ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ….

အမည္ မေဖာ္တတ္ေသာေဝဒနာ …

ဒီေန႔ ဖ်ာပံုေဆးရံုက ဆရာဝန္ ၃ေယာက္ ကားအက္စီးဒင့္ေၾကာင့္ေသတဲ့ သတင္းကို ဖတ္ရင္း ရင္ထဲ တင္းက်ပ္က်ပ္ႀကီး ခံစားမိရတယ္ ။

ဆရာဝန္ေလာကဆိုေတာ့ ကိုယ့္ခ်င္းထဲက မပါပါေစနဲ႔လို႔ ဆုေတာင္းခဲ့ေပမယ့္ မျပည့္ခဲ့ပါဘူး ။

ေသတဲ့ ၃ေယာက္မွာ ၂ေယာက္က ေဆး ၂ က ၊ တစ္ေယာက္က ေဆး ၁ က ။

ထံုစံအတိုင္း သူတို႔ wall ေတြကို ဝင္ၾကည့္မိ္တယ္ ။

ေဆး ၂ က ၂ေယာက္မွာ တစ္ေယာက္က same batch ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 1

ေဝယံမ်ိဳးထက္ ဆိုတဲ့ တစ္ေယာက္ ……

ငယ္ငယ္ထဲက သူငယ္တန္းထဲက ေက်ာင္းတူတူတက္ခဲ့တဲ့ သူငယ္ခ်င္း ။

ဆယ္တန္းေအာင္ေတာ့လည္း အထက ၁ သဃၤန္းကြၽန္းကေန တူတူ ေအာင္ခဲ့ၾကတာ ။

အသားညိဳညိဳ ၊ အရပ္ အေနေတာ္ ၊ လူေကာင္ ညႇက္ညႇက္ ။

အျမဲတမ္း ျပံဳးျပံဳး ျပံဳးျပံဳးနဲ႔ ။ ကိုယ့္ကိုလည္း နာမည္ေျပာင္နဲ႔ စတတ္တယ္ ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 2

ေဘာလံုးလည္း ကန္တယ္ ။ စိတ္ထားလည္းေကာင္းတဲ့ေကာင္ ။

ၿပီးခဲ့တဲ့ ႏွစ္ က MSc ဝင္ခြင့္ ေျဖတုန္းကေတာင္ သူနဲ႔ ဆံုခဲ့ေသးတယ္ ။

မွတ္မွတ္ထင္ထင္ စကားေတြေတာင္ အမ်ားႀကီး ေျပာခဲ့ၾကေသးတာ ။

အစက ေသတဲ့သူအမည္ထဲမွာ သူ႔နာမည္ကို ဖတ္မိေတာ့ နာမည္တူတာေလာက္ပဲ ထင္ေနတာ ။

ေနာက္ေတာ့မွ သူ႔ ေဝါလ္မွာ RIP ေတြ ေတြ႔ေတာ့မွ ေသခ်ာသြားခဲ့တာ ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 3

သူ႔ ပ႐ိုဖိုင္ ပံုက လြန္ခဲ့တဲ့ ၃ႏွစ္ထဲက တင္ထားတဲ့ပံုေလး ။

Cover photo က်ေတာ့ ေစတီတစ္ဆူ တည္နည္း အေၾကာင္း ပံု ။

ေအာ္… မေသခင္ညကေတာ့ သူလည္း ေဖ့ဘုတ္ ထိုင္ၾကည့္ခဲ့မွာပဲ ။

အခု ကြၽန္ေတာ္တို႔ New feed ပြတ္သလို သူလည္း ထိုင္ပြတ္ခဲ့မွာပဲ ။

ေတြးၾကည့္လိုက္ေတာ့ ေသျခင္းတရားကို ကြၽန္ေတာ္ ေတာ္ေတာ္ေလး တုန္လႈပ္သြားခဲ့ရပါတယ္ ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 4

ကြၽန္ေတာ္တို႔ေတာင္ မသိလိုက္ဘဲ ေသျခင္းတရားက ကြၽန္ေတာ္တို႔ေဘးမွာ ေစာင့္ေနတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္ ။

ေနာင္ဘဝက်ရင္လည္း အခုလိုပဲ အျပံဳးခ်ိဳခ်ိဳနဲ႔ ေမြးဖြားလာပါဦး သူငယ္ခ်င္း ။

ဆရာဝန္အျဖစ္နဲ႔ လူနာေတြကို ကုသဖို႔ လူ႔ေလာကကို ျပန္လာခဲ့ပါဦး ။

အခုေတာ့ ခဏတာ အိပ္စက္ပါဦးေတာ့ ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 5

