင်းထန်ထန် တိုက်လိုက်မည် ဆိုပါက လှေသည် မုချမှောက်မှာဖြစ် သည်။ ကျွန်တော်အပါအဝင် ခရီးသည် များ၏ ကံကြမ္မာကား မတွေးရဲအောင်ပင်။

ပင်လယ်ကို ကျွမ်းလှအောင် ရခိုင်သား ပဲ့နင်းသည်ပင် မျက်လုံးပြူးလျက် ရှိသည်။ ခရီးသည်များကို ရေစိုခံပြီး လှေ၏ နှစ်ဖက်မျှ၍ နေရာယူကြရန် မြည်တွန် တောက်တီး ပြောဆိုလျက်ရှိသည်။

ငါတော့ မကယ်နိုင်ဘူး ဟုလည်းပြောဆိုလျက် ရှိရာ ရေမကူး တတ်သော ကျွန်တော့်မှာ အသက်ကို မည်သည့်နေရာတွင် ထားရမှန်းပင် မသိတော့ပေ။ ခရီးသည် ရခိုင်သား အဘိုးကြီးတစ်ဦး

ကမူ ပြန်လှည့်ပြန်လှည့် မဖြစ်ပါ မဖြစ်ပါဟု ရခိုင်သံ ဝဲဝဲဖြင့် ပြောဆိုလျက်ရှိသည်။ အမယ်အိုများ၊ အမျိုး သမီးငယ်များကလည်း ဘုရား ဘုရားဖြင့် ဘုရားတ လျက်ရှိကြတော့သည်။

ကျွန်တော်သည် ယခင်က မုန်တိုင်းမိပြီး သင်္ဘောပျက်၍ ခရီးသည်များဒုက္ခ ရောက်ကြရသော အဖြစ်အပျက်၊ ဇာတ်လမ်း များ ကို ဖတ်ခဲ့ဖူးပါသည်။ ယခုတော့ ကိုယ်တွေ့ကြုံရပေပြီ။

သေဘေးကို တွေ့ နေရပေပြီ။ သေရတော့မည်လော၊ နေရဦး မည် လော ဟူသည်မှာ မိနစ်ပိုင်းအတွင်း အဆုံးအဖြတ် ခံယူရပေတော့မည်။

သေဒဏ် စီရင်ချက်အမိန့်အား ဖတ်ကြားနေသည်ကို နားထောင်နေရသော တရားခံ ၏ ဘဝနှင့် ကျွန်တော်၏ ဘဝကား တူလှဘိတော့ သည်။ ဒေသခံတိုင်းရင်းသား ခရီးသည်များ ကိုယ် တိုင်က

ကြောက်စရာဘေးအဖြစ် ထိတ်လန့်ကြောက် ရွံ့နေသော၊ ဘုရားတနေသော အမူအရာများကို ပြသလျက်ရှိရာ ကျွန်တော့်အဖို့ အမှန်တကယ် သေ ရတော့မည့်သူ၊ သေဒဏ်စီရင်ချက် အမိန့်ကို ကိုယ် တိုင်နာခံနေရသူ (တရားခံ) သဖွယ် ခံစားနေရတော့ သည်။

ထိုအခါမှ ကျွန်တော်သည် ဟိုအဝေးတစ် နေရာတွင်ရှိကြသော မိဘနှစ်ပါးကို သတိရလာ သည်။ ရန်ကုန်တွင်ရှိကြသော ဇနီးနှင့် သားသမီး များကိုလည်း သတိရလာသည်။ သေခါနီးမှ မိဘ နှင့်ဇနီး၊

သားသမီးများကို လွမ်းနေမိတော့သည်။ မိဘများကို သတိရခြင်းကား မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးလှ မိနှင့်ဖ တို့ဖြစ်သော ကြောင့်။ ဇနီးနှင့် သားသမီးတို့ကို သတိရလာခြင်

း ကား သံယောဇဉ်တည်းဟူသော အပူမီးကြောင့်။ များများချစ်လေ များများဒုက္ခကြီးမားလေ ဟူသော တရားတော်၏ အဆုံးအမသည် ပြောမယုံ၊ ကြုံ မှသိ ဖြစ်ရချေပြီ။

မိဘကို သတိရလိုက်၊ ဇနီးနှင့် သား သမီးများကို သတိရလိုက်ဖြင့် သေခါနီးဖြစ်သော ကျွန်တော်၏ လှုပ်ရှားနေသော စိတ်တို့သည် ဆောက်တည်ရာမရ ဖြစ်လျက်ရှိချေပြီ။ ကျွန်တော် ၏ လစာကို မျှော်နေကြသော ဇနီးနှင့်သမီး၊ သား တို့သည် လစာအစား နာရေးသတင်းကိုသာ ကြား ကြရပေတော့မည်။

ကျွန်တော်သည် ဆုံးဖြတ်ချက်တစ်ခုကို ချ မှတ်လိုက်တော့သည်။ သည်မိုးနှင့် သည်လေနှင့် သည်လှိုင်းတို့အကြားတွင် စက္ကူလှေငယ်လေးသ ဖွယ် အလူးအလှိမ့်ခံနေရသော

