ေလယာဥ္မေတာ္တဆမႈ ျဖစ္ရပ္ကို ႐ုပ္႐ွင္႐ိုက္မယ္ဆို ခြင့္ျပဳပါတယ္ဆိုတဲ့ ေလယာဥ္မွဴး ဦးျမတ္မိုးေအာင္

ျပီးခဲ့ဲတ့ဲ လပိုင္းတုန္းက ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္းက ခရီးသည္တင္ ေလယာဥ္ ေျမျပင္ေပၚဆင္းသက္မယ့္အခ်ိန္မွာ စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ေ႐ွ႕ဘီးမက်ပဲ အခက္ခဲေတြ ျဖစ္ခဲ့ရပါတယ္။ ဒီလိုအခက္ခဲေတြၾကားထဲမွာမွ ေလယာဥ္မွဴး ဦးျမတ္မိုးေအာင္ ဦးေဆာင္တဲ့ အဖြဲ႔ကေတာ့ နည္းလမ္းမ်ိဳးစံုသံုးႁပီး ခရီးသည္ေတြ ေဘးကင္းေအာင္ ေျမျပင္ေပၚကို ဆင္းသက္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဦးျမတ္မိုးေအာင္နဲ႔ အဖြဲ႔သားေတြကိုေတာ့ ဂုဏ္ျပဳဆုေတြ မ်ားစြာ ခ်ီးျမင့္ခဲ့ၿပီး ဒီအျဖစ္အပ်က္ကိုလည္း ႐ုပ္႐ွင္႐ိုက္ဖို႔ ေတြ႐ွိေၾကာင္းကို ဦးမိုးျမတ္ေအာင္ကေတာ့ ေျပာၾကားလာခဲ့ပါတယ္။

ေလယာဥ္မေတာ္တဆမႈ ျဖစ္ရပ္ကို ႐ုပ္႐ွင္႐ိုက္မယ္ဆို ခြင့္ျပဳပါတယ္ဆိုတဲ့ ေလယာဥ္မွဴး ဦးျမတ္မိုးေအာင္ 1

ျမန္မာ့ ေလေၾကာင္းလိုင္း ေလယာဥ္မွဴး ဦးျမတ္မိုးေအာင္ကေတာ့ 8 day နဲ႔ အင္တာဗ်ဴးမွာေတာ့ “က်ေနာ္တို႔ အရမ္းဝမ္းသာပါတယ္။ က်ေနာ္တို႔ကလည္း ဒီသင္တန္းဆင္း ျဖစ္ၿပီး က်ေနာ္တို႔ အဖြဲ႔တခုလံုးကို ဒီလိုမ်ိဳး ဂုဏ္ျပဳဆုခ်ီးျမင့္ေပးတာေၾကာင့္ေပါ့ေနာ္။ အရမ္းပဲ ဝမ္းသာပီတိျဖစ္မိပါတယ္”

ေလယာဥ္မေတာ္တဆမႈ ျဖစ္ရပ္ကို ႐ုပ္႐ွင္႐ိုက္မယ္ဆို ခြင့္ျပဳပါတယ္ဆိုတဲ့ ေလယာဥ္မွဴး ဦးျမတ္မိုးေအာင္ 2

Pilot လုပ္ဖို႔ စိတ္ဝင္စားတဲ့သူေတြအတြက္ ေျပာခ်င္တာနဲ႔ ပတ္သက္ၿပီး “အခုခ်ိန္ကတည္းကေတာ့ ႀကိဳတင္ျပင္ဆင္ထားေစခ်င္ပါတယ္။ ဒါေပမယ့္လည္း လက္႐ွိမွာကေတာ့ Pilot လုပ္ဖို႔ အခြင့္အလမ္းက နည္းနည္းေလး နည္းေနေသးတာေပါ့ေနာ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ေလေၾကာင္းလိုင္းေတြက မ်ားလာမွာပဲေလ။ ၿပီးေတာ့ ေနာက္ပိုင္းတိုင္းျပည္ႀကီး တိုးတက္လာရင္ ေလေၾကာင္းလိုင္းေတြ ဖြံ႔ၿဖိဳးတိုးတက္လာရင္ အခြင့္အလမ္းေတြအမ်ားႀကီး ႐ွိလာမွာမို႔ ညျပင္ဆင္ထားတာ ေကာင္းပါတယ္”

ေလယာဥ္မေတာ္တဆမႈ ျဖစ္ရပ္ကို ႐ုပ္႐ွင္႐ိုက္မယ္ဆို ခြင့္ျပဳပါတယ္ဆိုတဲ့ ေလယာဥ္မွဴး ဦးျမတ္မိုးေအာင္ 3