ညဘက္ ဂ်ဴတီေတြ မ႐ွိတဲ့အရပ္ ၊ ဆရာဝန္ေတြကို ဆဲဆို႐ိုင္းျပသူေတြ မ႐ွိတဲ့ အရပ္ ၊ ဆူပူႀကိမ္းေမာင္းတတ္တဲ့ အႀကီးေတြ မ႐ွိတဲ့အရပ္ ၊

လစာ နည္းတာကို ဂ႐ုစိုက္စရာ မလိုတဲ့အရပ္ ၊ စိတ္ဖိစီးမႈေတြ မ႐ွိတဲ့အရပ္၊ အဲ့လိုမ်ိဳးအရပ္မ်ိဳးမွာ အိပ္ေရးဝေအာင္ အိပ္စက္လိုက္ပါဦး ။

ေနာက္တစ္ေယာက္ျဖစ္တဲ့ ပန္ဂ်ာထြယ္ ဆိုတဲ့ တစ္ေယာက္ကေတာ့ ေဆး ၁ က မို႔လို႔ ကြၽန္ေတာ္ မသိပါဘူး ။

ပိန္ပိန္ပါးပါး လွလွပပ မိန္းကေလး တစ္ေယာက္ပါပဲ ။ဗန္းေမာ္က ကခ်င္တိုင္းရင္းသူေလးလို႔ သိရပါတယ္ ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 6

သူ႔ facebook Cover photo ကိုၾကည့္ေတာ့ သူငယ္ခ်င္းေတြနဲ႔ စု႐ိုက္ထားတဲ့ပံုေလးပါ ။ လြန္ခဲ့တဲ့ ၃ႏွစ္ထဲက တင္ခဲ့တာပါ ။

သူ႔သူငယ္ခ်င္း သူ႔မိသားစုဝင္ေတြရဲ႕ ရင္ထဲမွာေတာ့ သူဟာ ထာဝရ ႐ွင္သန္ေနမွာပါ ။

သူ႔ ေဝါလ္မွာ မႏွစ္က birthday wish လုပ္ထားတာ ၾကည့္ေတာ့ ဇူလိုင္ ၁၉ တဲ့ ။

ႏွစ္ေတြ တစ္ႏွစ္ၿပီး တစ္ႏွစ္ ၾကာလာတာနဲ႔အမ်ွ ေပ်ာက္ကြယ္သြားေတာ့မယ့္ သူ႔ေဝါလ္က birthday wishေလးေတြ အေၾကာင္း ေတြးမိေတာ့လည္း ရင္ထဲ ဟာတာတာႀကီး ခံစားရမိပါတယ္ ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 7

ေနာင္ဘဝေတြမွာ ဒီလို အျဖစ္ဆိုးေတြ ေဝးပါေစ ……။

ဆရာဝန္အလုပ္က ကုသိုလ္ရတဲ့ အလုပ္မို႔ ဒီကုသိုလ္ေတြက သူ႔ရဲ႕ တမလြန္ဘဝအတြက္ လံုေလာက္ေနမွာပါ ။

လူ႔အသက္ေတြကို ကယ္တင္ဖို႔အတြက္ လူ႔ဘဝကို တစ္ေက်ာ့ျပန္ လာခဲ့ပါဦး ေဒါက္တာေရ ။

ေနာက္ ေကာင္မေလး တစ္ေယာက္ျဖစ္တဲ့ ေအးျမတ္သူ ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ဂ်ဴနီယာတန္းကပါ ။

သူ႔ခ်စ္သူက ကြၽန္ေတာ္တို႔ same batch ထဲကပဲမို႔ တခါတေလ စံုတြဲပံုေလးေတြ တြဲတင္ရင္ ေတြ႔ဖူးတဲ့ ဂ်ဴနီယာေလးပါ ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 8

ထံုးစံအတိုင္း သူ႔ေဝါလ္ ဝင္ၾကည့္ျဖစ္ေတာ့ သူ႔ေကာင္ေလးကို စထား ေနာက္ထားတဲ့ ပို႔စ္တစ္ခ်ိဳ႕ ေတြ႔ရတယ္ ။

