အန္ကယ္သိန္းတန္မပါေတာ့ ၿပိဳင္ပြဲကၾကည့္ရတာေတာ့ ဆန္းေနမွာပါဆိုတဲ့ ေက်ာ္ထက္ေအာင္

ျမန္မာႏိုင္ငံရဲ ့နာမည္ႀကီး အစီအစဥ္တခုထဲမွာ ပါဝင္တဲ့ Myanmar Idol ၿပိဳင္ပြဲႀကီးကေတာ့ Season 4 အေနနဲ႔ မၾကာမီအခ်ိန္အတြင္းမွာ စတင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲႀကီးကေတာ့ ႀကီးက်ယ္ခမ္းနားတဲ့ ၿပိဳင္ပြဲႀကီး ျဖစ္သလို ဒီရာသီမွာလည္း ဒိုင္ေတြက ေျပာင္းလဲသြားၿပီး ပရိသတ္ေတြအတြက္ အသစ္အသစ္ေတြ ျဖစ္ေနတာလည္း ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေက်ာ္ထက္ေအာင္ကေတာ့ သူ႔ရဲ႕ အျမင္ကို ေျပာၾကားသြား ခဲ့ပါတယ္။

အန္ကယ္သိန္းတန္မပါေတာ့ ၿပိဳင္ပြဲကၾကည့္ရတာေတာ့ ဆန္းေနမွာပါဆိုတဲ့ ေက်ာ္ထက္ေအာင္ 1

ေက်ာ္ထက္ေအာင္ကေတာ့ Fashion Magazine နဲ႔ အင္တာဗ်ဴးမွာေတာ့ Season သစ္မွာ ဒိုင္အသစ္ေတြ ေျပာင္းသြားတဲ့ အေပၚမွာေတာ့ “ေပ်ာ္ပါတယ္။ ဦးေအာင္ကိုလတ္တို႔ပါလာေတာ့။ ဒါဒါးဆိုလည္း က်ေနာ့္ကို တီဗီဖန္သားျပင္ေပၚစတင္ေပးတဲ့ ဒါ႐ိုက္တာတေယာက္ပါ။ က်ေနာ္ေၾကာ္ျငာစ႐ိုက္ဖူးတာပါ။ အဲ့ေၾကာ္ျငာမွာလည္း မျဖဴနဲ႔ပဲ တြဲ႐ိုက္ရတာပါ။ အဲ့အတြက္ က်ေနာ္တို႔က ေရစက္ပါတယ္လို႔ေတာ့ ေျပာရမွာေပါ့”

Season အသစ္မွာ အန္ကယ္ဦးသိန္းတန္ မပါေတာ့တာဘာေၾကာင့္လဲ ဆိုတဲ့ အေပၚမွာေတာ့ “တမ်ိဳးေလးေတာ့ ၾကည့္ရတာ ဆန္းသြားမွာေပါ့။ အန္ကယ္က အခ်ိန္ေပးရတယ္။ လူႀကီးလည္း ျဖစ္ေနတဲ့ အေလ်ာက္ေပါ့။ ဒီ အဖြဲ႔ႀကီးရဲ ့ေရြးခ်ယ္မႈပါပဲ”

အန္ကယ္မပါေတာ ေက်ာ္ထက္ေအာင္ကို စေနာက္မယ့္သူ မ႐ွိေတာ့ဘူးေပါ့ ဆိုတဲ့ ေမးခြန္းကိုေတာ့ “ဒီႏွစ္ေတာ့ ဒါဒါး(ဦးေအာင္ကိုလတ္) နဲ႔ မျဖဴ စပါလိမ့္မယ္” Season ကအသစ္မွာေရာ ဘာေတြေျပာင္းလဲသြားမွာလဲ ဆိုတဲ့အေပၚ “ပံုစံကေတာ့ ဒီလိုပါပဲ။ က်ေနာ္တို႔အေနနဲ႔ စင္ေပၚမွာ ျဖစ္ေပၚလာတာေတြကို မူတည္ၿပီးေတာ့ ဘာေတြျဖစ္လာမလဲ။ အဲ့ဒါပါပဲ”

Season သစ္မွာ ေၾကာက္ရမယ့္ ဒိုင္ေတြက ဘယ္သူျဖစ္မလဲဆိုေတာ့ “က်ေနာ့္အထင္ေတာ့ ဒါဒါးေပါ့။