ဒီျဖစ္စဥ္ကို ႐ုပ္႐ွင္႐ိုက္မယ္ဆိုတဲ့ အေပၚမွာေတာ့ “ဒီျဖစ္စဥ္ကို ႐ုပ္႐ွင္႐ိုက္မယ္ဆိုရင္ေတာ့ က်ေနာ္ကေတာ့ ခြင့္ျပဳပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီျဖစ္ရပ္ေၾကာင့္ က်ေနာ္တို႔ ျမန္မာဆုိတာကုိ ကမာၻကလည္း သိသြားတယ္ေလ။ အဲ့ေၾကာင့္ ဒီလိုမ်ိဳး ႐ုပ္႐ွင္ေတြ ႐ိုက္တယ္ဆိုေတာ့လည္း ပိုေကာင္းတာေပါ့ေနာ္။ က်ေနာ္တို႔ Myanmar National AirLine အတြက္လည္း ပိုၿပီးေတာ့ ေကာင္းတာေပါ့။ ေလာေလာဆယ္ေတာ့ Airline အေနနဲ႔ ဗီဒီယိုေတြာ႐ိုက္ဖို႔ မ႐ွိေသးဘူးဗ်ာ။ Music Video ေတာ့ ႐ိုက္ဖို႔ ႐ွိတယ္လို႔ ေျပာတယ္။ အတိအက်ေတာ့ မသိေသးပါဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

 

Unicode Version ျဖင့္ဖတ္ရန္

 

ပြီးခဲဲ့တဲ့ လပိုင်းတုန်းက မြန်မာ့အမျိုးသားလေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ် မြေပြင်ပေါ်ဆင်းသက်မယ့်အချိန်မှာ စက်ချို့ယွင်းမှုကြောင့် ရှေ့ဘီးမကျပဲ အခက်ခဲတွေ ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခက်ခဲတွေကြားထဲမှာမှ လေယာဉ်မှူး ဦးမြတ်မိုးအောင် ဦးဆောင်တဲ့ အဖွဲ့ကတော့ နည်းလမ်းမျိုးစုံသုံးပြီး ခရီးသည်တွေ ဘေးကင်းအောင် မြေပြင်ပေါ်ကို ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဦးမြတ်မိုးအောင်နဲ့ အဖွဲ့သားတွေကိုတော့ ဂုဏ်ပြုဆုတွေ များစွာ ချီးမြင့်ခဲ့ပြီး ဒီအဖြစ်အပျက်ကိုလည်း ရုပ်ရှင်ရိုက်ဖို့ တွေရှိကြောင်းကို ဦးမိုးမြတ်အောင်ကတော့ ပြောကြားလာခဲ့ပါတယ်။

မြန်မာ့ လေကြောင်းလိုင်း လေယာဉ်မှူး ဦးမြတ်မိုးအောင်ကတော့ 8 day နဲ့ အင်တာဗျူးမှာတော့ “ကျနော်တို့ အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ကလည်း ဒီသင်တန်းဆင်း ဖြစ်ပြီး ကျနော်တို့ အဖွဲ့တခုလုံးကို ဒီလိုမျိုး ဂုဏ်ပြုဆုချီးမြင့်ပေးတာကြောင့်ပေါ့နော်။ အရမ်းပဲ ဝမ်းသာပီတိဖြစ်မိပါတယ်”

Pilot လုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် ပြောချင်တာနဲ့ ပတ်သက်ပြီး “အခုချိန်ကတည်းကတော့ ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာကတော့ Pilot လုပ်ဖို့ အခွင့်အလမ်းက နည်းနည်းလေး နည်းနေသေးတာပေါ့နော်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ လေကြောင်းလိုင်းတွေက များလာမှာပဲလေ။ ပြီးတော့ နောက်ပိုင်းတိုင်းပြည်ကြီး တိုးတက်လာရင် လေကြောင်းလိုင်းတွေ ဖွံ့ဖြိုးတိုးတက်လာရင် အခွင့်အလမ်းတွေအများကြီး ရှိလာမှာမို့ ညပြင်ဆင်ထားတာ ကောင်းပါတယ်”

ဒီဖြစ်စဉ်ကို ရုပ်ရှင်ရိုက်မယ်ဆိုတဲ့ အပေါ်မှာတော့ “ဒီဖြစ်စဉ်ကို ရုပ်ရှင်ရိုက်မယ်ဆိုရင်တော့ ကျနော်ကတော့ ခွင့်ပြုပါတယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်ရပ်ကြောင့် ကျနော်တို့ မြန်မာဆိုတာကို ကမ္ဘာကလည်း သိသွားတယ်လေ။ အဲ့ကြောင့် ဒီလိုမျိုး ရုပ်ရှင်တွေ ရိုက်တယ်ဆိုတော့လည်း ပိုကောင်းတာပေါ့နော်။ ကျနော်တို့ Myanmar National AirLine အတွက်လည်း ပိုပြီးတော့ ကောင်းတာပေါ့။ လောလောဆယ်တော့ Airline အနေနဲ့ ဗီဒီယိုတွောရိုက်ဖို့ မရှိသေးဘူးဗျာ။ Music Video တော့ ရိုက်ဖို့ ရှိတယ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*