Cover photo ကေနဝင္ခ်ိန္ ျမစ္ကမ္းနံေဘးမွာ ႐ိုက္ထားတဲ့ပံုေလး ။

အဲ့အခ်ိန္ကေတာ့ သူ႔ဘဝ ေနဝင္ခ်ိန္ဟာ ဘယ္အခ်ိန္မွန္း သူ သိႏိုင္ခဲ့ပါ့မလား ။

Profile ပံုကို ၾကည့္ေတာ့ ႏွင္းဆီပန္းစည္းႀကီးကို ေပြ႔ဖက္ နမ္း႐ိႈက္လို႔ ။

အဲ့ ပန္းစည္းက ခ်စ္သူမ်ားေန႔မွာ သူ႔ခ်စ္သူ သူ႔ကို ေပးခဲ့တဲ့ ပန္းစည္းႀကီး ။

ခ်စ္သူမ်ားေန႔က ပို႔စ္မွာ သူေရးခဲ့တာက ၃ႏွစ္တာ ရန္ျဖစ္ၿပီးခ်ိန္မွာ I received the very first ( and may be the last) boutique ဆိုၿပီး ေရးခဲ့တာပါ ။

May be the last ကို ေသေသခ်ာခ်ာ ကြင္းခတ္ ေရးခဲ့တာကို ၾကည့္ရင္း စိတ္ထဲ နိမိတ္ဆိုတာႀကီးကို မယံုဘူးလို႔ ျငင္းေနခဲ့မိပါတယ္ ။

ဒီေန႔ သူ႔ခ်စ္သူ တင္လိုက္တဲ့ ပို႔စ္ကလည္း ရင္နင့္ စရာပါ ။

အခ်စ္ရယ္… ဘုရား႐ွင္ ရင္ခြင္ကို အရင္သြားပါေတာ့တဲ့ ။

႐ွင္ကြဲမွာ ျပန္ဆံုဖို႔ ေမ်ွာ္လင့္ခ်က္ ႐ွိေသးေပမယ့္ ေသကြဲမွာေတာ့ ျပန္ဆံုဖို္႔ မ႐ွိေတာ့ပါဘူး ။

ေသမင္းဟာ သူေခၚသြားၿပီးတဲ့ လူေတြကို ျပန္ပို႔႐ိုးထံုးစံ မ႐ွိပါဘူး ။

ဖ်ာပံုေဆးရံုက ကားအက္စီးဒင့္ေၾကာင့္ေသသြားတဲ့ ရင္နာစရာ ဆရာဝန္ သူတို႕၃ေယာက္အေၾကာင္းေလးေတြ…. 9

သံသရာမွာ ထပ္ဆံုခဲ့ၾကရင္ ဒီလိုကံတရားမ်ိဳး ေဝးၿပီး ႐ိုးေျမက် ေပါင္းဖက္ရေသာ ကံတရားမ်ိဳးနဲ႔သာ ဆံုစည္းႏိုင္ဖို႔ ဆုေတာင္းေပးလိုက္ရပါေတာ့တယ္ ။

ယေန႔ ေကာင္းရာဘံုဘဝ ကူးေျပာင္းသြားၾကေသာ ဆရာဝန္မ်ားအား မိသားစုႏွင့္အတူ ဝမ္းနည္းမိပါသည္ ။

ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ၾကပါေစ ……။ Derick Min Htet Naing /Htet Aung

 

Unicode Version ျဖင့္ဖတ္ရန္

 

အမည် မဖော်တတ်သောဝေဒနာ …

ဒီနေ့ ဖျာပုံဆေးရုံက ဆရာဝန် ၃ယောက် ကားအက်စီးဒင့်ကြောင့်သေတဲ့ သတင်းကို ဖတ်ရင်း ရင်ထဲ တင်းကျပ်ကျပ်ကြီး ခံစားမိရတယ် ။

ဆရာဝန်လောကဆိုတော့ ကိုယ့်ချင်းထဲက မပါပါစေနဲ့လို့ ဆုတောင်းခဲ့ပေမယ့် မပြည့်ခဲ့ပါဘူး ။