ဤမော်တော်ဘုတ် လေးမှာ အချိန်မရွေး တိမ်းမှောက်သွားနိုင်သည်။ သေခြင်းတရားကို ရင်ဆိုင်ရုံမှ တစ်ပါး တခြားမရှိ။ တစ်ဘဝတွင် တစ်ခါတော့ သေကြမည်သာ။ မသေမီ ရတနာသုံးပါးကို ယုံယုံကြည်ကြည် နှလုံးသွင်းသွား ရန်သာရှိတော့သည်။

ကျွန်တော်သည် မျက်စိကို စုံမှိတ်ကာ သမ္ဗုဒ္ဓေ ဘုရားရှိခိုးဂါထာတော်ကြီးကို အကြိမ် ကြိမ်ရွတ်နေမိတော့သည်။ ကျွန်တော် ၏ ကြောက် စိတ်သည် မည်မျှကြီးမားနေသနည်းဆိုသော် ကျွန်တော်ရွတ်နေသော

သမ္ဗုဒ္ဓေဂါထာတော်သည် မဆုံးနိုင် တော့ပေ။ အိုးနင်းခွက်နင်း၊ ကပေါက်တိ ကပေါက်ချာ၊ ပြောင်းတိပြောင်းပြန် ဖြစ်လျက်ရှိ ချေပြီ။

ကျွန်တော်သည် သေခြင်းတရားကို ရင်ဆိုင် ရန် ရဲရဲကြီး ဆုံးဖြတ်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရပြန်သည်။ သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အစမှအဆုံး မှန်မှန်ကန်ကန်ဖြစ်ရန် ကြိုးစား၍ ရွတ် ဖတ်လေသည်။ အကြိမ်ကြိမ်အခါခါ ရွတ်ဖတ်ခဲ့လေ တော့သည်။

အံ့ဖွယ်ကောင်းလေစွ၊ ထိုကဲ့သို့ ရွတ်ဖတ်ပြီး နာရီဝက်ခန့်အကြာတွင် ကြုံတွေ့နေရသော ဘေး အန္တရာယ်အခြေအနေသည် အနည်းငယ် ပြောင်း လဲသွားပေသည်။ ဘင်္ဂလားပင်လယ်အော်ကို

ဖြတ် ၍မောင်းနှင်နေသော မော်တော်ဘုတ်သည် ဘင်္ဂလား ပင်လယ်အော်ကို ကျော်လွန်ပြီး လေးမြို့ မြစ်အတွင်း သို့ ရောက်ရှိလာတော့သည်။ ပင်လယ် မှာထက်မြစ် အတွင်း ခုတ်မောင်းရခြင်းက မော်တော် ဘုတ်ငယ် အဖို့ပို၍ အဆင်ပြေလှသည်။

ထို့ပြင် လေးမြို့မြစ်အတွင်း ဝင်လာသော အခါ အနီးအနားတွင်ရှိကြသော ဖရုံကာကျွန်းစု များသည် ဘင်္ဂလားပင်လယ် အော်မှ တိုက်ခတ်လာ သောလေများကို အလိုအလျောက် အကာအကွယ် ပေးလျက်ရှိတော့သည်။

မိုးသက်လေသည် လည်း ငြိမ်သက်စပြုလာတော့သည်။ စက်မောင်းသမားနှင့် ပဲ့နင်းတို့၏ မျက်နှာတွင် စိုးရိမ်သည့် လက္ခဏာ ကို မမြင်ရ တော့။ ခရီးသည်အဘိုးအို အဘွားအိုများ

သည်ပင် ပြုံးရယ်စပြုလာကြပြီဖြစ်သည်။ ထိုအခါ မှပင် သေဘေးမှ လွတ်မြောက် ပြီဟု ကျွန်တော်လည်း မိမိကိုယ်ကို ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။

ဤအတွေ့အကြုံအား ကျွန်တော်၏ ဘဝ တွင် မေ့ပျောက်၍မရနိုင်သော အတွေ့အကြုံလေး တစ်ရပ်ပင် ဖြစ်သည်။ ဝန်ထမ်းဘဝ၏ ဘဝတစ်ကွေ့ အတွေ့အကြုံလေး တစ်ရပ်ပင် ဖြစ်ပါတော့သည်။

ထို့ပြင်ပို၍ ပြောဆိုလိုသည်။ ဝန်ခံလိုသည် မှာ အခြားမဟုတ်။ ယင်းနေ့(၁၅-၆-၇၇) ရက်မှစ၍ ယနေ့ထက်တိုင် ကျွန်တော် သည် သမ္ဗု ဒ္ဓေအဋ္ဌဝီသ ဉ္စ အစချီဘုရားရှိခိုးဂါထာတော်ကြီးကို နေ့စဉ်မပြတ် ယုံယုံကြည်ကြည် ရွတ်ဆိုလျက်ရှိသည် ဟူသော အချက်ပင်ဖြစ်ပေသတည်း။

မောင်ဉာဏ်စိန်၊ မနောမယဂမ္ဘီရဂျာနယ်