ျကံ့ခုိင္ေရးပါတီသည္အာဏာရျပန္ရပါက မယ္ေခြ၏ “လက္ေဆာင္”ကဗ်ာကုိ ျပန္လည္ျပ႒ာန္းေပးမည္ဟုဆို

ၾကံ့ခုိင္ေရးပါတီသည္အာဏာရျပန္ရပါက မယ္ေခြ၏ “လက္ေဆာင္”ကဗ်ာကုိ ျပန္လည္ျပ႒ာန္းေပးမည္ဟုဆို

အ႒မတန္း ျမန္မာစာ သင္႐ုိးညႊန္းတမ္းကေနဖယ္ရွားခဲ့တဲ့ မယ္ေခြရဲ႕ လက္ေဆာင္ကဗ်ာ ကို အာဏာရခ်ိန္မွာ ျပန္လည္ ျပ႒ာန္းေပးမယ္လု႔ိ ျပည္ေထာင္စုႀကံ႔ခုိင္ေရးနဲ႔ ဖြံ႔ၿဖဳိးတုိးတက္ေရးပါတီက ကတိေပး ေျပာၾကားလိုက္ပါတယ္။ၾက့ံခိုင္ေရး ပါတီဥကၠ႒ ဦးသန္းေဌးကျပန္ၿပီး ျပင္ျခင္းမျပင္ျခင္းသည္ လုပ္ပုိင္ခြင့္ရွိေသာ ပုဂၢဳိလ္မ်ားရဲ႕ အေၾကာင္းအရာသာ ျဖစ္ေတာ့တယ္။ သူတုိ႔ လုပ္သည္ျဖစ္ေစ၊ မလုပ္သည္ျဖစ္ေစ ေနာက္ထပ္ မသိခ်င္ေယာင္ေဆာင္ၿပီး ေနာက္တႏွစ္ ထပ္ဆြဲၿပီးေတာ႔ ဒီထဲကေန ဖယ္ထားသည္ျဖစ္ေစ က်ေနာ္တုိ႔ ကာလက်ရင္ ျပန္ၿပီးေတာ့ ျပ႒ာန္းေပးမယ့္ကိစၥျဖစ္တယ္လုိ႔ ကတိေပးပါတယ္ဗ်ာ”လုိ႔ ေျပာပါတယ္။

လက္ေဆာင္ကဗ်ာကုိ လူတဦးတေယာက္ရဲ႕ စိတ္ကူးနဲ႔ တင္ျပမႈကုိ လြယ္လြယ္ကူကူ သင္ရုိးညႊန္းတမ္းကေန ဖ်က္ခဲ့တာျဖစ္တဲ့အတြက္ အစုိးရအေနနဲ႔ တာ၀န္ယူေျဖရွင္းရမယ္႔ အခ်က္ျဖစ္တယ္လုိ႔လည္း ဆုိပါတယ္။ႀကံ႔ခုိင္ေရးပါတီရဲ႕ ဥကၠ႒က ဇြန္လ ၁၁ ရက္က ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမဳိ႕နယ္မွာ က်င္းပတဲ့ လူထုေတြ႔ဆုံပြဲနဲ႔ ေလေဘးသင့္ျပည္သူေတြကုိ ေထာက္ပံ့တဲ့ အခမ္းအနားအၿပီးမွာ ေျဖၾကားခဲ့တာပါ။ DVB News

 

Unicode Version ျဖင့္ဖတ္ရန္

 

ကြံ့ခိုင်ရေးပါတီသည်အာဏာရပြန်ရပါက မယ်ခွေ၏ “လက်ဆောင်”ကဗျာကို ပြန်လည်ပြဋ္ဌာန်းပေးမည်ဟုဆို

အဋ္ဌမတန်း မြန်မာစာ သင်ရိုးညွှန်းတမ်းကနေဖယ်ရှားခဲ့တဲ့ မယ်ခွေရဲ့ လက်ဆောင်ကဗျာ ကို အာဏာရချိန်မှာ ပြန်လည် ပြဋ္ဌာန်းပေးမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကတိပေး ပြောကြားလိုက်ပါတယ်။ကြ့ံခိုင်ရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြန်ပြီး ပြင်ခြင်းမပြင်ခြင်းသည် လုပ်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်များရဲ့ အကြောင်းအရာသာ ဖြစ်တော့တယ်။ သူတို့ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ နောက်ထပ် မသိချင်ယောင်ဆောင်ပြီး နောက်တနှစ် ထပ်ဆွဲပြီးတော့ ဒီထဲကနေ ဖယ်ထားသည်ဖြစ်စေ ကျနော်တို့ ကာလကျရင် ပြန်ပြီးတော့ ပြဋ္ဌာန်းပေးမယ့်ကိစ္စဖြစ်တယ်လို့ ကတိပေးပါတယ်ဗျာ”လို့ ပြောပါတယ်။

လက်ဆောင်ကဗျာကို လူတဦးတယောက်ရဲ့ စိတ်ကူးနဲ့ တင်ပြမှုကို လွယ်လွယ်ကူကူ သင်ရိုးညွှန်းတမ်းကနေ ဖျက်ခဲ့တာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းရမယ့် အချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌက ဇွန်လ ၁၁ ရက်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲနဲ့ လေဘေးသင့်ပြည်သူတွေကို ထောက်ပံ့တဲ့ အခမ်းအနားအပြီးမှာ ဖြေကြားခဲ့တာပါ။ DVB News

Be the first to comment

Leave a Reply

Your email address will not be published.


*