သေတဲ့ ၃ယောက်မှာ ၂ယောက်က ဆေး ၂ က ၊ တစ်ယောက်က ဆေး ၁ က ။

ထုံစံအတိုင်း သူတို့ wall တွေကို ဝင်ကြည့်မိ်တယ် ။

ဆေး ၂ က ၂ယောက်မှာ တစ်ယောက်က same batch ။

ဝေယံမျိုးထက် ဆိုတဲ့ တစ်ယောက် ……

ငယ်ငယ်ထဲက သူငယ်တန်းထဲက ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်း ။

ဆယ်တန်းအောင်တော့လည်း အထက ၁ သင်္ဃန်းကျွန်းကနေ တူတူ အောင်ခဲ့ကြတာ ။

အသားညိုညို ၊ အရပ် အနေတော် ၊ လူကောင် ညှက်ညှက် ။

အမြဲတမ်း ပြုံးပြံုး ပြံုးပြံုးနဲ့ ။ ကိုယ့်ကိုလည်း နာမည်ပြောင်နဲ့ စတတ်တယ် ။

ဘောလုံးလည်း ကန်တယ် ။ စိတ်ထားလည်းကောင်းတဲ့ကောင် ။

ပြီးခဲ့တဲ့ နှစ် က MSc ဝင်ခွင့် ဖြေတုန်းကတောင် သူနဲ့ ဆုံခဲ့သေးတယ် ။

မှတ်မှတ်ထင်ထင် စကားတွေတောင် အများကြီး ပြောခဲ့ကြသေးတာ ။

အစက သေတဲ့သူအမည်ထဲမှာ သူ့နာမည်ကို ဖတ်မိတော့ နာမည်တူတာလောက်ပဲ ထင်နေတာ ။

နောက်တော့မှ သူ့ ဝေါလ်မှာ RIP တွေ တွေ့တော့မှ သေချာသွားခဲ့တာ ။

သူ့ ပရိုဖိုင် ပုံက လွန်ခဲ့တဲ့ ၃နှစ်ထဲက တင်ထားတဲ့ပုံလေး ။

Cover photo ကျတော့ စေတီတစ်ဆူ တည်နည်း အကြောင်း ပုံ ။

အော်… မသေခင်ညကတော့ သူလည်း ဖေ့ဘုတ် ထိုင်ကြည့်ခဲ့မှာပဲ ။

အခု ကျွန်တော်တို့ New feed ပွတ်သလို သူလည်း ထိုင်ပွတ်ခဲ့မှာပဲ ။

တွေးကြည့်လိုက်တော့ သေခြင်းတရားကို ကျွန်တော် တော်တော်လေး တုန်လှုပ်သွားခဲ့ရပါတယ် ။

ကျွန်တော်တို့တောင် မသိလိုက်ဘဲ သေခြင်းတရားက ကျွန်တော်တို့ဘေးမှာ စောင့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။

နောင်ဘဝကျရင်လည်း အခုလိုပဲ အပြံုးချိုချိုနဲ့ မွေးဖွားလာပါဦး သူငယ်ချင်း ။

ဆရာဝန်အဖြစ်နဲ့ လူနာတွေကို ကုသဖို့ လူ့လောကကို ပြန်လာခဲ့ပါဦး ။

အခုတော့ ခဏတာ အိပ်စက်ပါဦးတော့ ။

ညဘက် ဂျူတီတွေ မရှိတဲ့အရပ် ၊ ဆရာဝန်တွေကို ဆဲဆိုရိုင်းပြသူတွေ မရှိတဲ့ အရပ် ၊ ဆူပူကြိမ်းမောင်းတတ်တဲ့ အကြီးတွေ မရှိတဲ့အရပ် ၊

လစာ နည်းတာကို ဂရုစိုက်စရာ မလိုတဲ့အရပ် ၊ စိတ်ဖိစီးမှုတွေ မရှိတဲ့အရပ်၊ အဲ့လိုမျိုးအရပ်မျိုးမှာ အိပ်ရေးဝအောင် အိပ်စက်လိုက်ပါဦး ။

နောက်တစ်ယောက်ဖြစ်တဲ့ ပန်ဂျာထွယ် ဆိုတဲ့ တစ်ယောက်ကတော့ ဆေး ၁ က မို့လို့ ကျွန်တော် မသိပါဘူး ။

ပိန်ပိန်ပါးပါး လှလှပပ မိန်းကလေး တစ်ယောက်ပါပဲ ။ဗန်းမော်က ကချင်တိုင်းရင်းသူလေးလို့ သိရပါတယ် ။

သူ့ facebook Cover photo ကိုကြည့်တော့ သူငယ်ချင်းတွေနဲ့ စုရိုက်ထားတဲ့ပုံလေးပါ ။ လွန်ခဲ့တဲ့ ၃နှစ်ထဲက တင်ခဲ့တာပါ ။