အန္ကယ္သိန္းတန္မပါေတာ့ ၿပိဳင္ပြဲကၾကည့္ရတာေတာ့ ဆန္းေနမွာပါဆိုတဲ့ ေက်ာ္ထက္ေအာင္ 2

အန္ကယ္ေနရာမွာ အစားထိုးတာလို္႔ေတာ့ ေျပာလို႔မရပါဘူး။ ဒီအိုင္ေဒါလ္မွာက ဒိုင္ေတြကို အေျပာင္းအလဲလုပ္တာက ပံုစံတခုပါ။ သူတို႔ေတြအတြက္ ထိေတြ႔မႈ အသစ္ေတြျဖစ္လာႏိုင္ပါတယ္။ ကေလးေတြ အတြက္လည္း အေတြ႔အၾကံဳသစ္ေတြပါပဲ။ ၿပိဳင္ပြဲဝင္ေတြကိုလည္း အေကာင္းဆံုး ႀကိဳးစားၾကပါလို႔ ေျပာခ်င္ပါတယ္။ အန္ကယ္ေအာင္ကိုလတ္ကေတာ့ ပညာရပ္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္လာရင္ အရမ္းကို စည္းစနစ္က်တဲ့ ဒိုင္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အရမ္းႀကီး တင္းၾကပ္မယ့္ ဒိုင္မ်ိဳးေတာ့ မဟုတ္ပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

 

Unicode Version ျဖင့္ဖတ္ရန္

 

မြန်မာနိုင်ငံရဲ ့နာမည်ကြီး အစီအစဉ်တခုထဲမှာ ပါဝင်တဲ့ Myanmar Idol ပြိုင်ပွဲကြီးကတော့ Season 4 အနေနဲ့ မကြာမီအချိန်အတွင်းမှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကတော့ ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲကြီး ဖြစ်သလို ဒီရာသီမှာလည်း ဒိုင်တွေက ပြောင်းလဲသွားပြီး ပရိသတ်တွေအတွက် အသစ်အသစ်တွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျော်ထက်အောင်ကတော့ သူ့ရဲ့ အမြင်ကို ပြောကြားသွား ခဲ့ပါတယ်။

ကျော်ထက်အောင်ကတော့ Fashion Magazine နဲ့ အင်တာဗျူးမှာတော့ Season သစ်မှာ ဒိုင်အသစ်တွေ ပြောင်းသွားတဲ့ အပေါ်မှာတော့ “ပျော်ပါတယ်။ ဦးအောင်ကိုလတ်တို့ပါလာတော့။ ဒါဒါးဆိုလည်း ကျနော့်ကို တီဗီဖန်သားပြင်ပေါ်စတင်ပေးတဲ့ ဒါရိုက်တာတယောက်ပါ။ ကျနော်ကြော်ငြာစရိုက်ဖူးတာပါ။ အဲ့ကြော်ငြာမှာလည်း မဖြူနဲ့ပဲ တွဲရိုက်ရတာပါ။ အဲ့အတွက် ကျနော်တို့က ရေစက်ပါတယ်လို့တော့ ပြောရမှာပေါ့”

Season အသစ်မှာ အန်ကယ်ဦးသိန်းတန် မပါတော့တာဘာကြောင့်လဲ ဆိုတဲ့ အပေါ်မှာတော့ “တမျိုးလေးတော့ ကြည့်ရတာ ဆန်းသွားမှာပေါ့။ အန်ကယ်က အချိန်ပေးရတယ်။ လူကြီးလည်း ဖြစ်နေတဲ့ အလျောက်ပေါ့။ ဒီ အဖွဲ့ကြီးရဲ ့ရွေးချယ်မှုပါပဲ”

အန်ကယ်မပါတော ကျော်ထက်အောင်ကို စနောက်မယ့်သူ မရှိတော့ဘူးပေါ့ ဆိုတဲ့ မေးခွန်းကိုတော့ “ဒီနှစ်တော့ ဒါဒါး(ဦးအောင်ကိုလတ်) နဲ့ မဖြူ စပါလိမ့်မယ်” Season ကအသစ်မှာရော ဘာတွေပြောင်းလဲသွားမှာလဲ ဆိုတဲ့အပေါ် “ပုံစံကတော့ ဒီလိုပါပဲ။ ကျနော်တို့အနေနဲ့ စင်ပေါ်မှာ ဖြစ်ပေါ်လာတာတွေကို မူတည်ပြီးတော့ ဘာတွေဖြစ်လာမလဲ။ အဲ့ဒါပါပဲ”

Season သစ်မှာ ကြောက်ရမယ့် ဒိုင်တွေက ဘယ်သူဖြစ်မလဲဆိုတော့ “ကျနော့်အထင်တော့ ဒါဒါးပေါ့။

အန်ကယ်နေရာမှာ အစားထိုးတာလို့်တော့ ပြောလို့မရပါဘူး။ ဒီအိုင်ဒေါလ်မှာက ဒိုင်တွေကို အပြောင်းအလဲလုပ်တာက ပုံစံတခုပါ။ သူတို့တွေအတွက် ထိတွေ့မှု အသစ်တွေဖြစ်လာနိုင်ပါတယ်။ ကလေးတွေ အတွက်လည်း အတွေ့အကြုံသစ်တွေပါပဲ။ ပြိုင်ပွဲဝင်တွေကိုလည်း အကောင်းဆုံး ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ အန်ကယ်အောင်ကိုလတ်ကတော့ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လာရင် အရမ်းကို စည်းစနစ်ကျတဲ့ ဒိုင်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီး တင်းကြပ်မယ့် ဒိုင်မျိုးတော့ မဟုတ်ပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*