ေပါင္ၿမိဳ႕နယ္ ဥပေဒ အရာရွိတစ္ဦးရဲ႕ ေနအိမ္ ေဖာက္ထြင္းခံရ

ေပါင္ျမိဳ႕နယ္ ဥပေဒအရာရွိအိမ္ ေဖါက္ထြင္းခံရျပီးဆို္င္ကယ္နွင့္ေသာ့တြဲမ်ားပါဆုံး

ေပါင္ ဇြန္ ၁၂

ေပါင္ျမိဳ႕ေပါင္းရပ္ကြက္လမ္းမတန္း ( ေပါင္ရဲစခန္းနွင့္ ၂ဖာလုံခန္႕အကြာအေဝးေနရာ)၌ ရွိေသာ ေပါင္ျမိဳ႕နယ္ ဥပေဒအရာအရွိ ဦးေက်ာ္စိုးေအာင္ ငွားရမ္းေနထိုင္ေနသည့္အိမ္ ကို ေဖါက္ထြင္းမႈျပဳလုပ္ခံရေျကာင္းသိရသည္

ေပါင္ၿမိဳ႕နယ္ ဥပေဒ အရာရွိတစ္ဦးရဲ႕ ေနအိမ္ ေဖာက္ထြင္းခံရ 1

ဇြန္လ၁၂ ရက္မနက္ ပိုင္း (၁၂နာရီမွ ၃နာရီအတြင္းဟုခန္႕မွန္း) ျခံတံခါး ႏွင့္အိမ္ေရွ႕တံခါးေသာ့မ်ားအား ဖ်က္ကာ ဝင္ေရာက္ျပီး အိမ္ထဲရွိ ဟြန္ဒါ MCX125 အျပာနက္ ဆိုင္ကယ္ ယာဥ္အမွတ္ ၆၅ယ/၃၅၆၁၆ အားခိုးယူသြားျခင္းျဖစ္သည္

ေပါင္ၿမိဳ႕နယ္ ဥပေဒ အရာရွိတစ္ဦးရဲ႕ ေနအိမ္ ေဖာက္ထြင္းခံရ 2

“ညက ၁၂နာရီေလာက္ကမွ အိပ္ျဖစ္တာပါ ျခံတံခါးေသာ့ေရာ အိမ္တံခါးေသာ့ပါ ၂ဆင့္ဖ်က္ျပီးမွ အိပ္ခန္းနား ကဆိုင္ကယ္ကို ယူသြားတဲ႕အေနအထားပါ ရုံးေသာ့နဲ႕အိမ္ေသာ့ေတြအားလုံးအတြဲလိုက္လည္းပါသြားတယ္”ဟု ျမိဳ႕နယ္ ဥပေဒအရာရွိ ဦးေက်ာ္စိုးေအာင္ကေျပာသည္

ေပါင္ၿမိဳ႕နယ္ ဥပေဒ အရာရွိတစ္ဦးရဲ႕ ေနအိမ္ ေဖာက္ထြင္းခံရ 3

ေပါင္ၿမိဳ႕နယ္ ဥပေဒ အရာရွိတစ္ဦးရဲ႕ ေနအိမ္ ေဖာက္ထြင္းခံရ 4

ေပါင္ၿမိဳ႕နယ္ ဥပေဒ အရာရွိတစ္ဦးရဲ႕ ေနအိမ္ ေဖာက္ထြင္းခံရ 5

မနက္၄နာရီတြင္နယ္ထိန္းအဖြဲ႕ႏွင့္ ျမိဳ႕နယ္ရဲတပ္ဖြဲ႕မႈး
တို႕မွ အခင္းျဖစ္အိမ္သို႕ေရာက္ရွိစစ္ေဆးေနသည္ကိုေတြ႔ရျပီး သထုံျမိဳ႕၌ လည္း ပတၲေရာင္လွည့္ေနေသာ ရဲ က ဆိုင္ကယ္၂စီးဖမ္းမိထားေျကာင္းသိရျပီး ယခုအမႈနဲ႕ ဆက္စပ္မႈရွိမရွိကိုေတာ့ စခန္းခ်င္းခ်ိတ္ဆက္ ေန မႈျပဳလုပ္ေနေျကာင္းေတြ႔ရသည္။ ဝရဇိန္ ေပါင္

 

Unicode Version ျဖင့္ဖတ္ရန္

 

ပေါင်မြို့နယ် ဥပဒေအရာရှိအိမ် ဖေါက်ထွင်းခံရပြီးဆို်င်ကယ်နှင့်သော့တွဲများပါဆုံး

ပေါင် ဇွန် ၁၂

ပေါင်မြို့ပေါင်းရပ်ကွက်လမ်းမတန်း ( ပေါင်ရဲစခန်းနှင့် ၂ဖာလုံခန့်အကွာအဝေးနေရာ)၌ ရှိသော ပေါင်မြို့နယ် ဥပဒေအရာအရှိ ဦးကျော်စိုးအောင် ငှားရမ်းနေထိုင်နေသည့်အိမ် ကို ဖေါက်ထွင်းမှုပြုလုပ်ခံရကြောင်းသိရသည်

ဇွန်လ၁၂ ရက်မနက် ပိုင်း (၁၂နာရီမှ ၃နာရီအတွင်းဟုခန့်မှန်း) ခြံတံခါး နှင့်အိမ်ရှေ့တံခါးသော့များအား ဖျက်ကာ ဝင်ရောက်ပြီး အိမ်ထဲရှိ ဟွန်ဒါ MCX125 အပြာနက် ဆိုင်ကယ် ယာဉ်အမှတ် ၆၅ယ/၃၅၆၁၆ အားခိုးယူသွားခြင်းဖြစ်သည်

“ညက ၁၂နာရီလောက်ကမှ အိပ်ဖြစ်တာပါ ခြံတံခါးသော့ရော အိမ်တံခါးသော့ပါ ၂ဆင့်ဖျက်ပြီးမှ အိပ်ခန်းနား ကဆိုင်ကယ်ကို ယူသွားတဲ့အနေအထားပါ ရုံးသော့နဲ့ အိမ်သော့တွေအားလုံးအတွဲလိုက်လည်းပါသွားတယ်” ဟု မြို့နယ် ဥပဒေအရာရှိ ဦးကျော်စိုးအောင်ကပြောသည်

မနက်၄နာရီတွင်နယ်ထိန်းအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့မှုး
တို့မှ အခင်းဖြစ်အိမ်သို့ရောက်ရှိစစ်ဆေးနေသည်ကိုတွေ့ရပြီး သထုံမြို့၌ လည်း ပတ္တရောင်လှည့်နေသော ရဲ က ဆိုင်ကယ်၂စီးဖမ်းမိထားကြောင်းသိရပြီး ယခုအမှုနဲ့ ဆက်စပ်မှုရှိမရှိကိုတော့ စခန်းချင်းချိတ်ဆက် နေမှုပြုလုပ်နေကြောင်းတွေ့ရသည်။ ဝရဇိန် ပေါင်

Be the first to comment

Leave a Reply

Your email address will not be published.


*