သူ့သူငယ်ချင်း သူ့မိသားစုဝင်တွေရဲ့ ရင်ထဲမှာတော့ သူဟာ ထာဝရ ရှင်သန်နေမှာပါ ။

သူ့ ဝေါလ်မှာ မနှစ်က birthday wish လုပ်ထားတာ ကြည့်တော့ ဇူလိုင် ၁၉ တဲ့ ။

နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားတော့မယ့် သူ့ဝေါလ်က birthday wishလေးတွေ အကြောင်း တွေးမိတော့လည်း ရင်ထဲ ဟာတာတာကြီး ခံစားရမိပါတယ် ။

နောင်ဘဝတွေမှာ ဒီလို အဖြစ်ဆိုးတွေ ဝေးပါစေ ……။

ဆရာဝန်အလုပ်က ကုသိုလ်ရတဲ့ အလုပ်မို့ ဒီကုသိုလ်တွေက သူ့ရဲ့ တမလွန်ဘဝအတွက် လုံလောက်နေမှာပါ ။

လူ့အသက်တွေကို ကယ်တင်ဖို့အတွက် လူ့ဘဝကို တစ်ကျော့ပြန် လာခဲ့ပါဦး ဒေါက်တာရေ ။

နောက် ကောင်မလေး တစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဂျူနီယာတန်းကပါ ။

သူ့ချစ်သူက ကျွန်တော်တို့ same batch ထဲကပဲမို့ တခါတလေ စုံတွဲပုံလေးတွေ တွဲတင်ရင် တွေ့ဖူးတဲ့ ဂျူနီယာလေးပါ ။

ထုံးစံအတိုင်း သူ့ဝေါလ် ဝင်ကြည့်ဖြစ်တော့ သူ့ကောင်လေးကို စထား နောက်ထားတဲ့ ပို့စ်တစ်ချို့ တွေ့ရတယ် ။

Cover photo ကနေဝင်ချိန် မြစ်ကမ်းနံဘေးမှာ ရိုက်ထားတဲ့ပုံလေး ။

အဲ့အချိန်ကတော့ သူ့ဘဝ နေဝင်ချိန်ဟာ ဘယ်အချိန်မှန်း သူ သိနိုင်ခဲ့ပါ့မလား ။

Profile ပုံကို ကြည့်တော့ နှင်းဆီပန်းစည်းကြီးကို ပွေ့ဖက် နမ်းရှိုက်လို့ ။

အဲ့ ပန်းစည်းက ချစ်သူများနေ့မှာ သူ့ချစ်သူ သူ့ကို ပေးခဲ့တဲ့ ပန်းစည်းကြီး ။

ချစ်သူများနေ့က ပို့စ်မှာ သူရေးခဲ့တာက ၃နှစ်တာ ရန်ဖြစ်ပြီးချိန်မှာ I received the very first ( and may be the last) boutique ဆိုပြီး ရေးခဲ့တာပါ ။

May be the last ကို သေသေချာချာ ကွင်းခတ် ရေးခဲ့တာကို ကြည့်ရင်း စိတ်ထဲ နိမိတ်ဆိုတာကြီးကို မယုံဘူးလို့ ငြင်းနေခဲ့မိပါတယ် ။

ဒီနေ့ သူ့ချစ်သူ တင်လိုက်တဲ့ ပို့စ်ကလည်း ရင်နင့် စရာပါ ။

အချစ်ရယ်… ဘုရားရှင် ရင်ခွင်ကို အရင်သွားပါတော့တဲ့ ။

ရှင်ကွဲမှာ ပြန်ဆုံဖို့ မျှော်လင့်ချက် ရှိသေးပေမယ့် သေကွဲမှာတော့ ပြန်ဆုံဖို့် မရှိတော့ပါဘူး ။

သေမင်းဟာ သူခေါ်သွားပြီးတဲ့ လူတွေကို ပြန်ပို့ရိုးထုံးစံ မရှိပါဘူး ။

သံသရာမှာ ထပ်ဆုံခဲ့ကြရင် ဒီလိုကံတရားမျိုး ဝေးပြီး ရိုးမြေကျ ပေါင်းဖက်ရသော ကံတရားမျိုးနဲ့သာ ဆုံစည်းနိုင်ဖို့ ဆုတောင်းပေးလိုက်ရပါတော့တယ် ။

ယနေ့ ကောင်းရာဘုံဘဝ ကူးပြောင်းသွားကြသော ဆရာဝန်များအား မိသားစုနှင့်အတူ ဝမ်းနည်းမိပါသည် ။

ငြိမ်းချမ်းစွာ အနားယူနိုင်ကြပါစေ ……။ Derick Min Htet Naing /Htet Aung